အသင်းကြီးတွေကိုဖြိုလာတဲ့ အေဂျက်ဇ်အသင်း စပါးကို ဆက်ဖြိုမလား

အသင်းကြီးတွေကိုဖြိုလာတဲ့ အေဂျက်ဇ်အသင်း စပါးကို ဆက်ဖြိုမလား

ယနေ့ည ၁ နာရီခွဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အင်္ဂလန်အသင်း တော့တင် ဟမ်စပါးအသင်းနဲ့ ဟော်လန်အသင်း အေဂျက်ဇ်တို့ ပထမအကျော့အဖြစ် စပါးကွင်းမှာ ကစားကြမှာပါ။

ဘောလုံးပရိတ်သတ်တွေ စိတ်ဝင်စားတဲ့ အေဂျက်ဇ်အသင်းနဲ့ စပါးအသင်းတွေဆုံမှုဖြစ်လို့ ပွဲကကြည့် ကောင်းမှာ သေချာပါတယ်။အထူးသဖြင့် အဝေးကွင်းလာကစားရတဲ့ အေဂျက်ဇ်အသင်းခြေစွမ်းက အဝေးကွင်း မှာ ပိုထက်နေတဲ့ အတွက် တိုက်စစ်မှူးပြဿနာရှိနေတဲ့ စပါးအသင်းက အေဂျက်ဇ်နဲ့ အပြိုင် ဂိုးအပြန်အ လှန် သွင်းပြီး တိုက်စစ်စွမ်းရည်ပြဖို့ထက် သရေရအောင် ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်ကစားဖို့ သေချာနေပါတယ်။

စပါးရဲ့ ဒီရာသီအိမ်ကွင်းရလဒ်တွေကို ပရီးမီးယားလိဂ်မှာ ပြန်ကြည့်မယ်ဆိုရင် ယခုရာသီအိမ်ကွင်း ၁၈ ပွဲ ကစားခဲ့ရာမှာ ၁၂ ပွဲနိုင် ၁ ပွဲသရေ၊၅ ပွဲရှုံးထားပါတယ်။၃၂ဂိုးသွင်းပြီး ၁၄ ဂိုးပြန်ပေးထားရတဲ့ စပါးနောက်တန်း က ပရီမီးယားလိဂ်အသင်း ၂၀ ထဲမှာ တတိယအကောင်းဆုံးနောက် တန်းပါဘဲ။ ချန်ပီယံလိဂ် ပွဲစဉ်တစ်လျှောက် စပါးအသင်းရဲ့ အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်ရင် ၄ ပွဲမှာဘာစီလိုနာအသင်းကို ၂-၄ နဲ့ရှုံးခဲ့ပြီး ဒေါ့ မွန်၊ အင် တာ ၊ PSV အသင်းတွေကိုအနိုင်ရခဲ့ပါတယ်။ PSV ဆိုတာ ဟော်လန်အဆင်မြင့်တန်းလိဂ်မှာ အေဂျက်နဲ့ အမှတ် တူ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသင်းပါ။ ၁၆ သင်းအဆင့်မှာ ဒေါ့မွန်ကို အိမ်ကွင်းမှာ သုံးဂိုးပြတ်နိုင်ပြီးစ ကွာတားဖိုင်နယ်မှာ မန်စီးတီးကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ နိုင်လာပြီး ဒီအဆင့်ကိုတက်လာတဲ့ အသင်းပါ။

ဟော်လန်ကလပ် အေဂျက်ရဲ့ အဝေးကွင်း ရာဇဝင်ကို ပြန်ကြည့်မယ်ဆိုရင်ဟော်လန်လိဂ်မှာ အဝေးကွင်း၁၆ ပွဲကစားရာမှာ ၁၂ ပွဲနိုင် ၄ ပွဲရှုံးခဲ့ပါတယ်။ ၄၅ ဂိုးသွင်းပြီး ၁၈ ဂိုးပြန်ပေးထားရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ အဝေးကွင်းသွင်းဂိုးထက် သာပါတယ်။ ချန်ပီယံလိဂ်ကိုပြန်ကြည့်မယ်ဆိုရင် အုပ်စုအဆင့် အဝေးကွင်း ၄ ပွဲမှာ ဘိုင်ယန်ကို ၁-၁ ၊ဘင်ဖီကာကို ၁-၁၊AEKအေသင်ကို ဝ-၂ နဲ့နိုင်ပြီး  ၁၆ သင်းအဆင့်မှာ ရီးရဲလ်ကို အဝေးကွင်းမှာ ၁-၄ ၊ကွာတားဖိုင်နယ်မှာ  ဂျူဗင်တပ်ကို အဝေးကွင်းမှာ ၁-၂ နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တကလာခဲ့တာပါ။

ယခုပွဲမှာအိမ်ရှင်အဖြစ်ကစားမယ့် စပါးအသင်းက ပြိုင်ဘက် အေဂျက်ဇ် အသင်းကိုအနိုင်ရဖို့ နည်းဗျူဟာကျကျ ချည်းကပ်လာ မှာသေချာနေ ပါတယ်။ ဒါပေမယ့် အေဂျက်ဇ်အသင်းက တိုက်စစ်ပိုင်းမှာရော ၊ကွင်းလယ်မှာရော၊ ဂိုးနဲ့ နောက်တန်းမှာပါ လူငယ်တွေနဲ့ သွက်နေတဲ့အတွက် ဟယ်ရီကိန်းမပါတဲ့ စပါးရဲ့ တိုက်စစ်က လော်ရန်တေး၊လူးကပ်စ်မိုရာ၊ ဆွန်ဟောင်မင်၊ အယ်လီတို့လောက်နဲ့ အေဂျက်နောက်တန်းကို တိုးလောက်ပါမလားဆိုတာလဆန်းစစ်ချင်စရာပါ။

ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရပွဲကြိုလူစာရင်းအရစပါးအသင်းကဂိုး-ဟူဂိုလိုရစ်၊နောက်တန်း-ထရစ်ပီယာ၊ ဒါဗင်ဆန်းချက်ဇ်၊ အန်ဒါဝီရယ်လ်၊ ဒန်နီရို့စ်၊ ၊အလယ်တန်း- အဲရစ်ဆင်၊အဲရစ်ဒိုင်ယာ၊ ဝမ်ယာမာ၊ဒဲလီအယ်လီ၊  ရှေ့တန်း-လော်ရန်တေး၊ လူးကပ်စ်မိုရာ တို့နဲ့ ပွဲထွက်လာဖို့များပြီး အေဂျက်အသင်းမှာဂိုး- အန်ဒရီအိုနာနား၊  နောက်တန်း- တစ်ဂလီဖစ်ကို၊ ဒန်နီဘလိုင်း၊ဒီလိုက်၊မက်ဇာအိုရီ၊ အလယ်တန်း-  ဖရန်ကီဒီဂျောင်၊ဗန်ဒီဗတ်၊လက်စီဆကိုနေး၊ ရှေ့ တန်း-  ဒေးဗစ်နီရက်စ်၊တာဒစ်၊ဟန်ကင် ဇီးယက် တို့ ပါဝင် လာဖို့ ရှိပါတယ်။
      
ဒီပွဲမှာတိုက်စစ်ခြင်း ၊ကွင်းလယ်ခြင်း၊ခံစစ်ခြင်းစတဲ့နေရာစုံမှာ သိပ်မကွာကြပေမယ့် ဟယ်ရီကိန်း မပါတဲ့ တိုက်စစ်ကြောင့် စပါးအသင်း အခက်တွေ့ဖွယ်ရှိနေပါတယ်။ ဒီနှစ်သင်းတွေ့ဆုံမှုမရှိတဲ့ အတွက် PSVကိုနိုင်ဘူး တဲ့ စပါးက သာသယောင်ထင်ရပေမယ့် အနီးစပ်ဆုံးပွဲမှာ ဝက်စ်ဟမ်းခံစစ်ကို မကျော်နိုင်ခဲ့တဲ့ အတွက် အေဂျက်ကို စပါးအသင်းအနိုင်ရဖွယ်မမြင်ပါဘူး။

ဒီပွဲကိုဘွတ်ကီဒိုင်တွေကစပါးဘက်ကနေသရေ ၃၅ ပြားအရှုံးကြေးဖွင့်ထားပြီး ဂိုးပေါင်းကတော့ နှစ် သင်း ပေါင်းနှစ်လုံး၉၅ ပြားအရှုံးကြေးပေါက်နေ တဲ့အတွက်  ပထမအကျော့မှာ အဝေးကွင်းခြေတွေ့တဲ့ အေ ဂျက်နဲ့ ဂိုးအောက်ကိုပိုအကြိုက်တွေ့မိပါကြောင်း။

KON(SPORT)
 

(   Zawgyi    )

 ယေန႔ည ၁ နာရီခြဲမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္အျဖစ္ အဂၤလန္အသင္း ေတာ့တင္ ဟမ္စပါးအသင္းနဲ႔ ေဟာ္လန္အသင္း ေအဂ်က္ဇ္တို႔ ပထမအေက်ာ့အျဖစ္ စပါးကြင္းမွာ ကစားၾကမွာပါ။

ေဘာလုံးပရိတ္သတ္ေတြ စိတ္ဝင္စားတဲ့ ေအဂ်က္ဇ္အသင္းနဲ႔ စပါးအသင္းေတြဆုံမႈျဖစ္လို႔ ပြဲကၾကည့္ ေကာင္းမွာ ေသခ်ာပါတယ္။အထူးသျဖင့္ အေဝးကြင္းလာကစားရတဲ့ ေအဂ်က္ဇ္အသင္းေျခစြမ္းက အေဝးကြင္း မွာ ပိုထက္ေနတဲ့ အတြက္ တိုက္စစ္မႉးျပႆနာရွိေနတဲ့ စပါးအသင္းက ေအဂ်က္ဇ္နဲ႔ အၿပိဳင္ ဂိုးအျပန္အ လွန္ သြင္းၿပီး တိုက္စစ္စြမ္းရည္ျပဖို႔ထက္ သေရရေအာင္ ပိတ္ဆို႔ၿပီး တန္ျပန္တိုက္စစ္ကစားဖို႔ ေသခ်ာေနပါတယ္။

စပါးရဲ႕ ဒီရာသီအိမ္ကြင္းရလဒ္ေတြကို ပရီးမီးယားလိဂ္မွာ ျပန္ၾကည့္မယ္ဆိုရင္ ယခုရာသီအိမ္ကြင္း ၁၈ ပြဲ ကစားခဲ့ရာမွာ ၁၂ ပြဲႏိုင္ ၁ ပြဲသေရ၊၅ ပြဲရႈံးထားပါတယ္။၃၂ဂိုးသြင္းၿပီး ၁၄ ဂိုးျပန္ေပးထားရတဲ့ စပါးေနာက္တန္း က ပရီမီးယားလိဂ္အသင္း ၂၀ ထဲမွာ တတိယအေကာင္းဆုံးေနာက္ တန္းပါဘဲ။ ခ်န္ပီယံလိဂ္ ပြဲစဥ္တစ္ေလွ်ာက္ စပါးအသင္းရဲ႕ အိမ္ကြင္းရလဒ္ေတြကို ျပန္ၾကည့္ရင္ ၄ ပြဲမွာဘာစီလိုနာအသင္းကို ၂-၄ နဲ႔ရႈံးခဲ့ၿပီး ေဒါ့ မြန္၊ အင္ တာ ၊ PSV အသင္းေတြကိုအႏိုင္ရခဲ့ပါတယ္။ PSV ဆိုတာ ေဟာ္လန္အဆင္ျမင့္တန္းလိဂ္မွာ ေအဂ်က္နဲ႔ အမွတ္ တူ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ အသင္းပါ။ ၁၆ သင္းအဆင့္မွာ ေဒါ့မြန္ကို အိမ္ကြင္းမွာ သုံးဂိုးျပတ္ႏိုင္ၿပီးစ ကြာတားဖိုင္နယ္မွာ မန္စီးတီးကို အိမ္ကြင္းမွာ တစ္ဂိုး ဂိုးမရွိနဲ႔ ႏိုင္လာၿပီး ဒီအဆင့္ကိုတက္လာတဲ့ အသင္းပါ။

ေဟာ္လန္ကလပ္ ေအဂ်က္ရဲ႕ အေဝးကြင္း ရာဇဝင္ကို ျပန္ၾကည့္မယ္ဆိုရင္ေဟာ္လန္လိဂ္မွာ အေဝးကြင္း၁၆ ပြဲကစားရာမွာ ၁၂ ပြဲႏိုင္ ၄ ပြဲရႈံးခဲ့ပါတယ္။ ၄၅ ဂိုးသြင္းၿပီး ၁၈ ဂိုးျပန္ေပးထားရပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္မွာ မန္စီးတီးရဲ႕ အေဝးကြင္းသြင္းဂိုးထက္ သာပါတယ္။ ခ်န္ပီယံလိဂ္ကိုျပန္ၾကည့္မယ္ဆိုရင္ အုပ္စုအဆင့္ အေဝးကြင္း ၄ ပြဲမွာ ဘိုင္ယန္ကို ၁-၁ ၊ဘင္ဖီကာကို ၁-၁၊AEKေအသင္ကို ဝ-၂ နဲ႔ႏိုင္ၿပီး  ၁၆ သင္းအဆင့္မွာ ရီးရဲလ္ကို အေဝးကြင္းမွာ ၁-၄ ၊ကြာတားဖိုင္နယ္မွာ  ဂ်ဴဗင္တပ္ကို အေဝးကြင္းမွာ ၁-၂ နဲ႔ ႏိုင္ၿပီး ဆီမီးဖိုင္နယ္ကို တကလာခဲ့တာပါ။

ယခုပြဲမွာအိမ္ရွင္အျဖစ္ကစားမယ့္ စပါးအသင္းက ၿပိဳင္ဘက္ ေအဂ်က္ဇ္ အသင္းကိုအႏိုင္ရဖို႔ နည္းဗ်ဴဟာက်က် ခ်ည္းကပ္လာ မွာေသခ်ာေန ပါတယ္။ ဒါေပမယ့္ ေအဂ်က္ဇ္အသင္းက တိုက္စစ္ပိုင္းမွာေရာ ၊ကြင္းလယ္မွာေရာ၊ ဂိုးနဲ႔ ေနာက္တန္းမွာပါ လူငယ္ေတြနဲ႔ သြက္ေနတဲ့အတြက္ ဟယ္ရီကိန္းမပါတဲ့ စပါးရဲ႕ တိုက္စစ္က ေလာ္ရန္ေတး၊လူးကပ္စ္မိုရာ၊ ဆြန္ေဟာင္မင္၊ အယ္လီတို႔ေလာက္နဲ႔ ေအဂ်က္ေနာက္တန္းကို တိုးေလာက္ပါမလားဆိုတာလဆန္းစစ္ခ်င္စရာပါ။

ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရပြဲႀကိဳလူစာရင္းအရစပါးအသင္းကဂိုး-ဟူဂိုလိုရစ္၊ေနာက္တန္း-ထရစ္ပီယာ၊ ဒါဗင္ဆန္းခ်က္ဇ္၊ အန္ဒါဝီရယ္လ္၊ ဒန္နီ႐ို႕စ္၊ ၊အလယ္တန္း- အဲရစ္ဆင္၊အဲရစ္ဒိုင္ယာ၊ ဝမ္ယာမာ၊ဒဲလီအယ္လီ၊  ေရွ႕တန္း-ေလာ္ရန္ေတး၊ လူးကပ္စ္မိုရာ တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားၿပီး ေအဂ်က္အသင္းမွာဂိုး- အန္ဒရီအိုနာနား၊  ေနာက္တန္း- တစ္ဂလီဖစ္ကို၊ ဒန္နီဘလိုင္း၊ဒီလိုက္၊မက္ဇာအိုရီ၊ အလယ္တန္း-  ဖရန္ကီဒီေဂ်ာင္၊ဗန္ဒီဗတ္၊လက္စီဆကိုေနး၊ ေရွ႕ တန္း-  ေဒးဗစ္နီရက္စ္၊တာဒစ္၊ဟန္ကင္ ဇီးယက္ တို႔ ပါဝင္ လာဖို႔ ရွိပါတယ္။
      
ဒီပြဲမွာတိုက္စစ္ျခင္း ၊ကြင္းလယ္ျခင္း၊ခံစစ္ျခင္းစတဲ့ေနရာစုံမွာ သိပ္မကြာၾကေပမယ့္ ဟယ္ရီကိန္း မပါတဲ့ တိုက္စစ္ေၾကာင့္ စပါးအသင္း အခက္ေတြ႕ဖြယ္ရွိေနပါတယ္။ ဒီႏွစ္သင္းေတြ႕ဆုံမႈမရွိတဲ့ အတြက္ PSVကိုႏိုင္ဘူး တဲ့ စပါးက သာသေယာင္ထင္ရေပမယ့္ အနီးစပ္ဆုံးပြဲမွာ ဝက္စ္ဟမ္းခံစစ္ကို မေက်ာ္ႏိုင္ခဲ့တဲ့ အတြက္ ေအဂ်က္ကို စပါးအသင္းအႏိုင္ရဖြယ္မျမင္ပါဘူး။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြကစပါးဘက္ကေနသေရ ၃၅ ျပားအရႈံးေၾကးဖြင့္ထားၿပီး ဂိုးေပါင္းကေတာ့ ႏွစ္ သင္း ေပါင္းႏွစ္လုံး၉၅ ျပားအရႈံးေၾကးေပါက္ေန တဲ့အတြက္  ပထမအေက်ာ့မွာ အေဝးကြင္းေျခေတြ႕တဲ့ ေအ ဂ်က္နဲ႔ ဂိုးေအာက္ကိုပိုအႀကိဳက္ေတြ႕မိပါေၾကာင္း။

KON(SPORT)