အုပ်စုတက်ရေးအပြိုင်ရုန်းမယ့် အီကွေဒေါ နဲ့ ဂျပန်

 
အုပ်စုတက်ရေးအပြိုင်ရုန်းမယ့် အီကွေဒေါ နဲ့ ဂျပန်

ယနေ့ည ၁ နာရီခွဲအချိန်မှာ ကိုပါအမေရိကားဖလားအုပ်စု (C) နောက်ဆုံးပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ အီကွေဒေါအသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အုပ်စု C မှာ ချီလီ၊ဥရုဂွေး၊ဂျပန်၊အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားနေပြီး ချီလီအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး ရမှတ် ၄ မှတ်ရရှိတဲ့ ဥရုဂွေးအသင်းဟာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဥရုဂွေးနဲ့ သရေကျခဲ့တဲ့ ဂျပန်အသင်းဟာ အဆင့် ၃ နေရာရောက် ရှိနေပြီး ၂ ပွဲစလုံးရှုံးနိမ့်ခဲ့တဲ့ အီကွေဒေါ အသင်းက အောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ကစားပြီး အုပ်စု A၊အုပ်စု B ပွဲစဉ်များအရ သရေကျခဲ့ရင် နှစ်သင်းစလုံး ပြိုင်ပွဲမှ ထွက်ခွာရမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်း နောက်တစ်ဆင့်တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဂျပန်အသင်းဟာ အဖွင့်ပွဲစဉ်မှာ ချီလီအသင်းကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ၄ ဂိုးပြတ်ရှုံး နိမ့်ခဲ့ပါတယ်။ဥရုဂွေးအသင်းနဲ့ ပွဲစဉ်မှာလည်း အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး သရေရယူနိုင်ခဲ့ပါတယ်။

အီကွေဒေါ အသင်းက အဖွင့်ပွဲစဉ်မှာ ဥရုဂွေးအသင်းကို ၁ ယောက်လျော့အနေအထားနဲ့ ကစားခဲ့ရပြီး ၄ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ချီလီအသင်းနဲ့ ပွဲစဉ်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အီကွေဒေါဘက်မှ သရေ ၇၀ အရှုံး ပေးထားပြီး ၂ ဂိုးအရှုံး ဖွင့်လှစ်ထားပါတယ်။ နှစ်သင်းလုံးကို နှိုင်းယှဉ် ကြည့်ရင် ဂျပန်အသင်းဟာ အတွေ့အကြုံရရှိအောင်လူငယ်အများစုနဲ့စုဖွဲ့ထားတဲ့အတွက် ရေကုန်ရေခမ်းကစားရတဲ့အခြေအနေမှာ အသင်း ကြီးလူစာရင်းနဲ့ကစားနေတဲ့အီကွေဒေါအသင်းကို ယှဉ်ပြိုင်နိုင်ဖို့မဖြစ်နိုင်တဲ့အတွက် အီကွေဒေါအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း -------

KON (SPORT)

(  Zawgyi  )







KON (SPORT)