【 အားကစား 】ကြိုးဝိုင်းထဲ ပြန်ခြေချမယ့် မက်ဂရီဂေါ်

【 အားကစား 】ကြိုးဝိုင်းထဲ ပြန်ခြေချမယ့် မက်ဂရီဂေါ်

UFC အကျော်အမော် အိုင်ယာလန်နိုင်ငံသား ကော်နာ မက်ဂရီဂေါ်အနေနဲ့ လာမည့် ဆောင်းဦးရာသီအတွင်း ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ခြေချဖွယ်ရှိကြောင်း UFC အကြီးအကဲ ဒါနာ ဝှိုက် က SunSport သို့ ပြောကြားခဲ့ပါတယ်။
 
မက်ဂရီဂေါ်အနေနဲ့ UFC ပွဲစဉ်တစ်ခုအတွင်း ရရှိခဲ့သော ကြောက်မက်ဖွယ် ခြေထောက်ကျိုးဒဏ်ရာကို ပြန်လည်ကောင်းမွန်စေရန် အစီအစဉ်အတိုင်း လုပ်ဆောင်နေလျက်ရှိတာဖြစ်ပါတယ်။
 
UFC အကျော်အမော် မက်ဂရီဂေါ်ဟာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုးသတ်ခဲ့သည့် ဒက်စတင် ပိုရီယာနဲ့ ပွဲစဉ်မှာ မထင်မှတ်ဘဲ ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ မက်ဂရီဂေါ်ရဲ့ ဒဏ်ရာဟာ ပြန်လည်ကောင်းမွန်ဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
 
"အရာရာအဆင်ပြေရင် ဆောင်းဦးရာသီကို စောင့်ကြည့်နေပါတယ်" လို့ ဝှိုက် က ဆိုပါတယ်။
 
UFC ရဲ့ အကြီးမားဆုံး ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ မက်ဂရီ‌ဂေါ်ရဲ့ ဆောင်းဦးရာသီအတွင်း ပြန်လာနိုင်ဖွယ်ရှိမှုဟာ ၎င်းရဲ့ အပြည့်အဝ ပြန်လည်လေ့ကျင့်နိုင်ခြင်းအပေါ် မူတည်လျက်ရှိနေပါတယ်။
 
ဝှိုက်ကတော့ "သူ့ရဲ့ ခြေထောက်ဒဏ်ရာ ပြန်လည်ကောင်းမွန်ပြီး လေ့ကျင့်ရေးပြန်စနိုင်ပြီဆိုရင်တော့ အချိန်စောပြီး ပွဲထွက်လာနိုင်တယ်" လို့ ပြောကြားခဲ့ပါတယ်။
 
ဝိတ်တန်းနှစ်ခု ချန်ပီယံဟောင်းကတော့ လေ့ကျင့်အစီအစဉ်များကို ပြန်လည်လုပ်ဆောင်နိုင်ရန် တွန်းအားပေးလျက်ရှိကြောင့် ပြီးခဲ့သည့်လက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါ့အပြင် မကြာသေးမီက ဆရာဝန်များနဲ့ စစ်ဆေးပြီးနောက် အရာအားလုံး လမ်းကြောင်းမှန်ပေါ်ရောက်နေကြောင်း အိုင်ယာလန်နိုင်ငံသားမှ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
 
"အားပေးမှုများအတွက် ကျေးဇူးတင်ပါတယ်၊ အရာအားလုံးက အဆင်ပြေလာပါပြီ၊ ကျနော်အသင့်ပါပဲ" လို့ မက်ဂရီဂေါ်မှ ပြောကြားခဲ့ပါတယ်။
 
Linko
 
Ref - thesun
 
မတ် - ၁၇