【 အားကစား 】ကွန်မြူနတီဒိုင်းအတွက် အပြိုင်ရုန်းမယ့် မန်စီးတီးနဲ့ လီဗာပူ

  【 အားကစား 】ကွန်မြူနတီဒိုင်းအတွက် အပြိုင်ရုန်းမယ့် မန်စီးတီးနဲ့ လီဗာပူ

ကွန်မြူနတီဒိုင်း လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ လီဗာပူအသင်းတို့ ယနေ့ ည ၈ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစား ကြမှာဖြစ်ပါတယ်။ယမန်နှစ် က မန်စီးတီးအသင်း အနေနဲ့ အမှတ်ပေးချန်ပီယံနဲ့ ရှုံးထွက်ချန်ပီယံ နှစ်ခု စလုံး ရရှိခဲ့တဲ့ အတွက် အမှတ်ပေးပြိုင်ပွဲဒုတိယရရှိခဲ့တဲ့ လီဗာပူ အသင်း အနေနဲ့ အခုပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူအသင်းဟာ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ဒုတိယအအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပြီး ဖလား ၁၅ ကြိမ်ရရှိခဲ့ပါတယ်။၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွန်မြူနတီဒိုင်းကို ပြန်လည် ယှဉ်ပြိုင် ခွင့်ရ ရှိခဲ့ခြင်းဖြစ်ပါတယ်။လီဗာပူအသင်းအနေနဲ့ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် အသင်း ၇ သင်းနဲ့ ယှဉ်ပြိုင်ကစား ခဲ့ရာမှာ ထရန်မီလီ၊ဘရက်ဖို့ဒ်၊လိုင်ယွန် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး၊ စပို့တင်း လစ္စဘွန်းအသင်းနဲ့ သရေကျကာ ဒေါ့မွန်၊ဆီဗီးလား၊နာပိုလီ အသင်းတွေ ကို ရှုံးနိမ့်ခဲ့ပါတယ်။အခုပွဲစဉ်ကို ဂိုးသမားအဖြစ် အလွန်ဆို၊နောက်တန်း အဖြစ် ရော့ဘင်ဆန်၊ဗန်ဒိုက်၊မာတစ်၊အာနိုး၊အလယ်တန်းအဖြစ် မီနာ၊ဟန်ဒါဆန်၊ဝင်နယ်ဒန်၊ရှေ့တန်းအဖြစ် ဖာမီနို၊ဆာလက်၊အိုရီဂီတို့ ပါဝင်ကစားလာနိုင်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ၅ ကြိမ်ဗိုလ်စွဲခဲ့ပြီး ရာသီကြိုပွဲစဉ်တွေမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရရှိခဲ့ပါတယ်။အခုပွဲစဉ်ကို ဂိုး အက်ဒါဆန်၊ နောက်တန်း အဖြစ် ဝေါ့ကာ၊ လာပေါ်တီ၊ စတုန်း၊ ဇင်ချန်ကို၊ အလယ်တန်း အဖြစ် ရိုဒရီ၊ဂန်ဒိုဂန်၊ဒီဘရူနီ၊ ရှေ့တန်းအဖြစ် စတားလင်း၊ အဂူရို၊မာဟက် တို့ပါဝင်ကစား လာနိုင်ပါတယ်။အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်စီးတီးအသင်းဘက်မှ ၁ လုံး ၉၅ အနိုင်ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၅၅ အနိုင်ဖွင့်လှစ်ထားပါတယ်။လီဗာပူအသင်းနဲ့မန်စီးတီး အသင်း တို့ ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ် ယှဉ်ပြိုင် ကစားရတာဖြစ်ပြီး သမိုင်းတလျှောက် ပြိုင်ပွဲစုံနောက်ဆုံးတွေ့ဆုံမှု ၂၅ ကြိမ်မှာ လီဗာပူအသင်းက ၁၁ ပွဲနိုင် ၈ ပွဲသရေ၊ ၆ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ယမန်နှစ် အမှတ်ပေးပြိုင်ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ၁ ပွဲသရေ ၊ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူအသင်းအနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းခဲ့ဘဲ နည်းပြကလော့ဒ်က အခုပွဲစဉ်ကို ခြားနားတဲ့ ပုံစံနဲ့ပြန်မြင်ရမယ်လို့ပြောဆိုထားပြီး ဗိုလ်စွဲဖို့ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

မန်စီးတီးအသင်းအနေနဲ့ နည်းပြဂွာဒီယိုလာ ကိုင်တွယ်ပြီးတဲ့နောက်မှာ အသင်းဟာ အလုံးစုံပြောင်းလဲလာခဲ့ပြီး ကစားသမား အင်အား၊ ကစား ကွက်အခင်းအကျင်းဟာ အခြားသော ပရီးမီးယားလိဂ် အသင်းတွေထက် ပိုမိုကောင်းမွန်တည်ငြိမ်လာတာကို တွေ့မြင်ရပြီး ပွဲစဉ်တိုင်းနီးပါး တစ်ဖက် အသင်းကို ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးသွင်းခွင့်အသာ ရယူလာနိုင်တာကို တွေ့မြင်ရပါတယ်။

အခုပွဲစဉ်မှာလည်း မန်စီးတီးအသင်းအနေနဲ့ လီဗာပူအသင်းကို ဖိအားပေး ကစားလာမှာ ဖြစ်ပေမယ့် နှစ်သင်း တွေ့ဆုံမှုရလဒ် နဲ့ နည်းပြ ကလော့ဒ်ရဲ့ တစ်ပွဲထိုးနည်းဗျူဟာကောင်းမွန်မှုတွေကြောင့် ပွဲချိန် အတွင်း အရှုံးအနိုင်အဖြေမပေါ်ဘဲ သရေရလဒ် ထွက်ပေါ်လာနိုင်ကြောင်း -----

KON(SPORT)

(  Zawgyi  )

 ကြန္ျမဴနတီဒိုင္း လုပြဲအျဖစ္ မန္စီးတီးအသင္းနဲ႔ လီဗာပူအသင္းတို႔ ယေန႔ ည ၈ နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ကစား ၾကမွာျဖစ္ပါတယ္။ယမန္ႏွစ္ က မန္စီးတီးအသင္း အေနနဲ႔ အမွတ္ေပးခ်န္ပီယံနဲ႔ ရႈံးထြက္ခ်န္ပီယံ ႏွစ္ခု စလုံး ရရွိခဲ့တဲ့ အတြက္ အမွတ္ေပးၿပိဳင္ပြဲဒုတိယရရွိခဲ့တဲ့ လီဗာပူ အသင္း အေနနဲ႔ အခုပြဲကို ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

လီဗာပူအသင္းဟာ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲမွာ ဒုတိယအေအာင္ျမင္ဆုံး အသင္းအျဖစ္ ရပ္တည္ေနၿပီး ဖလား ၁၅ ႀကိမ္ရရွိခဲ့ပါတယ္။၂၀၀၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကြန္ျမဴနတီဒိုင္းကို ျပန္လည္ ယွဥ္ၿပိဳင္ ခြင့္ရ ရွိခဲ့ျခင္းျဖစ္ပါတယ္။လီဗာပူအသင္းအေနနဲ႔ ရာသီႀကိဳ ေျခစမ္းပြဲေတြအျဖစ္ အသင္း ၇ သင္းနဲ႔ ယွဥ္ၿပိဳင္ကစား ခဲ့ရာမွာ ထရန္မီလီ၊ဘရက္ဖို႔ဒ္၊လိုင္ယြန္ အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး၊ စပို႔တင္း လစၥဘြန္းအသင္းနဲ႔ သေရက်ကာ ေဒါ့မြန္၊ဆီဗီးလား၊နာပိုလီ အသင္းေတြ ကို ရႈံးနိမ့္ခဲ့ပါတယ္။အခုပြဲစဥ္ကို ဂိုးသမားအျဖစ္ အလြန္ဆို၊ေနာက္တန္း အျဖစ္ ေရာ့ဘင္ဆန္၊ဗန္ဒိုက္၊မာတစ္၊အာႏိုး၊အလယ္တန္းအျဖစ္ မီနာ၊ဟန္ဒါဆန္၊ဝင္နယ္ဒန္၊ေရွ႕တန္းအျဖစ္ ဖာမီႏို၊ဆာလက္၊အိုရီဂီတို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲမွာ ၅ ႀကိမ္ဗိုလ္စြဲခဲ့ၿပီး ရာသီႀကိဳပြဲစဥ္ေတြမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ ရရွိခဲ့ပါတယ္။အခုပြဲစဥ္ကို ဂိုး အက္ဒါဆန္၊ ေနာက္တန္း အျဖစ္ ေဝါ့ကာ၊ လာေပၚတီ၊ စတုန္း၊ ဇင္ခ်န္ကို၊ အလယ္တန္း အျဖစ္ ႐ိုဒရီ၊ဂန္ဒိုဂန္၊ဒီဘ႐ူနီ၊ ေရွ႕တန္းအျဖစ္ စတားလင္း၊ အဂူ႐ို၊မာဟက္ တို႔ပါဝင္ကစား လာႏိုင္ပါတယ္။အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက မန္စီးတီးအသင္းဘက္မွ ၁ လုံး ၉၅ အႏိုင္ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၅၅ အႏိုင္ဖြင့္လွစ္ထားပါတယ္။လီဗာပူအသင္းနဲ႔မန္စီးတီး အသင္း တို႔ ကြန္ျမဴနတီဒိုင္းၿပိဳင္ပြဲအျဖစ္ ပထမဆုံးအႀကိမ္ ယွဥ္ၿပိဳင္ ကစားရတာျဖစ္ၿပီး သမိုင္းတေလွ်ာက္ ၿပိဳင္ပြဲစုံေနာက္ဆုံးေတြ႕ဆုံမႈ ၂၅ ႀကိမ္မွာ လီဗာပူအသင္းက ၁၁ ပြဲႏိုင္ ၈ ပြဲသေရ၊ ၆ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ ယမန္ႏွစ္ အမွတ္ေပးၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ ၁ ပြဲသေရ ၊ ၁ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ လီဗာပူအသင္းအေနနဲ႔ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ရလဒ္မေကာင္းခဲ့ဘဲ နည္းျပကေလာ့ဒ္က အခုပြဲစဥ္ကို ျခားနားတဲ့ ပုံစံနဲ႔ျပန္ျမင္ရမယ္လို႔ေျပာဆိုထားၿပီး ဗိုလ္စြဲဖို႔ရည္မွန္းထားတယ္လို႔လည္း ဆိုပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ နည္းျပဂြာဒီယိုလာ ကိုင္တြယ္ၿပီးတဲ့ေနာက္မွာ အသင္းဟာ အလုံးစုံေျပာင္းလဲလာခဲ့ၿပီး ကစားသမား အင္အား၊ ကစား ကြက္အခင္းအက်င္းဟာ အျခားေသာ ပရီးမီးယားလိဂ္ အသင္းေတြထက္ ပိုမိုေကာင္းမြန္တည္ၿငိမ္လာတာကို ေတြ႕ျမင္ရၿပီး ပြဲစဥ္တိုင္းနီးပါး တစ္ဖက္ အသင္းကို ကစားကြက္အသာ၊ ေဘာလုံးပိုင္ဆိုင္မႈအသာ ဂိုးသြင္းခြင့္အသာ ရယူလာႏိုင္တာကို ေတြ႕ျမင္ရပါတယ္။

အခုပြဲစဥ္မွာလည္း မန္စီးတီးအသင္းအေနနဲ႔ လီဗာပူအသင္းကို ဖိအားေပး ကစားလာမွာ ျဖစ္ေပမယ့္ ႏွစ္သင္း ေတြ႕ဆုံမႈရလဒ္ နဲ႔ နည္းျပ ကေလာ့ဒ္ရဲ႕ တစ္ပြဲထိုးနည္းဗ်ဴဟာေကာင္းမြန္မႈေတြေၾကာင့္ ပြဲခ်ိန္ အတြင္း အရႈံးအႏိုင္အေျဖမေပၚဘဲ သေရရလဒ္ ထြက္ေပၚလာႏိုင္ေၾကာင္း -----

KON(SPORT)