【 အားကစား 】ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ အရောက်သွားမယ့် အေဂျက်ဇ်

【 အားကစား 】ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ အရောက်သွားမယ့် အေဂျက်ဇ်

ယနေ့ည ၁ နာရီခွဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် အေဂျက်ဇ်အသင်းနဲ့ စပါးအသင်းတို့  အေဂျက်ဇ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးပရိတ်သတ်တွေ စိတ်ဝင်စားတဲ့ အေဂျက်ဇ်အသင်းနဲ့ စပါးအသင်း တွေ့ဆုံမှုဖြစ်လို့ ပွဲကကြည့်ကောင်းမှာ သေချာပါတယ်။အထူးသဖြင့် အဝေးကွင်း လာကစားရတဲ့ စပါးအနေနဲ့ ပထမအကျော့ ရှုံးကြွေးကို ချေဖျက်ပြီး နောက်တစ်ဆင့် တက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စပါးအနေနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို အပြည့်အဝ အာရုံစိုက်လာမှာ ဖြစ်ပါတယ်။အခုနှစ် အဝေးကွင်းရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် အုပ်စုတွင်းပွဲစဉ်တွေမှာ အင်တာကို ရှုံး၊ PSV နဲ့ ဘာစီလိုနာတို့ကို သရေကျခဲ့ပါတယ်။ရှုံးထွက်ပွဲစဉ်တွေမှာ ဒေါ့မွန်ကို အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။စုစုပေါင်း အဝေးကွင်းပွဲ ၅ ပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံး ရလဒ် ရရှိခဲ့ပါတယ်။တိုက်စစ်ပြဿနာရှိနေတဲ့ စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရိုက်တန် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အခြားပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တဲ့အတွက် နောက်ဆုံး ၄ ပွဲမှာ ရဂိုး ၁ ဂိုးသာ ရရှိခဲ့ပါတယ်။

ဟော်လန်ကလပ် အေဂျက်ဇ်ရဲ့ အိမ်ကွင်းရာဇဝင်ကို ပြန်ကြည့်မယ်ဆိုရင် ချန်ပီယံအုပ်စုတွင်းပွဲစဉ်တွေမှာ AEK နဲ့ ဘင်ဖီကာ အသင်းတွေကို အနိုင်ယူခဲ့ပြီး ဘိုင်ယန်အသင်းနဲ့ သရေကျခဲ့ပါတယ်။ရှုံးထွက်ပွဲစဉ်မှာ ရီးရဲလ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အတွက် နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။နောက်တစ်ဆင့်မှာ ဂျူဗီကို အိမ်ကွင်းမှာ သရေကစားခဲ့ပြီး အဝေးကွင်း အနိုင်ရရှိခဲ့တဲ့အတွက် ဆီးမီးဖိုင်နယ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ချန်ပီယံလိဂ် အိမ်ကွင်း စုစုပေါင်း ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

တိုက်စစ်မှူးပြဿနာ ရှိနေတဲ့ စပါးအသင်းအနေနဲ့ အခုပွဲကို ဆွန်ဟောင်မင် ပြန်ပါလာမှာဖြစ်တဲ့အတွက် ပထမအကျော့ရှုံးပွဲကို ချေဖျက်ဖို့ တိုက်စစ်ဖွင့်ကစားလာမှာဖြစ်ပြီး နည်းပြ ပိုချက်တီနို ကလည်း သူ့ရဲ့ကစားသမားတွေကို ဘောလုံးရာသီ အဆုံးအဖြတ်ပေးမယ့် ရက်သတ္တပတ်တွေဖြစ်တဲ့အတွက် အခွင့်အရေးတွေကို အပြည့်အဝ အသုံးချကြဖို့ သတိပေးစကား ပြောကြားထားပါတယ်။

အေဂျက်ဇ် နည်းပြ တန်ဟက် ကတော့ အခုပွဲစဉ်မှာ ပရိသတ်တွေရဲ့ အံ့မခန်းအားပေးမှု၊ ဂျိုဟန်ခရိုက်ကွင်းမှာ ကစားမယ့် အကြီးကျယ်ဆုံး ပွဲစဉ်ဖြစ်လို့ ကစားသမားတွေကို အထူးတလည် စိတ်ဓာတ်မြှင့်တင်ပေးဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။အေဂျက်ဇ်အသင်းအနေနဲ့ အိမ်ကွင်းပရိတ်သတ်အားနဲ့ ယှဉ်ပြိုင်ကစားလာမှာဖြစ်ပြီး အိမ်ကွင်းပွဲစဉ်တွေမှာ ပွဲတိုင်းဂိုးသွင်းထားပြီး ပထမအကျော့ပွဲစဉ်မှာလည်း စပါးအသင်းကို ခြေအသာနဲ့ ကစားထားပါတယ်။စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ် အဝေးကွင်းမှာ ဒေါ့မွန်အသင်းကိုသာ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ အသင်းကြီး ၅ သင်းကို အဝေးကွင်းပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။

 

ယခုပွဲမှာ ဘွတ်ကီဒိုင်တွေက အေဂျက်ဇ်ဘက်မှ သရေ ၆၀ အရှုံးပေးထားပြီး ဂိုးပေါင်း ၃ ဂိုး ၄၀ အနိုင် ဖွင့်လှစ်ထားပါတဲ့အတွက် တိုက်စစ်ပြဿနာရှိနေခြင်း၊ လက်ရှိ ခြေစွမ်းကျဆင်းနေခြင်း၊ အဝေးကွင်းရလဒ်တွေ မကောင်းတဲ့ စပါးအသင်းကို ငြင်းပယ်ပြီး အိမ်ရှင် အေဂျက်ဇ်အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း---။

KON (SPORT)

( Zawgyi )

ယေန႔ည ၁ နာရီခြဲမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္အျဖစ္ ေအဂ်က္ဇ္အသင္းနဲ႔ စပါးအသင္းတို႔  ေအဂ်က္ဇ္အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

ေဘာလုံးပရိတ္သတ္ေတြ စိတ္ဝင္စားတဲ့ ေအဂ်က္ဇ္အသင္းနဲ႔ စပါးအသင္း ေတြ႕ဆုံမႈျဖစ္လို႔ ပြဲကၾကည့္ေကာင္းမွာ ေသခ်ာပါတယ္။အထူးသျဖင့္ အေဝးကြင္း လာကစားရတဲ့ စပါးအေနနဲ႔ ပထမအေက်ာ့ ရႈံးေႂကြးကို ေခ်ဖ်က္ၿပီး ေနာက္တစ္ဆင့္ တက္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

စပါးအေနနဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ၿပီျဖစ္တဲ့အတြက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို အျပည့္အဝ အာ႐ုံစိုက္လာမွာ ျဖစ္ပါတယ္။အခုႏွစ္ အေဝးကြင္းရလဒ္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ အုပ္စုတြင္းပြဲစဥ္ေတြမွာ အင္တာကို ရႈံး၊ PSV နဲ႔ ဘာစီလိုနာတို႔ကို သေရက်ခဲ့ပါတယ္။ရႈံးထြက္ပြဲစဥ္ေတြမွာ ေဒါ့မြန္ကို အႏိုင္ရခဲ့ၿပီး မန္စီးတီးအသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။စုစုေပါင္း အေဝးကြင္းပြဲ ၅ ပြဲ ကစားခဲ့ရာမွာ ၁ ပြဲႏိုင္ ၂ ပြဲသေရ ၂ ပြဲရႈံး ရလဒ္ ရရွိခဲ့ပါတယ္။တိုက္စစ္ျပႆနာရွိေနတဲ့ စပါးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၄ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိခဲ့ၿပီး ၃ ပြဲရႈံးနိမ့္ခဲ့ပါတယ္။အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဘ႐ိုက္တန္ အသင္းကို ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အျခားပြဲစဥ္ေတြမွာ ဂိုးသြင္းယူႏိုင္ျခင္း မရွိခဲ့တဲ့အတြက္ ေနာက္ဆုံး ၄ ပြဲမွာ ရဂိုး ၁ ဂိုးသာ ရရွိခဲ့ပါတယ္။

ေဟာ္လန္ကလပ္ ေအဂ်က္ဇ္ရဲ႕ အိမ္ကြင္းရာဇဝင္ကို ျပန္ၾကည့္မယ္ဆိုရင္ ခ်န္ပီယံအုပ္စုတြင္းပြဲစဥ္ေတြမွာ AEK နဲ႔ ဘင္ဖီကာ အသင္းေတြကို အႏိုင္ယူခဲ့ၿပီး ဘိုင္ယန္အသင္းနဲ႔ သေရက်ခဲ့ပါတယ္။ရႈံးထြက္ပြဲစဥ္မွာ ရီးရဲလ္အသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီး အေဝးကြင္းမွာ ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့အတြက္ ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ပါတယ္။ေနာက္တစ္ဆင့္မွာ ဂ်ဴဗီကို အိမ္ကြင္းမွာ သေရကစားခဲ့ၿပီး အေဝးကြင္း အႏိုင္ရရွိခဲ့တဲ့အတြက္ ဆီးမီးဖိုင္နယ္ကို တက္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ခ်န္ပီယံလိဂ္ အိမ္ကြင္း စုစုေပါင္း ၅ ပြဲမွာ ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးနိမ့္ခဲ့ပါတယ္။

တိုက္စစ္မႉးျပႆနာ ရွိေနတဲ့ စပါးအသင္းအေနနဲ႔ အခုပြဲကို ဆြန္ေဟာင္မင္ ျပန္ပါလာမွာျဖစ္တဲ့အတြက္ ပထမအေက်ာ့ရႈံးပြဲကို ေခ်ဖ်က္ဖို႔ တိုက္စစ္ဖြင့္ကစားလာမွာျဖစ္ၿပီး နည္းျပ ပိုခ်က္တီႏို ကလည္း သူ႔ရဲ႕ကစားသမားေတြကို ေဘာလုံးရာသီ အဆုံးအျဖတ္ေပးမယ့္ ရက္သတၱပတ္ေတြျဖစ္တဲ့အတြက္ အခြင့္အေရးေတြကို အျပည့္အဝ အသုံးခ်ၾကဖို႔ သတိေပးစကား ေျပာၾကားထားပါတယ္။

ေအဂ်က္ဇ္ နည္းျပ တန္ဟက္ ကေတာ့ အခုပြဲစဥ္မွာ ပရိသတ္ေတြရဲ႕ အံ့မခန္းအားေပးမႈ၊ ဂ်ိဳဟန္ခ႐ိုက္ကြင္းမွာ ကစားမယ့္ အႀကီးက်ယ္ဆုံး ပြဲစဥ္ျဖစ္လို႔ ကစားသမားေတြကို အထူးတလည္ စိတ္ဓာတ္ျမႇင့္တင္ေပးဖို႔ မလိုအပ္ဘူးလို႔ ဆိုပါတယ္။ေအဂ်က္ဇ္အသင္းအေနနဲ႔ အိမ္ကြင္းပရိတ္သတ္အားနဲ႔ ယွဥ္ၿပိဳင္ကစားလာမွာျဖစ္ၿပီး အိမ္ကြင္းပြဲစဥ္ေတြမွာ ပြဲတိုင္းဂိုးသြင္းထားၿပီး ပထမအေက်ာ့ပြဲစဥ္မွာလည္း စပါးအသင္းကို ေျခအသာနဲ႔ ကစားထားပါတယ္။စပါးအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ အေဝးကြင္းမွာ ေဒါ့မြန္အသင္းကိုသာ အႏိုင္ရခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ အသင္းႀကီး ၅ သင္းကို အေဝးကြင္းပြဲစဥ္ေတြမွာ ရႈံးနိမ့္ခဲ့ပါတယ္။

ယခုပြဲမွာ ဘြတ္ကီဒိုင္ေတြက ေအဂ်က္ဇ္ဘက္မွ သေရ ၆၀ အရႈံးေပးထားၿပီး ဂိုးေပါင္း ၃ ဂိုး ၄၀ အႏိုင္ ဖြင့္လွစ္ထားပါတဲ့အတြက္ တိုက္စစ္ျပႆနာရွိေနျခင္း၊ လက္ရွိ ေျခစြမ္းက်ဆင္းေနျခင္း၊ အေဝးကြင္းရလဒ္ေတြ မေကာင္းတဲ့ စပါးအသင္းကို ျငင္းပယ္ၿပီး အိမ္ရွင္ ေအဂ်က္ဇ္အသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း---။

KON (SPORT)