【 အားကစား 】ချီလီကို မရှုံးနိုင်တဲ့ အီကွေဒေါ

  【  အားကစား  】ချီလီကို မရှုံးနိုင်တဲ့  အီကွေဒေါ

ကိုပါအမေရိက ဖလားပြိုင်ပွဲ အုပ်စု (C) ပွဲစဉ် အဖြစ် အီကွေဒေါအသင်း နဲ့  ချီလီ အသင်းတို့ ယနေ့ည ၅ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားကြ မှာဖြစ် ပါတယ်။

အုပ်စုပွဲစဉ် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီးကိုပါအမေရိက ဖလားအုပ်စု C  မှာ  ဥရုဂွေး၊အီကွေဒေါ၊ ချီလီ၊ဂျပန်အသင်းတို့  အုပ်စုအဆင့်ကိုကျော်ဖြတ်ရေး အတွက်အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြ မှာဖြစ်ပါ တယ်။

ဥရုဂွေးအသင်းဟာ အီကွေဒေါအသင်းနဲ့ပွဲစဉ်မှာ ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ၊ဂျပန်အသင်းနဲ့သရေကျခဲ့တဲ့အတွက်အုပ်စုကိုဦးဆောင်နေပါတယ်။ချီလီအသင်းဟာ ဂျပန်အသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိတဲ့အတွက် အုပ်စု ဒုတိယနေရာမှာရပ်တည်နေပါတယ်။ဥရုဂွေးအသင်းနဲ့ သရေကျခဲ့တဲ့ ဂျပန်အသင်းဟာ အဆင့်၃ နေရာမှာ ရပ်တည်နေပြီး အမှတ်မရရှိတဲ့ အီကွေဒေါအသင်းဟာ အောက်ဆုံးမှာရပ်တည်လျှက်ရှိပါတယ်။
 
နည်းပြ ဒါရီယိုဂိုးမက်စ် ရဲ့အီကွေဒေါအသင်း ဟာ ကမ္ဘာ့အဆင့် ၅၉ မှာရပ်တည်နေပြီး နာမည်ကျော် ကစားသမားအဖြစ် မန်ယူအသင်းမှ ဗလင်စီယာ၊ဘာစီလိုနာအသင်းမှ ကိုင်စီဒို တို့ပါဝင်ကစားနေတဲ့ အသင်းဖြစ် ပါ တယ်။

အီကွေဒေါအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ နိုင်ပွဲမရရှိဘဲ ၂ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ရှုံးနိမ့်ခဲ့တဲ့အသင်းတွေက အမေရိကန်၊ မက္ကဆီကို၊ဥရုဂွေး အသင်းတွေဖြစ်ပြီးဟွန်ဒူးရပ်၊ ဗင်နီဇွဲလားအသင်းတွေ နဲ့ သရေကျခဲ့ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ ၁ဂိုးရှုံးနိမ့်စဉ် တစ်ယောက်အထုတ်ခံရတဲ့အတွက်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြ ရူအီဒါ ရဲ့ချီလီ အသင်းဟာ ကမ္ဘာ့အဆင့် ၁၅ မှာ ရပ်တည်နေပြီးရှေ့တန်းမှာ ဆန်းချက်၊အလယ်တန်းမှာ ဗီဒဲလ် ၊အာရန်ဂွက်ဇ် တို့ပါဝင် ကစားလျှက်ရှိပါတယ်။ချီလီအသင်းဟာနောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ဟွန်ဒူးရပ်၊ဟေတီ၊ ဂျပန် အသင်းတွေ ကို အနိုင်ရရှိခဲ့ပြီး အမေရိကန်အသင်းနဲ့ သရေကျပြီး မက္ကဆီကို အသင်းကိုရှုံးနိမ့်ခဲ့ပါတယ်။

နှစ်သင်းတွေ့ဆုံမှုအရ နောက်ဆုံးတွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ၆ ပွဲမှာ အိမ်ကွင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ၃ ပွဲနိုင် ၃ ပွဲရှုံးရလဒ်တွေရရှိခဲ့ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ချီလီအသင်းဘက်မှ ၁ ဂိုး ၉၅ အနိုင်ဖွင့်လှစ် ထားပြီး ဂိုးပေါင်း ၂ လုံး ၇၅ အရှုံးဖွင့်လှစ်ထားပါတယ်။ကိုပါအမေရိကဖလားမှာ ၄ သင်းစီပါဝင်တဲ့ အုပ်စု ၃ အုပ်စု မှ အုပ်စုဗိုလ် ၂ သင်းစီ နောက်တစ်ဆင့်တက်ရောက်မှာဖြစ်ပြီး အကောင်းဆုံး တတိယ ၂ သင်းလည်း နောက်တစ်ဆင့်တက်ရောက်မှာ ဖြစ်ပါတယ်။ အီကွေဒေါအသင်းဟာ အသင်းလိုက်စုဖွဲ့မှုနဲ့ နည်းစနစ်ကျကျကစားတဲ့ အသင်းဖြစ်ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ခုပွဲကို အားထည့် ကစားလာမှာဖြစ်ပါတယ်။

ချီလီအသင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့သေချာ သလောက် ရှိနေပြီဖြစ်တဲ့အတွက် နောက်ပိုင်းပွဲစဉ်တွေအတွက်အခုပွဲကို အင်အားချွေ တာ ကစားလာနိုင်ပါတယ်။အလုပွဲစဉ်မှာ ဒေသတွင်းပြိုင် ဘက်တွေဖြစ်ပြီး အမှတ်လိုအပ်ချက်ပြင်းထန်နေတဲ့ အီကွေဒေါအသင်း နဲ့သာလက်တွဲသင့်ပါကြောင်း--------

KON(SPORT)

(  Zawgyi  )

 ကိုပါအေမရိက ဖလားၿပိဳင္ပြဲ အုပ္စု (C) ပြဲစဥ္ အျဖစ္ အီေကြေဒါအသင္း နဲ႔  ခ်ီလီ အသင္းတို႔ ယေန႔ည ၅ နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားၾက မွာျဖစ္ ပါတယ္။

အုပ္စုပြဲစဥ္ ဒုတိယေျမာက္ပြဲစဥ္ျဖစ္ၿပီးကိုပါအေမရိက ဖလားအုပ္စု C  မွာ  ဥ႐ုေဂြး၊အီေကြေဒါ၊ ခ်ီလီ၊ဂ်ပန္အသင္းတို႔  အုပ္စုအဆင့္ကိုေက်ာ္ျဖတ္ေရး အတြက္အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားၾက မွာျဖစ္ပါ တယ္။

ဥ႐ုေဂြးအသင္းဟာ အီေကြေဒါအသင္းနဲ႔ပြဲစဥ္မွာ ၄ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ၊ဂ်ပန္အသင္းနဲ႔သေရက်ခဲ့တဲ့အတြက္အုပ္စုကိုဦးေဆာင္ေနပါတယ္။ခ်ီလီအသင္းဟာ ဂ်ပန္အသင္းကို ၄ ဂိုးျပတ္အႏိုင္ရရွိတဲ့အတြက္ အုပ္စု ဒုတိယေနရာမွာရပ္တည္ေနပါတယ္။ဥ႐ုေဂြးအသင္းနဲ႔ သေရက်ခဲ့တဲ့ ဂ်ပန္အသင္းဟာ အဆင့္၃ ေနရာမွာ ရပ္တည္ေနၿပီး အမွတ္မရရွိတဲ့ အီေကြေဒါအသင္းဟာ ေအာက္ဆုံးမွာရပ္တည္လွ်က္ရွိပါတယ္။
 
နည္းျပ ဒါရီယိုဂိုးမက္စ္ ရဲ႕အီေကြေဒါအသင္း ဟာ ကမာၻ႔အဆင့္ ၅၉ မွာရပ္တည္ေနၿပီး နာမည္ေက်ာ္ ကစားသမားအျဖစ္ မန္ယူအသင္းမွ ဗလင္စီယာ၊ဘာစီလိုနာအသင္းမွ ကိုင္စီဒို တို႔ပါဝင္ကစားေနတဲ့ အသင္းျဖစ္ ပါ တယ္။

အီေကြေဒါအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ႏိုင္ပြဲမရရွိဘဲ ၂ ပြဲသေရ ၃ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ရႈံးနိမ့္ခဲ့တဲ့အသင္းေတြက အေမရိကန္၊ မကၠဆီကို၊ဥ႐ုေဂြး အသင္းေတြျဖစ္ၿပီးဟြန္ဒူးရပ္၊ ဗင္နီဇြဲလားအသင္းေတြ နဲ႔ သေရက်ခဲ့ပါတယ္။ေနာက္ဆုံးကစားခဲ့တဲ့ဥ႐ုေဂြးအသင္းနဲ႔ပြဲစဥ္မွာ ၁ဂိုးရႈံးနိမ့္စဥ္ တစ္ေယာက္အထုတ္ခံရတဲ့အတြက္ဂိုးျပတ္ရႈံးနိမ့္ခဲ့ပါတယ္။

နည္းျပ ႐ူအီဒါ ရဲ႕ခ်ီလီ အသင္းဟာ ကမာၻ႔အဆင့္ ၁၅ မွာ ရပ္တည္ေနၿပီးေရွ႕တန္းမွာ ဆန္းခ်က္၊အလယ္တန္းမွာ ဗီဒဲလ္ ၊အာရန္ဂြက္ဇ္ တို႔ပါဝင္ ကစားလွ်က္ရွိပါတယ္။ခ်ီလီအသင္းဟာေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ၃ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ၁ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ဟြန္ဒူးရပ္၊ေဟတီ၊ ဂ်ပန္ အသင္းေတြ ကို အႏိုင္ရရွိခဲ့ၿပီး အေမရိကန္အသင္းနဲ႔ သေရက်ၿပီး မကၠဆီကို အသင္းကိုရႈံးနိမ့္ခဲ့ပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈအရ ေနာက္ဆုံးေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တဲ့ ၆ ပြဲမွာ အိမ္ကြင္း အသီးသီးအႏိုင္ရရွိခဲ့ၿပီး ၃ ပြဲႏိုင္ ၃ ပြဲရႈံးရလဒ္ေတြရရွိခဲ့ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက ခ်ီလီအသင္းဘက္မွ ၁ ဂိုး ၉၅ အႏိုင္ဖြင့္လွစ္ ထားၿပီး ဂိုးေပါင္း ၂ လုံး ၇၅ အရႈံးဖြင့္လွစ္ထားပါတယ္။ကိုပါအေမရိကဖလားမွာ ၄ သင္းစီပါဝင္တဲ့ အုပ္စု ၃ အုပ္စု မွ အုပ္စုဗိုလ္ ၂ သင္းစီ ေနာက္တစ္ဆင့္တက္ေရာက္မွာျဖစ္ၿပီး အေကာင္းဆုံး တတိယ ၂ သင္းလည္း ေနာက္တစ္ဆင့္တက္ေရာက္မွာ ျဖစ္ပါတယ္။ အီေကြေဒါအသင္းဟာ အသင္းလိုက္စုဖြဲ႕မႈနဲ႔ နည္းစနစ္က်က်ကစားတဲ့ အသင္းျဖစ္ၿပီး ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ ခုပြဲကို အားထည့္ ကစားလာမွာျဖစ္ပါတယ္။

ခ်ီလီအသင္းဟာ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ေသခ်ာ သေလာက္ ရွိေနၿပီျဖစ္တဲ့အတြက္ ေနာက္ပိုင္းပြဲစဥ္ေတြအတြက္အခုပြဲကို အင္အားေခြၽ တာ ကစားလာႏိုင္ပါတယ္။အလုပြဲစဥ္မွာ ေဒသတြင္းၿပိဳင္ ဘက္ေတြျဖစ္ၿပီး အမွတ္လိုအပ္ခ်က္ျပင္းထန္ေနတဲ့ အီေကြေဒါအသင္း နဲ႔သာလက္တြဲသင့္ပါေၾကာင္း--------

KON(SPORT)