【 အားကစား 】ခြေတက်နေတဲ့ ဘန်လေကို အိမ်ကွင်းမှာ အနိုင်ကစားမယ့် နယူးကာဆယ် နဲ့ ရပ်တည်မယ်

 ခြေတက်နေတဲ့ ဘန်လေကို အိမ်ကွင်းမှာ အနိုင်ကစားမယ့် နယူးကာဆယ် နဲ့ ရပ်တည်မယ်

  ယနေ့ည ၂ နာရီ ခွဲမှာ ပရီမီးယားလိဂ်ပွဲစဉ် ၂၈ ပွဲစဉ်ရဲ့ ပွဲစဉ်  ၄ ပွဲကို တစ်ပြိုင်နက် ကစားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ နယူးကာဆယ် အသင်းနဲ့ ဘန်လေအသင်းတို့ ပွဲစဉ်လဲ ပါဝင်ပါတယ်။ နှစ်သင်းစလုံး လတ်တလောကစားခဲ့တဲ့ ပွဲစဉ် ၂၇ မှာ ပြိုင်ဘက်တွေကိုအနိုင်ကစား ထား တဲ့ အသင်းတွေဖြစ်ပြီး နယူးကာ ဆယ်က အိမ်ကွင်းမှာ ဟက်ဒါစဖီးလ်ကို ၂-၀ နဲ့ အနိုင်ကစားခဲ့သလို ဘန်လေကအမှတ်ပေး ဇယား တတိယ နေရာက စပါးကို အိမ်ကွင်းမှာ ၂-၁နဲ့ပဲ အနိုင်ကစား ခဲ့တဲ့အတွက် အထက်အောက် ရှိနေတဲ့ ဒီနှစ်သင်းစလုံး စိတ်ဓာတ်တွေ တက်ကြွနေမှာဖြစ်လို့ တစ်သင်းနဲ့ တစ်သင်းအနိုင်ရဖို့ သေချာပေါက် အားစိုက်ကစားကြမှာ သေချာနေပါတယ်။

 အိမ်ရှင် နယူးကာဆယ်အသင်းကိုကြည့်ရင်တော့ မကြာခင်က ရခဲ့တဲ့ သရေ ၂ ပွဲ နိုင်ပွဲ ၁ ပွဲကြောင့် တန်းဆင်းဇုန်ကနေ လွတ်လာ ခဲ့ပေမယ့် အဆင့် ၁၈ နေရာက အသင်းနဲ့ သိပ်အမှတ်အကွာကြီး မဟုတ်ပါဘူး။ ၄ မှတ်သာ ကွာတာပါ။ ပွဲစဉ် ၂၇ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁၅ နေရာကို ရောက်နေပေမယ့် တန်းဆင်း ဇုန် ထဲကအသင်းက၂၄ မှတ်ရှိနေတဲ့ အတွက် တစ်ပွဲရှုံးရင် ရှုံးသလောက် အောက်ကတန်းဆင်းဇုန်ထဲ ပြန်ရောက်သွားနိုင်တဲ့ အတွက် ဒီပွဲအပါအဝင် လက်ကျန်ပွဲတွေကို ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ် အသင်း ကျား ကုတ်ကျားခဲ ဖောင်ဖျက်ကစားမှာ သေချာနေပါတယ်။

    

ဒီရာသီ နယူးကာဆယ်ကစားပြီးတဲ့ ၂၇ ပွဲကို ပြန်ကြည့်ရင် ၇ ပွဲနိုင် ၁၃ ပွဲရှုံးပြီး၇ ပွဲသရေကျကာ  သွင်း ဂိုး၂၄  ဂိုး ပေးဂိုး ၃၄ ဂိုး ရှိနေပါတယ်။ အိမ်ကွင်း ၁၄ပွဲမှာ ၅ ပွဲနိုင် ၁ ပွဲသရေ ၈ ပွဲရှုံးထားပြီး ရဂိုး ၁၄ ဂိုး၊ပေးဂိုး ၁၈ ဂိုးရှိ ကာ ဂိုးကွာခြားချက် အနုတ် ၄ ဂိုးသာရှိ ပါတယ်။

နည်းပြရှောင်ဒိုက်ချီလက်ထဲကဘန်လေအသင်းကတော့ပြီးခဲ့တဲ့ မန်စီးတီးကိုအဝေးကွင်းမှာ အရှက်တ ကွဲ ၅-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ကတည်းက ၄ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ သရေနှစ်ပွဲ အနိုင် ၂ ပွဲ ရအောင် ကစားထား တဲ့  အသင်းပါ။ ဒီရာသီ ဘန်လေကစားပြီးတဲ့ ၂၇ ပွဲကို ပြန်ကြည့်ရင် ၈ ပွဲနိုင် ၁၃ ပွဲရှုံးပြီး ၆ ပွဲသရေကျကာ  သွင်းဂိုး ၁၃ ဂိုး ပေးဂိုး၃၁ ဂိုးရှိနေပါတယ်။ အဝေးကွင်း ၁၄ ပွဲမှာ ၃ပွဲနိုင်၄ ပွဲသရေ၇ ပွဲထဲရှုံးထားပြီး ရဂိုး ၁၄ ဂိုး၊ပေးဂိုး ၂၅ ဂိုးရှိ ကာ ဂိုးကွာခြား ချက် အနူတ် ၁၁ ဂိုးရှိပါတယ်။

ပထမအကျော့တုန်းက ဘန်လေကွင်းမှာ ကစားခဲ့စဉ်က နယူးကာ ဆယ် အသင်းက ဘန်လေကို ပွဲချိန် ၄ မိနစ်မှာ ဘန်လေနောက်တန်း ကစားသမား ဘန်မီး ကိုယ်ဂိုးကိုယ်သွင်းတဲ့ ဂိုးနဲ့ ၂၃ မိနစ်မှာ နယူးကာဆယ်က စီရမ်ကလပ်ခ်သွင်းတဲ့  ဂိုးတွေကို မိနစ် ၄၀ မှာ ဘန်လေတိုက်စစ်မှူး ဆမ်ဗုတ်က ချေပဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၂-၁ နယူးကာဆယ်က ဘန်လေကို အနိုင်ယူခဲ့ပါတယ်။

အဲဒီပွဲမှာ အိမ်ရှင်ဘန်လေက ဘောလုံးပိုင်ဆိုင်မှု ၅၆ရာခိုင်နူန်းရှိပေ မယ့် ဂိုးကန်သွင်းခွင့်က နယူးကာ ဆယ်က ပိုရခဲ့ပါတယ်။ ဘန်လေ က ပွဲချိန် မိနစ်ကိုးဆယ်အတွင်းမှာ ဂိုးရဖို့ သေချာပေါက်အခွင့်အရေး ၂ ကြိမ် ကနေ ၁ ဂိုးသာရခဲ့ပြီး နယူးကာဆယ်ကတော့ ၃ ကြိမ်ကနေ နှစ်ဂိုးရခဲ့ပါတယ်။လက်ရှိမှာ နယူးကာဆာ်က တန်းဆင်းဇုန်ကနေ ဝေးရာကို ရုန်းထွက်နေသလို အိမ်ရှင်လည်းဖြစ်နေသလို တစ်ပွဲကောင်း ကစားတဲ့ ဗျူဟာမှာ ဘင်နီတက်ဇ်က  ရှောင်ဒိုက်ချီထက် သာနေပါတယ်။

ပွဲစဉ်အကြို ထွက်ပေါ်လာတဲ့ လူစာရင်းအရ ဘင်နီတက်ဇ် ကိုင်တွယ် တဲ့ အိမ်ရှင် နယူးကာဆယ် အသင်းမှာ ဂိုး- မာတင်ဒူဘာကာ၊နောက်တန်း- ဒီအန်ဒရီ ယီဒင၊် ဖေဘီယန်ရှား၊ဂျာမဲလ်လက်စီလက်စ်၊ လီဂျီအန်၊မက်ခ်ရီချီ၊ အလယ်တန်း- အယိုဇေး ပီရီးဇ်၊ ဟေဒင်၊ရှာဗေးလ် ၊ လောင်းစတက်ဖ်၊ မီဂွယ်အယ်လ်မီရွန်၊ တိုက်စစ်မှူး-ရွန်ဒွန်တို့နဲ့ ပွဲထွက်လာဖွယ် ရှိပြီး ရှောင်ဒိုက်ချီရဲ့ ဘန်လေအသင်းမှာ ဂိုး- ဟီတန်၊နောက်တန်း -တေလာ၊ဘန်မီး၊ တာကိုဝါစကီ၊ ဖီလ်းဘရက်ဒ်စလေ၊ အလယ်တန်း - ဟင်ဒရစ်ခ်၊ အက်ရှ်လေဝုဒ်၊ ဂျက်ကော့ခ်၊ ဒွိုက်ခ်မက်နေးလ်၊ ရှေ့တန်း-အက်ရှ်လေဘိန်းစ်၊  ခရစ်စ်ဝုဒ်တို့ ပါဝင်လာဖွယ်ရှိပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက နယူးကာဆယ်အသင်းဘက်ကနေ သရေပြား ၇၀ အရှုံးဈေးဖွင့်ထားပြီး ဂိုးပေါင်း ကတော့ နှစ်လုံးကို ပြား ၅၀ အရှုံးဈေးဖွင့်ထားပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး ပိတ်ကစားဖွယ်ရှိ နေတဲ့အတွက် ဂိုးအောက်နဲ့ အိမ်ရှင်ဘက်ကနေ အားပေးချင် ပါကြောင်း…..။

KON(SPORT) 

(   Zawgyi  )

   ယေန႔ည ၂ နာရီ ခြဲမွာ ပရီမီးယားလိဂ္ပြဲစဥ္ ၂၈ ပြဲစဥ္ရဲ႕ ပြဲစဥ္  ၄ ပြဲကို တစ္ၿပိဳင္နက္ ကစားမွာ ျဖစ္ပါတယ္။ ဒီထဲမွာ နယူးကာဆယ္ အသင္းနဲ႔ ဘန္ေလအသင္းတို႔ ပြဲစဥ္လဲ ပါဝင္ပါတယ္။ ႏွစ္သင္းစလုံး လတ္တေလာကစားခဲ့တဲ့ ပြဲစဥ္ ၂၇ မွာ ၿပိဳင္ဘက္ေတြကိုအႏိုင္ကစား ထား တဲ့ အသင္းေတြျဖစ္ၿပီး နယူးကာ ဆယ္က အိမ္ကြင္းမွာ ဟက္ဒါစဖီးလ္ကို ၂-၀ နဲ႔ အႏိုင္ကစားခဲ့သလို ဘန္ေလကအမွတ္ေပး ဇယား တတိယ ေနရာက စပါးကို အိမ္ကြင္းမွာ ၂-၁နဲ႔ပဲ အႏိုင္ကစား ခဲ့တဲ့အတြက္ အထက္ေအာက္ ရွိေနတဲ့ ဒီႏွစ္သင္းစလုံး စိတ္ဓာတ္ေတြ တက္ႂကြေနမွာျဖစ္လို႔ တစ္သင္းနဲ႔ တစ္သင္းအႏိုင္ရဖို႔ ေသခ်ာေပါက္ အားစိုက္ကစားၾကမွာ ေသခ်ာေနပါတယ္။

 အိမ္ရွင္ နယူးကာဆယ္အသင္းကိုၾကည့္ရင္ေတာ့ မၾကာခင္က ရခဲ့တဲ့ သေရ ၂ ပြဲ ႏိုင္ပြဲ ၁ ပြဲေၾကာင့္ တန္းဆင္းဇုန္ကေန လြတ္လာ ခဲ့ေပမယ့္ အဆင့္ ၁၈ ေနရာက အသင္းနဲ႔ သိပ္အမွတ္အကြာႀကီး မဟုတ္ပါဘူး။ ၄ မွတ္သာ ကြာတာပါ။ ပြဲစဥ္ ၂၇ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၂၈ မွတ္နဲ႔ အဆင့္ ၁၅ ေနရာကို ေရာက္ေနေပမယ့္ တန္းဆင္း ဇုန္ ထဲကအသင္းက၂၄ မွတ္ရွိေနတဲ့ အတြက္ တစ္ပြဲရႈံးရင္ ရႈံးသေလာက္ ေအာက္ကတန္းဆင္းဇုန္ထဲ ျပန္ေရာက္သြားႏိုင္တဲ့ အတြက္ ဒီပြဲအပါအဝင္ လက္က်န္ပြဲေတြကို ဘင္နီတက္ဇ္ရဲ႕ နယူးကာဆယ္ အသင္း က်ား ကုတ္က်ားခဲ ေဖာင္ဖ်က္ကစားမွာ ေသခ်ာေနပါတယ္။

    ဒီရာသီ နယူးကာဆယ္ကစားၿပီးတဲ့ ၂၇ ပြဲကို ျပန္ၾကည့္ရင္ ၇ ပြဲႏိုင္ ၁၃ ပြဲရႈံးၿပီး၇ ပြဲသေရက်ကာ  သြင္း ဂိုး၂၄  ဂိုး ေပးဂိုး ၃၄ ဂိုး ရွိေနပါတယ္။ အိမ္ကြင္း ၁၄ပြဲမွာ ၅ ပြဲႏိုင္ ၁ ပြဲသေရ ၈ ပြဲရႈံးထားၿပီး ရဂိုး ၁၄ ဂိုး၊ေပးဂိုး ၁၈ ဂိုးရွိ ကာ ဂိုးကြာျခားခ်က္ အႏုတ္ ၄ ဂိုးသာရွိ ပါတယ္။

နည္းျပေရွာင္ဒိုက္ခ်ီလက္ထဲကဘန္ေလအသင္းကေတာ့ၿပီးခဲ့တဲ့ မန္စီးတီးကိုအေဝးကြင္းမွာ အရွက္တ ကြဲ ၅-၀ နဲ႔ ဂိုးျပတ္ရႈံးနိမ့္ၿပီး ကတည္းက ၄ ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ဘဲ သေရႏွစ္ပြဲ အႏိုင္ ၂ ပြဲ ရေအာင္ ကစားထား တဲ့  အသင္းပါ။ ဒီရာသီ ဘန္ေလကစားၿပီးတဲ့ ၂၇ ပြဲကို ျပန္ၾကည့္ရင္ ၈ ပြဲႏိုင္ ၁၃ ပြဲရႈံးၿပီး ၆ ပြဲသေရက်ကာ  သြင္းဂိုး ၁၃ ဂိုး ေပးဂိုး၃၁ ဂိုးရွိေနပါတယ္။ အေဝးကြင္း ၁၄ ပြဲမွာ ၃ပြဲႏိုင္၄ ပြဲသေရ၇ ပြဲထဲရႈံးထားၿပီး ရဂိုး ၁၄ ဂိုး၊ေပးဂိုး ၂၅ ဂိုးရွိ ကာ ဂိုးကြာျခား ခ်က္ အႏူတ္ ၁၁ ဂိုးရွိပါတယ္။

ပထမအေက်ာ့တုန္းက ဘန္ေလကြင္းမွာ ကစားခဲ့စဥ္က နယူးကာ ဆယ္ အသင္းက ဘန္ေလကို ပြဲခ်ိန္ ၄ မိနစ္မွာ ဘန္ေလေနာက္တန္း ကစားသမား ဘန္မီး ကိုယ္ဂိုးကိုယ္သြင္းတဲ့ ဂိုးနဲ႔ ၂၃ မိနစ္မွာ နယူးကာဆယ္က စီရမ္ကလပ္ခ္သြင္းတဲ့  ဂိုးေတြကို မိနစ္ ၄၀ မွာ ဘန္ေလတိုက္စစ္မႉး ဆမ္ဗုတ္က ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာ ၂-၁ နယူးကာဆယ္က ဘန္ေလကို အႏိုင္ယူခဲ့ပါတယ္။

အဲဒီပြဲမွာ အိမ္ရွင္ဘန္ေလက ေဘာလုံးပိုင္ဆိုင္မႈ ၅၆ရာခိုင္ႏူန္းရွိေပ မယ့္ ဂိုးကန္သြင္းခြင့္က နယူးကာ ဆယ္က ပိုရခဲ့ပါတယ္။ ဘန္ေလ က ပြဲခ်ိန္ မိနစ္ကိုးဆယ္အတြင္းမွာ ဂိုးရဖို႔ ေသခ်ာေပါက္အခြင့္အေရး ၂ ႀကိမ္ ကေန ၁ ဂိုးသာရခဲ့ၿပီး နယူးကာဆယ္ကေတာ့ ၃ ႀကိမ္ကေန ႏွစ္ဂိုးရခဲ့ပါတယ္။လက္ရွိမွာ နယူးကာဆာ္က တန္းဆင္းဇုန္ကေန ေဝးရာကို ႐ုန္းထြက္ေနသလို အိမ္ရွင္လည္းျဖစ္ေနသလို တစ္ပြဲေကာင္း ကစားတဲ့ ဗ်ဴဟာမွာ ဘင္နီတက္ဇ္က  ေရွာင္ဒိုက္ခ်ီထက္ သာေနပါတယ္။

ပြဲစဥ္အႀကိဳ ထြက္ေပၚလာတဲ့ လူစာရင္းအရ ဘင္နီတက္ဇ္ ကိုင္တြယ္ တဲ့ အိမ္ရွင္ နယူးကာဆယ္ အသင္းမွာ ဂိုး- မာတင္ဒူဘာကာ၊ေနာက္တန္း- ဒီအန္ဒရီ ယီဒင၊္ ေဖဘီယန္ရွား၊ဂ်ာမဲလ္လက္စီလက္စ္၊ လီဂ်ီအန္၊မက္ခ္ရီခ်ီ၊ အလယ္တန္း- အယိုေဇး ပီရီးဇ္၊ ေဟဒင္၊ရွာေဗးလ္ ၊ ေလာင္းစတက္ဖ္၊ မီဂြယ္အယ္လ္မီ႐ြန္၊ တိုက္စစ္မႉး-႐ြန္ဒြန္တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိၿပီး ေရွာင္ဒိုက္ခ်ီရဲ႕ ဘန္ေလအသင္းမွာ ဂိုး- ဟီတန္၊ေနာက္တန္း -ေတလာ၊ဘန္မီး၊ တာကိုဝါစကီ၊ ဖီလ္းဘရက္ဒ္စေလ၊ အလယ္တန္း - ဟင္ဒရစ္ခ္၊ အက္ရွ္ေလဝုဒ္၊ ဂ်က္ေကာ့ခ္၊ ဒြိဳက္ခ္မက္ေနးလ္၊ ေရွ႕တန္း-အက္ရွ္ေလဘိန္းစ္၊  ခရစ္စ္ဝုဒ္တို႔ ပါဝင္လာဖြယ္ရွိပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက နယူးကာဆယ္အသင္းဘက္ကေန သေရျပား ၇၀ အရႈံးေဈးဖြင့္ထားၿပီး ဂိုးေပါင္း ကေတာ့ ႏွစ္လုံးကို ျပား ၅၀ အရႈံးေဈးဖြင့္ထားပါတယ္။ ဒီပြဲမွာ ႏွစ္သင္းစလုံး ပိတ္ကစားဖြယ္ရွိ ေနတဲ့အတြက္ ဂိုးေအာက္နဲ႔ အိမ္ရွင္ဘက္ကေန အားေပးခ်င္ ပါေၾကာင္း…..။

KON(SPORT)