【 အားကစား 】ဂိုးပြတ်နိုင်ဖို့မလွယ်တဲ့ အေဂျက်အသင်းကို ငြင်းပယ် မယ်

 【  အားကစား  】ဂိုးပြတ်နိုင်ဖို့မလွယ်တဲ့ အေဂျက်အသင်းကို ငြင်းပယ် မယ်

 ချန်ပီယံလိဂ်ခြေစစ်ပွဲ ရှုံးထွက် (ဒု)အကျော့ ပွဲစဉ်အဖြစ် ဟော်လန် ကလပ် အေဂျက်အသင်း နဲ့ ဆိုက်ပရပ် ကလပ် အေပိုးလ် အသင်း တို့ ယနေ့ည ၁ နာရီခွဲ အချိန်မှာ အေဂျက်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပါတယ်။

ဟော်လန်အမှတ်ပေးချန်ပီယံ အေဂျက်အသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံထွက်ပွဲစဉ်အဖြစ်  ဂရိ အမှတ်ပေးချန်ပီယံ PAOK ရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၇ ရရှိခဲ့ကာ ၂-၂ သရေ ရလဒ်ရရှိခဲ့ပါတယ်။ အိမ်ကွင်း မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ် ရရှိခဲ့ကာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် အခုအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အေဂျက်အသင်းအနေနဲ့ အခုပွဲစဉ်မှာ ဂိုး အန်ဒရီ အိုနားနား၊ နောက်တန်း ကစားသမားများအဖြစ်မာဇာအိုရူး၊ ဂျိုးဘက်မန်၊မာတီနက်၊ တက်လီယာဖီအို၊ အလယ်တန်းကစားသမားများအဖြစ် မာရင်း၊ ဘန်ဒီဘက်၊ ဒယ်လီ ဘလိုင်း၊ရှေ့တန်းကစားသမားများအဖြစ် ဟာကင်၊ ဒူဆန် တာဒစ်၊နီရတ်တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အေးပိုးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များအဖြစ် မွန်တီနီ ဂရိုးကလပ် စုဂျက်ကာ အသင်းကို အိမ်ကွင်း အဝေးကွင်း အနိုင်ရရှိခဲ့ ပါတယ်။ ကွာရာဘတ်အသင်းကို အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဘောလုံး ပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၃ အကြိမ် ထိ ရှိခဲ့ပေ မယ့် ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၄၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၇ ကြိမ်ရှိခဲ့ပြီး ဝ-၂ နဲ့ အနိုင်ရရှိ ခဲ့တဲ့ အတွက် အခုအဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်ကို ဂိုး ဘယ်လက်၊ နောက်တန်းကစားသမားများအဖြစ် နီကိုလပ်၊ ဂျာအိုဇင်ဟို၊ဂျော်ဂို့မာကစ်၊ အလယ်တန်းကစားသမားများ အဖြစ် ဒရာဂန်မီဟာဂျိုဗစ်၊ ယူရို့မာတစ်၊ဂန့်ဆိုဂလူး၊ လူးကပ်ဆိုဇာ၊ ရိုမန်၊ရှေ့တန်းကစားသမားများအဖြစ် ပါပလိုဗစ်၊ မူဆာအယ်တာမာရီ တို့ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အေဂျက်အသင်းဘက်မှ ၂ လုံး ၁၀ ပြားအရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၉၀ အရှုံးဖွင့်လှစ်ထားပါတယ်။နှစ်သင်းတွေ့ဆုံမှုနောက်ဆုံး ၃ ပွဲမှာ အေဂျက်အသင်းက ၁ ပွဲနိုင် ၂ ပွဲ သရေကျ ခဲ့ပါတယ်။ အေဂျက်အသင်းအနေနဲ့ ယမန်နှစ်က ချန်ပီယံလိဂ် မှာ အသင်းကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ရလဒ် ကောင်းတွေ ပိုင်ဆိုင် ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ကစားသမားအချို့ကို အသင်းကြီးများသို့ ရောင်းချ ခဲ့ပေမယ့် ကစားသမားအချို့ကို ပြန်လည်အားဖြည့်ခေါ်ယူမှုတွေလည်း ပြုလုပ်ထားပါတယ်။ပထမအကျော့ပွဲစဉ်အဝေးကွင်းမှာလည်း ဘောလုံး ပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးသွင်းခွင့် ၁၉ ကြိမ်ရရှိခဲ့ပေမယ့် ဂိုးသွင်း ယူနိုင်ခြင်းမရှိဘဲ ဝ-၀ သရေကျခဲ့ပါတယ်။ အခုပွဲစဉ်မှာတော့ အိမ်ကွင်း အသာ ခြေစွမ်းအသာနဲ့ ကစားလာမှာဖြစ်ပါတယ်။

အေပိုလ်းအသင်းအနေနဲ့ နောက်ဆုံးအဆင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရလေ့ရှိတဲ့အသင်း ဖြစ်ပြီး အခုပွဲစဉ်မှာလည်း နောက်တစ်ဆင့်တက်ဖို့ ပိတ်ဆို့ကစားလာမှာဖြစ်ပါတယ်။ အေပိုးလ်း အသင်းအနေနဲ့ အင်အားကြီး အသင်းကြီးတွေနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေ မှာလည်း ၃ ဂိုးပြတ်ရှုံးနိမ့်ခြင်းနည်းပါးတဲ့ အတွက် အခုပွဲစဉ်ကို အေပိုလ်းအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း ---

KON (SPORT)

(  Zawgyi  )

  ခ်န္ပီယံလိဂ္ေျခစစ္ပြဲ ရႈံးထြက္ (ဒု)အေက်ာ့ ပြဲစဥ္အျဖစ္ ေဟာ္လန္ ကလပ္ ေအဂ်က္အသင္း နဲ႔ ဆိုက္ပရပ္ ကလပ္ ေအပိုးလ္ အသင္း တို႔ ယေန႔ည ၁ နာရီခြဲ အခ်ိန္မွာ ေအဂ်က္အသင္းရဲ႕အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ ကစား ၾကမွာ ျဖစ္ပါတယ္။

ေဟာ္လန္အမွတ္ေပးခ်န္ပီယံ ေအဂ်က္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ ရႈံထြက္ပြဲစဥ္အျဖစ္  ဂရိ အမွတ္ေပးခ်န္ပီယံ PAOK ရဲ႕အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၈ ရာခိုင္ႏႈန္းအထိရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၇ ရရွိခဲ့ကာ ၂-၂ သေရ ရလဒ္ရရွိခဲ့ပါတယ္။ အိမ္ကြင္း မွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၂ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၈ ႀကိမ္ ရရွိခဲ့ကာ ၃-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အတြက္ အခုအဆင့္ကို တက္ေရာက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

ေအဂ်က္အသင္းအေနနဲ႔ အခုပြဲစဥ္မွာ ဂိုး အန္ဒရီ အိုနားနား၊ ေနာက္တန္း ကစားသမားမ်ားအျဖစ္မာဇာအို႐ူး၊ ဂ်ိဳးဘက္မန္၊မာတီနက္၊ တက္လီယာဖီအို၊ အလယ္တန္းကစားသမားမ်ားအျဖစ္ မာရင္း၊ ဘန္ဒီဘက္၊ ဒယ္လီ ဘလိုင္း၊ေရွ႕တန္းကစားသမားမ်ားအျဖစ္ ဟာကင္၊ ဒူဆန္ တာဒစ္၊နီရတ္တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

ေအးပိုးလ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္ပြဲစဥ္မ်ားအျဖစ္ မြန္တီနီ ဂ႐ိုးကလပ္ စုဂ်က္ကာ အသင္းကို အိမ္ကြင္း အေဝးကြင္း အႏိုင္ရရွိခဲ့ ပါတယ္။ ကြာရာဘတ္အသင္းကို အိမ္ကြင္းမွာ ကစားခဲ့စဥ္က ေဘာလုံး ပိုင္ဆိုင္မႈ ၅၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၃ အႀကိမ္ ထိ ရွိခဲ့ေပ မယ့္ ၁-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ အေဝးကြင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၄၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ ကန္သြင္းမႈ ၇ ႀကိမ္ရွိခဲ့ၿပီး ဝ-၂ နဲ႔ အႏိုင္ရရွိ ခဲ့တဲ့ အတြက္ အခုအဆင့္ကို တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။

အခုပြဲစဥ္ကို ဂိုး ဘယ္လက္၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ နီကိုလပ္၊ ဂ်ာအိုဇင္ဟို၊ေဂ်ာ္ဂို႔မာကစ္၊ အလယ္တန္းကစားသမားမ်ား အျဖစ္ ဒရာဂန္မီဟာဂ်ိဳဗစ္၊ ယူ႐ို႕မာတစ္၊ဂန႔္ဆိုဂလူး၊ လူးကပ္ဆိုဇာ၊ ႐ိုမန္၊ေရွ႕တန္းကစားသမားမ်ားအျဖစ္ ပါပလိုဗစ္၊ မူဆာအယ္တာမာရီ တို႔ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက ေအဂ်က္အသင္းဘက္မွ ၂ လုံး ၁၀ ျပားအရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၉၀ အရႈံးဖြင့္လွစ္ထားပါတယ္။ႏွစ္သင္းေတြ႕ဆုံမႈေနာက္ဆုံး ၃ ပြဲမွာ ေအဂ်က္အသင္းက ၁ ပြဲႏိုင္ ၂ ပြဲ သေရက် ခဲ့ပါတယ္။ ေအဂ်က္အသင္းအေနနဲ႔ ယမန္ႏွစ္က ခ်န္ပီယံလိဂ္ မွာ အသင္းႀကီးေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ရလဒ္ ေကာင္းေတြ ပိုင္ဆိုင္ ခဲ့ၿပီး ေျခစြမ္းျပခဲ့တဲ့ ကစားသမားအခ်ိဳ႕ကို အသင္းႀကီးမ်ားသို႔ ေရာင္းခ် ခဲ့ေပမယ့္ ကစားသမားအခ်ိဳ႕ကို ျပန္လည္အားျဖည့္ေခၚယူမႈေတြလည္း ျပဳလုပ္ထားပါတယ္။ပထမအေက်ာ့ပြဲစဥ္အေဝးကြင္းမွာလည္း ေဘာလုံး ပိုင္ဆိုင္မႈ ၇၁ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးသြင္းခြင့္ ၁၉ ႀကိမ္ရရွိခဲ့ေပမယ့္ ဂိုးသြင္း ယူႏိုင္ျခင္းမရွိဘဲ ဝ-၀ သေရက်ခဲ့ပါတယ္။ အခုပြဲစဥ္မွာေတာ့ အိမ္ကြင္း အသာ ေျခစြမ္းအသာနဲ႔ ကစားလာမွာျဖစ္ပါတယ္။

ေအပိုလ္းအသင္းအေနနဲ႔ ေနာက္ဆုံးအဆင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရေလ့ရွိတဲ့အသင္း ျဖစ္ၿပီး အခုပြဲစဥ္မွာလည္း ေနာက္တစ္ဆင့္တက္ဖို႔ ပိတ္ဆို႔ကစားလာမွာျဖစ္ပါတယ္။ ေအပိုးလ္း အသင္းအေနနဲ႔ အင္အားႀကီး အသင္းႀကီးေတြနဲ႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္ေတြ မွာလည္း ၃ ဂိုးျပတ္ရႈံးနိမ့္ျခင္းနည္းပါးတဲ့ အတြက္ အခုပြဲစဥ္ကို ေအပိုလ္းအသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း ---

KON (SPORT)