【 အားကစား 】ဈေးနှုန်းပြောင်းလဲမှုကိုသတိထားရမယ့် မန်ယူ ရဲ့ ယူရိုပါလိဂ်

【  အားကစား  】ဈေးနှုန်းပြောင်းလဲမှုကိုသတိထားရမယ့် မန်ယူ ရဲ့ ယူရိုပါလိဂ်

ယူရိုပါလိဂ် အုပ်စုပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ ကာဇက်စတန်ကလပ် အက်တာနာအသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ မန်ယူအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ် မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယူရိုပါလိဂ် ပြိုင်ပွဲအဖြစ် ၄ သင်းစီပါဝင်တဲ့ အုပ်စု ၁၂ စု ယှဉ်ပြိုင်ကြမှာ အုပ်စု L မှာ မန်ယူ၊အက်တာနာ၊အယ်ခမာ၊ပါတီဇန် အသင်းတို့ ပါဝင် ကစားကြ မှာ ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ပရီးမီးယားအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ချဲလ်ဆီး အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၄၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၁ ကြိမ် ရရှိကာ ၄-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၉ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေရလဒ် ရရှိခဲ့ပါတယ်။

ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင် ကစား ခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၂ ကြိမ် အထိရရှိခဲ့ပေမယ့် ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် ဆောက်သင် ပတန် အသင်းရဲ့ကွင်းမှာ သွားရောက်ကစားခဲ့ရာ ဘောလုံး ပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၁ ကြိမ်ရရှိခဲ့ကာ ၁-၁ သရေ ရလဒ် ရရှိခဲ့ပါတယ်။ လက်စတာ အသင်းနဲ့ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် ပရီးမီးယားလိဂ် ၅ ပွဲကစားပြီး ရမှတ် ၈ မှတ်ရရှိကာ အဆင့် ၄ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်မှာ အသင်းမှ ကစားသမားများဖြစ်တဲ့ မာရှယ်၊ဒယ်လော့၊ ဘားထရန့်၊လင်ဂတ်၊လုခ်ရှော၊ပေါ့ဘာ တို့ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ အက်တာနာ အသင်းအနေနဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ကလုဂျ် အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိ ခဲ့ပြီး အဝေးကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်အတွက် ခြေစစ်ပွဲများထပ်မံကစားခဲ့ရပါတယ်။

ယူရိုပါလိဂ်ခြေစစ်ပွဲအဖြစ် ဆန်တာကိုလိုမာ အသင်းကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရရှိပါတယ်။နောက်တစ်ဆင့်မှာ ဗယ်လက်တီအသင်းနဲ့ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ကွင်းမှာ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ဝ-၄ ဂိုးနဲ့ ထပ်မံအနိုင်ရရှိ ခဲ့ပါ တယ်။နောက်ဆုံးခြေစစ်ပွဲအဖြစ် ဘိုရီဆော့ အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ကွင်မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်ယူအသင်းဘက်မှ ၂လုံး၇၀ အနိုင် ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃လုံး ၃၀အနိုင်ဖွင့်လှစ်ထားပါတယ်။

အက်တာနာအသင်းအနေနဲ့ အသင်းမှာ နာမည်ကြီး ကစားသမားတွေ မပါဝင်ဘဲ အသင်းလိုက်စုစည်းမှုနဲ့ ကစားနေတဲ့ အသင်းဖြစ်ပါတယ်။ အိမ်ကွင်းပွဲစဉ်တွေမှာ ထင်မှတ်မထားလောက်အောင် ခြေစွမ်းပြနိုင်ပေ မယ့် အဝေးကွင်းပွဲစဉ်တွေမှာတော့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင် ကစားနိုင်ခြင်းမရှိဘဲဂိုးပြတ်တွေရှုံးနိမ့်ခဲ့ပါတယ်။ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ကလုဂျ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂ ကြိမ်သာရရှိခဲ့ကာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။

ယူရိုပါလိဂ် ခြေစစ်ပွဲကစားခဲ့တဲ့ ဘိုရီဆော့ နဲ့ပွဲစဉ်မှာလည်း ဘောလုံးပိုင် ဆိုင်မှု ၃၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၈ ကြိမ်ရရှိခဲ့ကာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။မန်ယူအသင်းအနေနဲ့ အသင်း မှာ ဒဏ်ရာရ ကစား သမားတွေ များနေပြီး ဂိုးသွင်းယူဖို့ အခက်အခဲဖြစ်နေပေမယ့် အသင်းမှာ ရှိတဲ့ လူငယ်ကစားသမားတွေရဲ့ အင်အား ၊ အိမ်ကွင်းအားသာချက်၊ ယုံကြည်မှုတွေ တည်ဆောက်ဖို့ အခုပွဲစဉ်ကို မဖြစ်မနေအနိုင် ကစား လာမှာဖြစ်ပါတယ်။ အသင်းမှာ ရှိတဲ့ လူစာရင်းက အက်တာနာ အသင်း ဂိုးပြတ်တွေရှုံးနိမ့်ခဲ့တဲ့ ကလုဂျ် ၊ ဘိုရီဆော့ အသင်းတွေထက် မညံ့တဲ့ အတွက် အခုပွဲစဉ်မှာ ၂ ဂိုးနဲ့ အထက် အနိုင်ရရှိသွားနိုင်ပေမယ့် ဈေး စတင် ဖွင့်လှစ်စဉ်က ၂လုံး ၈၀ အရှုံးဖွင့်လှစ်ထားပြီး ဈေးနှုန်းကျဆင်း လာကာ ၂လုံး၇၀ အနိုင်ဖွင့်လှစ်ထားခြင်းကိုတော့ ထည့်သွင်း စဉ်းစားရ မှာဖြစ်ကြောင်း ---

KON (SPORT)

(  Zawgyi  )

 ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္အျဖစ္ မန္ယူအသင္းနဲ႔ ကာဇက္စတန္ကလပ္ အက္တာနာအသင္းတို႔ ယေန႔ည ၁ နာရီခြဲအခ်ိန္မွာ မန္ယူအသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ အိုးထရက္ဖို႔ဒ္ မွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲအျဖစ္ ၄ သင္းစီပါဝင္တဲ့ အုပ္စု ၁၂ စု ယွဥ္ၿပိဳင္ၾကမွာ အုပ္စု L မွာ မန္ယူ၊အက္တာနာ၊အယ္ခမာ၊ပါတီဇန္ အသင္းတို႔ ပါဝင္ ကစားၾက မွာ ျဖစ္ပါတယ္။

မန္ယူအသင္းအေနနဲ႔ ပရီးမီးယားအဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ခ်ဲလ္ဆီး အသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ရာ ေဘာလုံးပိုင္ဆိုင္မႈ ၄၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၁ ႀကိမ္ ရရွိကာ ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၂ အျဖစ္ ဝုဗ္အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၆၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၉ ႀကိမ္ရရွိခဲ့ကာ ၁-၁ သေရရလဒ္ ရရွိခဲ့ပါတယ္။

ပြဲစဥ္ ၃ အျဖစ္ အိမ္ကြင္းမွာ ခရစၥတယ္ပဲေလ့စ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစား ခဲ့ရာမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၁ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၂၂ ႀကိမ္ အထိရရွိခဲ့ေပမယ့္ ၁-၂ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ပြဲစဥ္ ၄ အျဖစ္ ေဆာက္သင္ ပတန္ အသင္းရဲ႕ကြင္းမွာ သြားေရာက္ကစားခဲ့ရာ ေဘာလုံး ပိုင္ဆိုင္မႈ ၅၈ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၂၁ ႀကိမ္ရရွိခဲ့ကာ ၁-၁ သေရ ရလဒ္ ရရွိခဲ့ပါတယ္။ လက္စတာ အသင္းနဲ႔ပြဲစဥ္မွာ ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အတြက္ ပရီးမီးယားလိဂ္ ၅ ပြဲကစားၿပီး ရမွတ္ ၈ မွတ္ရရွိကာ အဆင့္ ၄ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

အခုပြဲစဥ္မွာ အသင္းမွ ကစားသမားမ်ားျဖစ္တဲ့ မာရွယ္၊ဒယ္ေလာ့၊ ဘားထရန႔္၊လင္ဂတ္၊လုခ္ေရွာ၊ေပါ့ဘာ တို႔ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ အက္တာနာ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ေျခစစ္ပြဲအျဖစ္ ကလုဂ်္ အသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ရာ အိမ္ကြင္းမွာ ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိ ခဲ့ၿပီး အေဝးကြင္းမွာ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အတြက္ ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရၿပီး ယူ႐ိုပါလိဂ္အတြက္ ေျခစစ္ပြဲမ်ားထပ္မံကစားခဲ့ရပါတယ္။

ယူ႐ိုပါလိဂ္ေျခစစ္ပြဲအျဖစ္ ဆန္တာကိုလိုမာ အသင္းကို အေဝးကြင္းမွာ သေရကစားႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ ၄-၁ နဲ႔ ဂိုးျပတ္အႏိုင္ရရွိပါတယ္။ေနာက္တစ္ဆင့္မွာ ဗယ္လက္တီအသင္းနဲ႔ယွဥ္ၿပိဳင္ခဲ့ရၿပီး အိမ္ကြင္းမွာ ၅-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး အေဝးကြင္းမွာ ဝ-၄ ဂိုးနဲ႔ ထပ္မံအႏိုင္ရရွိ ခဲ့ပါ တယ္။ေနာက္ဆုံးေျခစစ္ပြဲအျဖစ္ ဘိုရီေဆာ့ အသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ရာ အိမ္ကြင္မွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး အေဝးကြင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက မန္ယူအသင္းဘက္မွ ၂လုံး၇၀ အႏိုင္ ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃လုံး ၃၀အႏိုင္ဖြင့္လွစ္ထားပါတယ္။

အက္တာနာအသင္းအေနနဲ႔ အသင္းမွာ နာမည္ႀကီး ကစားသမားေတြ မပါဝင္ဘဲ အသင္းလိုက္စုစည္းမႈနဲ႔ ကစားေနတဲ့ အသင္းျဖစ္ပါတယ္။ အိမ္ကြင္းပြဲစဥ္ေတြမွာ ထင္မွတ္မထားေလာက္ေအာင္ ေျခစြမ္းျပႏိုင္ေပ မယ့္ အေဝးကြင္းပြဲစဥ္ေတြမွာေတာ့ ၿပိဳင္ဘက္ေတြကို ယွဥ္ၿပိဳင္ ကစားႏိုင္ျခင္းမရွိဘဲဂိုးျပတ္ေတြရႈံးနိမ့္ခဲ့ပါတယ္။ခ်န္ပီယံလိဂ္ေျခစစ္ပြဲအျဖစ္ ကလုဂ်္အသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့စဥ္က ေဘာလုံးပိုင္ဆိုင္မႈ ၃၆ ရာခိုင္ႏႈန္းသာရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၂ ႀကိမ္သာရရွိခဲ့ကာ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ ပါတယ္။

ယူ႐ိုပါလိဂ္ ေျခစစ္ပြဲကစားခဲ့တဲ့ ဘိုရီေဆာ့ နဲ႔ပြဲစဥ္မွာလည္း ေဘာလုံးပိုင္ ဆိုင္မႈ ၃၈ ရာခိုင္ႏႈန္းသာရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၈ ႀကိမ္ရရွိခဲ့ကာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။မန္ယူအသင္းအေနနဲ႔ အသင္း မွာ ဒဏ္ရာရ ကစား သမားေတြ မ်ားေနၿပီး ဂိုးသြင္းယူဖို႔ အခက္အခဲျဖစ္ေနေပမယ့္ အသင္းမွာ ရွိတဲ့ လူငယ္ကစားသမားေတြရဲ႕ အင္အား ၊ အိမ္ကြင္းအားသာခ်က္၊ ယုံၾကည္မႈေတြ တည္ေဆာက္ဖို႔ အခုပြဲစဥ္ကို မျဖစ္မေနအႏိုင္ ကစား လာမွာျဖစ္ပါတယ္။ အသင္းမွာ ရွိတဲ့ လူစာရင္းက အက္တာနာ အသင္း ဂိုးျပတ္ေတြရႈံးနိမ့္ခဲ့တဲ့ ကလုဂ်္ ၊ ဘိုရီေဆာ့ အသင္းေတြထက္ မညံ့တဲ့ အတြက္ အခုပြဲစဥ္မွာ ၂ ဂိုးနဲ႔ အထက္ အႏိုင္ရရွိသြားႏိုင္ေပမယ့္ ေဈး စတင္ ဖြင့္လွစ္စဥ္က ၂လုံး ၈၀ အရႈံးဖြင့္လွစ္ထားၿပီး ေဈးႏႈန္းက်ဆင္း လာကာ ၂လုံး၇၀ အႏိုင္ဖြင့္လွစ္ထားျခင္းကိုေတာ့ ထည့္သြင္း စဥ္းစားရ မွာျဖစ္ေၾကာင္း ---

KON (SPORT)