【 အားကစား 】နောက်တစ်ဆင့်တက်ဖို့အပြိုင်ရုန်းမယ့် အိုင်ဗရီကို့စ် နဲ့ အယ်ဂျီးရီးယား

  【  အားကစား  】နောက်တစ်ဆင့်တက်ဖို့အပြိုင်ရုန်းမယ့် အိုင်ဗရီကို့စ် နဲ့ အယ်ဂျီးရီးယား

အာဖရိကဖလား ရှုံးထွက် ကွာတား ပွဲစဉ်အဖြစ် အိုင်ဗရီကို့စ် နဲ့ အယ်ဂျီးရီးယား အသင်းတို့ ယနေ့  ည ၁၀ နာရီခွဲ နာရီအချိန်မှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

နည်းပြ အီဗရာဟင်ကာမာရာရဲ့ အိုင်ဗရီကို့စ် အသင်းဟာ ဥရောပ အခြေစိုက် ကစားသမား အများစုပါဝင်ပြီး နောက်တန်းမှာ စပါး အသင်း ရဲ့ အေယူး၊မိန့်အသင်းရဲ့ ဖီးလစ်ပီဂါးဘားမင့် အလယ်တန်းမှာ ဖူဟမ် အသင်းရဲ့ မိုက်ကယ်စီရီ၊တူးလော့စ်အသင်းရဲ့ ဆန်ဂါရီ၊ အေစီမီလန် အသင်း ရဲ့ ကိုင်စီ၊ ရှေ့တန်းမှာ ဆွမ်းဆီးအသင်းရဲ့ ဘိုနီ၊ပဲလေ့စ် အသင်း ရဲ့ ဇာဟာ၊လိုင်လီအသင်းရဲ့ ပီပီ တို့ပါဝင်ကစားနေပြီး အုပ်စု အဆင့် ပွဲစဉ်တွေမှာ ၂ ပွဲနိုင် ၁ ပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စု ဒုတိယရရှိပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ရှုံးထွက်အဆင့်မှာ မာလီအသင်းနဲ့တွေ့ဆုံခဲ့ပြီး ၇၆ မိနစ်မှာ ဇာဟာသွင်းယူခဲ့တဲ့ ၁ လုံးတည်းသော ဂိုးနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။ကစားပြီးခဲ့တဲ့ ၄ ပွဲစလုံး တစ်ဖက် အသင်းကို ခြေစွမ်းအသာ ဘောလုံးပိုင်ဆိုင်ခွင့် အသာမရရှိပေမယ့် ရလဒ်တွေကောင်းမွန်ခဲ့တဲ့အတွက်အခုအဆင့်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။

 

နည်းပြ ဘယ်မန်ဒီရဲ့ အယ်ဂျီးရီးယားအသင်းမှာ ဘက်တစ် အသင်း ရဲ့မန်ဒီ၊မန်စီးတီးအသင်းရဲ့ မာရက်၊နာပိုလီအသင်းရဲ့ အဒမ်အိုးနက်၊ ပေါ်တိုအသင်းရဲ့ ဘာဟီးမီတို့အဓိက ပါဝင်ကစားနေပြီး အုပ်စုတွင်း ပွဲစဉ်တွေ မှာ ကန်ယာ၊ဆီနီဂေါ၊တန်ဇီးနီးယားအသင်းတွေကို အနိုင် ယူ ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဂီနီအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါ တယ်။ကစားခဲ့တဲ့ ၄ ပွဲမှာရာနှုန်းပြည့်နိုင်ခဲ့ပြီး သွင်ဂိုး ၉ ဂိုးရရှိခဲ့ပြီး ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုပွဲကို ဘွန်ကီဒိုင်တွေက အယ်ဂျီးရီးယားအသင်းဘက်မှ သရေ ၆၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၁၅ အနိုင် ဖွင့်လှစ်ထားပါတယ်။ နှစ်သင်းတွေ့ဆုံမှု ၂ ကြိမ်မှာ အိုင်ဗရီကို့စ်အသင်းက ၁ပွဲနိုင် ၁ပွဲသရေ ကျ ထားပါတယ်။ ပြိုင်ပွဲတလျှောက် ကစားခဲ့တဲ့ခြေစွမ်းနဲ့ရလဒ်တွေအရ အယ်ဂျီးရီးယားအသင်းအသာရမှုရှိပေမယ့် ပြိုင်ပွဲအတွေ့ အကြုံနဲ့ နှစ်သင်းတွေ့ဆုံ မှုရလဒ်အရအခုပွဲစဉ်ဟာ မိနစ် ၉၀ အတွင်း အရှုံး အနိုင်အဖြေမပေါ်ဘဲ သရေရလဒ်ထွက်ပေါ်လာနိုင်ကြောင်း----

KON(SPORT) 

(  Zawgyi  )



 


KON(SPORT)