【 အားကစား 】ဘိုင်ယန် ဂိုးပြတ်နိုင်မယ်ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ်
 【  အားကစား  】ဘိုင်ယန် ဂိုးပြတ်နိုင်မယ်ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ်
ဂျာမန် ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဟာသာဘာလင် အသင်းတို့ ယနေ့ည ၁ နာရီအချိန်မှာ ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေအဖြစ် ၈ ပွဲကစားခဲ့ရာ မှာ ရီးရဲလ်၊အေစီမီလန်၊ ဖီနာဘာချီ၊ ရိုတက်၊အန်နာဂျီကော့ဘတ် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး စပါးအသင်းနဲ့ သရေကျကာ အာဆင်နယ် နဲ့ ဒေါ့မွန် အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။အခုပွဲစဉ်မှာ ဂိုး နူအာ၊ နောက်တန်း မှာ ဂျိုရှူအာ၊နီးလက်ဆူး၊ ပါဗက်၊ ဒေးဗစ်အလာဗာ၊ အလယ်တန်း ကစားသမားများအဖြစ် မူလာ၊အဲကန်တာရာ၊ဂိုရက်ဇာခါ ရှေ့တန်းကစား သမားများအဖြစ် ဆာဂျီဂန်ဘရီး၊လီဝန်ဒေါ့စကီး၊ ကင်စလီကိုမန်တို့ ပါဝင်ကစားလာနိုင်ပါတယ်။
ဟာသာဘာလင် အသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေအဖြစ် ၉ ပွဲကစားခဲ့ ရာမှာ အိမ့်ထရန့်၊ စထရန့်ဂရက်၊ ဖီနာ ဘာချီ၊ပဲလေ့စ်၊အစ်စတက် အသင်းတွေ ကို အနိုင်ရရှိခဲ့ပြီး ဘိုချန်၊ကားရူဟာ အသင်းတွေကို သရေ ကျပြီး အက်ဂျီ ဘရစ်၊ ဝက်ဟမ်းအသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂိုးသမားအဖြစ် ဂျာစတင်း၊ နောက်တန်း ကစားသမားများ အဖြစ် မက်ဆီမီလာ၊ နီကလပ်စတက်၊ ကာရင်းရီကစ်၊ လူကပ်ကလန်တာ၊ အလယ်တန်း ကစားသမားများအဖြစ် ဒါရီဒါ၊ ဒူဒါ၊မာကိုဂလူဂျစ်၊လူကီဘာကီအို၊ ကာလူး ရှေ့တန်းတိုက်စစ်မှူး အဖြစ် အိုင်ဗီဆီဗစ် တို့ပါဝင်ကစားလာနိုင်ပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဘိုင်ယန်မြူးနစ်အသင်းဘက်မှ ၂ လုံး ၂၀ အနိုင် ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၅၀ အရှုံးဖွင့်လှစ်ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၅ ြကိမ်မှာ ဘိုင်ယန်အသင်းက ၁၁ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ဘိုင်ယန်အသင်းအိမ်ကွင်း နောက်ဆုံး ၇ ပွဲမှာ ဘိုင်ယန်အသင်းက ၆ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပြီး အနိုင်ရရှိခဲ့တဲ့  ၆ ပွဲမှာ ၃ ဂိုးနဲ့ အထက်ပွဲစဉ်တွေက ၂ ပွဲသာရှိခဲ့ပါတယ်။
ရာသီကြိုပြင်ဆင်မှုအရ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အကောင်းဆုံးပြင် ဆင်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဟာသာဘာလင်အသင်းက အသင်းငယ်တွေနဲ့သာကစားခဲ့ပြီး ရလဒ်တွေ ဆိုးဝါးခဲ့ပါတယ်။အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေ ရဲ့ကြေးဖွင့်လှစ်မှုဟာ ပြင်းရှနေပြီး ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ၃ ဂိုးပြတ်အနိုင်ရရှိမှသာ အပြည့်အဝ အကျိုးခံစားခွင့်ရမှာဖြစ်တဲ့အတွက် အခုနောက်ပိုင်းနှစ်တွေ မှာ ခြေစွမ်းကျ ဆင်းလာတဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဟာသာဘာလင် အသင်းကို ၃ ဂိုးနဲ့ အထက်အနိုင်ရရှိဖို့ မလွယ်ကူ တဲ့ အတွက် ဟာသာဘာလင် အသင်းနဲ့သာလက်တွဲသင့်ပါကြောင်း----
KON(SPORT)
(  Zawgyi  )
KON(SPORT)