【 အားကစား 】မန်ယူကို အခက်တွေ့စေမယ့် ဝုလ်ဖ်
【  အားကစား  】မန်ယူကို အခက်တွေ့စေမယ့် ဝုလ်ဖ်
ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် ဝုလ် အသင်းနဲ့ ဝုလ်ဖ် အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဝုလ်ဖ် ရဲ့အိမ်ကွင်း မိုလီနက်မှာ ယှဉ်ပြိုင် ကစားကြ မှာဖြစ်ပါတယ်။
ဝုလ်ဖ် အသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေအဖြစ် အာရှပရီးမီးယားလိဂ်ဖလားမှာ နယူးကာဆယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းကို ပွဲချိန်အတွင်းသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ဥရောပလိဂ်ပွဲစဉ်မှာတော့ ခရူဆာဒါနဲ့ဖြူနစ် အသင်းတွေကို အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လက်စတာအသင်းကို အဝေးကွင်းမှာ သရေရရှိအောင်စွမ်းဆောင်ခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဂိုး ပတ်ထရီစီယို၊နောက်တန်း ဘန်းနက်၊ဒန်ဒွန်ကာ၊ဘွန်းနတ် အလယ်တန်းကစားသမားများအဖြစ် ကိုအာဒီ၊ ပတ်ထရီစီယို၊ ရူဘင်နေးဗက်စ်၊ယိုတာ၊မော်တင်ဟို၊ဘိုလီ ရှေ့တန်းကစားသမားအဖြစ် ဂျွန်နီတို့ ပါဝင်ကစားလာနိုင်ပါတယ်။မန်ယူအသင်းအနေနဲ့ ရာသီကြို ပွဲစဉ်တွေအဖြစ် ၆ ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ ပက်ဂလိုရီ၊ လိဒ်၊အင်တာ၊ စပါး၊ခရီစတီရန်ဆန့် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး အေစီမီလန်အသင်းနဲ့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
မန်ယူအသင်းဟာ နွေရာသီဈေးကွက်မှာ ကစားသမားအဝင်အထွက်တွေလှုပ်ခတ်ခဲ့ပြီး ပဲလေ့စ်အသင်းမှ ဘစ်ဆာကာ၊ဆွမ်ဆီးအသင်းမှ ဂျိမ်း၊ လက်စတာအသင်းမှ မက်ဂွိုင်ယာတို့ကို အားဖြည့်ခေါ်ယူထားပြီး ဟာရဲရား၊ဗလန်စီယာ နဲ့ လူကာကူတို့ အသင်းပြောင်းရွှေ့သွားခဲ့ြ့ပီဖြစ်ပါတယ်။အခုပွဲစဉ်မှာ ဂိုး ဒီဂီယာ၊ နောက်တန်းကစားသမားများအဖြစ် လုခ်ရှော၊မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ ဝမ်ဘစ် ဆာကာ ၊ အလယ်တန်း ကစားသမား များ အဖြစ် တွမ်မီနေး၊ပါရဲရား၊ပေါ့ဘာ၊ ရက်ဖို့ဒ်၊လင်ဂတ်၊ ရှေ့တန်းတိုက် စစ်မှူးအဖြစ် မာရှယ်တို့ပါဝင်ကစားလာနိုင်ပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်ယူအသင်းဘက်မှ သရေ ၆၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၇၀ အရှုံးဖွင့်လှစ် ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၈ ပွဲမှာ မန်ယူအသင်းက ၄ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးရလဒ်ကိုရရှိခဲ့ပြီး ယမန်နှစ်တွေ့ဆုံမှု ၃ ပွဲမှာ ဝုလ်ဖ် အသင်းက ၂ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပါတယ်။
မန်ယူအသင်းအနေနဲ့ နောက်တန်းမှာ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ ချိတ်ဆက်မိသွားပြီဖြစ်ပြီး ဂိုးသမားဒီဂီယာကလည်း ပုံမှန်လက်စွမ်းကို ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။ ရှေ့တန်းတိုက်စစ်ရဲ့အမြန်နှုန်းနဲ့ စုစည်းမှုကလည်း ချဲလ်ဆီးနဲ့ ပွဲမှာ အကောင်းဆုံးပုံစံကို ပြသသွားနိုင်ခဲ့ပါတယ်။ဝုလ်ဖ် အသင်းအနေနဲ့ ခံစစ်နဲ့ကွင်းလယ်မာကျောပြီး အသင်းတိုင်းကို အကောင်းဆုံး အခက်အခဲဖြစ် စေနိုင် တဲ့ခြေစွမ်းမျိုးကို ပိုင်ဆိုင်နေပြီဖြစ် ပါတယ်။
ယမန်နှစ်ကလည်း မန်ယူအသင်းကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပြီး FA  ဖလားမှာလည်း အနိုင်ယူနိုင်ခဲ့ပါတယ်။မန်စီးတီးလိုအသင်းမျိုးကို အာရှမြေမှာ သရေခံကစားထားနိုင်တဲ့ ဝုလ်ဖ် အသင်းအနေနဲ့ အိမ်ကွင်းမှာ မန်ယူအသင်းကို မရှုံးနိမ့်နိုင်တဲ့ အတွက် ဝုလ်ဖ် အသင်းနဲ့ သာလက်တွဲသင့်ပါကြောင်း ---
KON(SPORT)
(  Zawgyi  )
KON(SPORT)