【 အားကစား 】မွန်တီနီဂရိုးမြေ မှာ အနိုင်မရဘူးတဲ့ မှတ်တမ်းကို အင်္ဂလန် ချေဖျက်နိုင်ပါ့မလား

 【  အားကစား  】မွန်တီနီဂရိုးမြေ မှာ  အနိုင်မရဘူးတဲ့ မှတ်တမ်းကို   အင်္ဂလန် ချေဖျက်နိုင်ပါ့မလား

လတ်တလောခြေစွမ်းကို ကြည့်ပြီး ဒီပွဲမှာလည်းအင်္ဂလန်နိုင်နိုင် ပါ တယ်ဆိုတဲ့ မှတ်ချက်ကိုချမိရင် မှားတတ်ပါတယ်။ မွန်တီနီဂရို ဆို တာ ယခင်က ဥရောပမှာ တစ်ထီးတစ်နန်းနေခဲ့တဲ့ ယူဂိုဆလပ် အသင်းကြီးက နေ ခွဲထွက်လာတဲ့ အသင်းတစ်သင်းပါ။ ဒီအသင်းမှာ အဆိပ်ရှိပါတယ်။ဆားဘီးယားလိုဘဲ ဥရောပမှာ မထင် မှတ်တာတွေ ကို လုပ်ပြတတ်တဲ့ ဖျက်မြင်းအသင်းပါ။
ယူရို၂၀၂၀ ဥရောပအုပ်စု (A)မှာ  နာမည်ကြီး အင်္ဂလန်နဲ့အတူ မွန်တီနီဂရိုး၊ဘူလ်ဂေးရီးယား၊ကိုဆိုဗို၊ ချက်စ တဲ့ အရှေ့ ဥရောပ အသင်းတွေ ပါလာပါတယ်။ဒီအသင်းတွေကြောင့် အင်္ဂလန်ရဲ့ ယူရို ခရီးက မချောမွေ့ နိုင်ဘူးလို့ ယူဆလို့ရပေမယ့် လတ်တလောမှာ ဘူလ်ဂေးရီးယားက သွေးသစ်လောင်းအသင်း၊ ချက်က မျိုး ဆက်ကွာ ဟနေ တဲ့ အသင်းဖြစ်နေလို ယူဂိုဆလပ်က လာတဲ့ ကိုဆိုဗိုနဲ့ မွန်တီနီဂရို အသင်းနှစ်သင်းကို အင်္ဂလန် ဂရုစိုက်ဖို့ လိုပါတယ်။

 

တစ်ချိန်က ပိုဘောစကီးခြေစွမ်းကြောင့် လူသိများခဲ့တဲ့ ချက်အသင်း ကတော့ ယခုချိန်မှာ အိမ်နိမ့်စံအ သင်းဖြစ်နေပါပြီး ပွဲစဉ် ၁ မှာ အင်္ဂလန်ကို အဝေးကွင်မှာ ဂိုးအလှူပေးခဲ့ရတဲ့ အသင်းပါ။ မွန်တီနီဂရိုးအသင်းက တော့ စတွိုက်ကော့ပါဝင်ခဲ့ဘူးတဲ့ ဘူလ်ဂေးရီးယား အသင်းနဲ့ တစ်ဘက်တစ်ဂိုးစီနဲ့ အဝေးကွင်းမှာ သရေ ကျခဲ့ ပါတယ်။အသင်းမှာ ပါဝင်တဲ့သူအများစုက ပြည်တွင်းကလပ်တွေမှာ ကစားနေကြတဲ့သူတွေ ဆိုပေမယ့် အသင်း လိုက်ကစားအားကောင်း သလို လူငယ်တွေများတဲ့အတွက် အသင်းလိုက် ကစားအားကောင်း တဲ့အသင်းပါ။ မကြာမီက ယူရိုနေရှင်းလိဂ်မှာ ဆားဘီးယား၊ ရိုမေးနီးယားတို့ကို ရှုံးခဲ့ပေမယ့် ဂိုးပြတ်မဟုတ်ပါဘူး။ မွန်တီနီဂရိုး အိမ်ကွင်းရလဒ်တွေက မကောင်းပေမယ့် ဂိုးပြန်သွင်းနိုင်တာ ကိုတွေ့ရပါတယ်။
အင်္ဂလန်အသင်းကတော့ လတ်တလောမှာ လူငယ်မျိုးဆက်၊ မျိုးဆက်သစ်နည်းပြနဲ့ အတော်လေး ဟုတ် နေတဲ့ အသင်းပါ။အသင်း မှာ လူငယ်ကစားသမား ဆန်ချို၊အိုဒွိုင်းတို့လို့ လတ်တလောနာမည် ထွက်နေ တဲ့ လူ ငယ် ကစားသမားတွေပါသလို ဟယ်ရီကိန်း၊ ဟန်ဒါဆန်၊ မက်ဂွီရီတို့လို ကစားသမားတွေကြောင့် ရှေ့လယ် နောက် မျှပြီး ခြေစွမ်းကောင်းတွေ ပြနေတဲ့ အသင်းပါ။

စပိန်ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ ပွဲကစပြီး နောက်ပွဲတွေ မှာ မရှုံး တာ ကြာပါပြီ။ဒီနှစ်သင်းတွေ့ဆုံမှုမှာ သရေ ၃ ပွဲ ၊ အင်္ဂလန် နိုင်ပွဲ တစ်ပွဲ ရှိထားပါတယ်။ ဒီပွဲကို ဘွတ်ကီဒိုင်တွေက အင်္ဂလန်ဘက်က တစ်လုံး ၇၅ ပြားရှုံးပေးထားပြီး ဂိုးပေါင်း နှစ်လုံးရှုံးဈေးဖွင့်ထား ပါတယ်။ဒီပွဲမှာ လူတိုင်းကြိုက်တဲ့ အင်္ဂလန်ကို ရှောင်ပြီး အိမ်ကွင်းညှစ် ကစားလာမယ့် မွန်တီနီဂရိုးနဲ့ ဂိုးပေါ်ကို အကြိုက်တွေပါကြောင်း။။။

KON (SPORT) 

(   Zawgyi  )

 လတ္တေလာေျခစြမ္းကို ၾကည့္ၿပီး ဒီပြဲမွာလည္းအဂၤလန္ႏိုင္ႏိုင္ ပါ တယ္ဆိုတဲ့ မွတ္ခ်က္ကိုခ်မိရင္ မွားတတ္ပါတယ္။ မြန္တီနီဂ႐ို ဆို တာ ယခင္က ဥေရာပမွာ တစ္ထီးတစ္နန္းေနခဲ့တဲ့ ယူဂိုဆလပ္ အသင္းႀကီးက ေန ခြဲထြက္လာတဲ့ အသင္းတစ္သင္းပါ။ ဒီအသင္းမွာ အဆိပ္ရွိပါတယ္။ဆားဘီးယားလိုဘဲ ဥေရာပမွာ မထင္ မွတ္တာေတြ ကို လုပ္ျပတတ္တဲ့ ဖ်က္ျမင္းအသင္းပါ။
ယူ႐ို၂၀၂၀ ဥေရာပအုပ္စု (A)မွာ  နာမည္ႀကီး အဂၤလန္နဲ႔အတူ မြန္တီနီဂ႐ိုး၊ဘူလ္ေဂးရီးယား၊ကိုဆိုဗို၊ ခ်က္စ တဲ့ အေရွ႕ ဥေရာပ အသင္းေတြ ပါလာပါတယ္။ဒီအသင္းေတြေၾကာင့္ အဂၤလန္ရဲ႕ ယူ႐ို ခရီးက မေခ်ာေမြ႕ ႏိုင္ဘူးလို႔ ယူဆလို႔ရေပမယ့္ လတ္တေလာမွာ ဘူလ္ေဂးရီးယားက ေသြးသစ္ေလာင္းအသင္း၊ ခ်က္က မ်ိဳး ဆက္ကြာ ဟေန တဲ့ အသင္းျဖစ္ေနလို ယူဂိုဆလပ္က လာတဲ့ ကိုဆိုဗိုနဲ႔ မြန္တီနီဂ႐ို အသင္းႏွစ္သင္းကို အဂၤလန္ ဂ႐ုစိုက္ဖို႔ လိုပါတယ္။

တစ္ခ်ိန္က ပိုေဘာစကီးေျခစြမ္းေၾကာင့္ လူသိမ်ားခဲ့တဲ့ ခ်က္အသင္း ကေတာ့ ယခုခ်ိန္မွာ အိမ္နိမ့္စံအ သင္းျဖစ္ေနပါၿပီး ပြဲစဥ္ ၁ မွာ အဂၤလန္ကို အေဝးကြင္မွာ ဂိုးအလႉေပးခဲ့ရတဲ့ အသင္းပါ။ မြန္တီနီဂ႐ိုးအသင္းက ေတာ့ စတြိဳက္ေကာ့ပါဝင္ခဲ့ဘူးတဲ့ ဘူလ္ေဂးရီးယား အသင္းနဲ႔ တစ္ဘက္တစ္ဂိုးစီနဲ႔ အေဝးကြင္းမွာ သေရ က်ခဲ့ ပါတယ္။အသင္းမွာ ပါဝင္တဲ့သူအမ်ားစုက ျပည္တြင္းကလပ္ေတြမွာ ကစားေနၾကတဲ့သူေတြ ဆိုေပမယ့္ အသင္း လိုက္ကစားအားေကာင္း သလို လူငယ္ေတြမ်ားတဲ့အတြက္ အသင္းလိုက္ ကစားအားေကာင္း တဲ့အသင္းပါ။ မၾကာမီက ယူ႐ိုေနရွင္းလိဂ္မွာ ဆားဘီးယား၊ ႐ိုေမးနီးယားတို႔ကို ရႈံးခဲ့ေပမယ့္ ဂိုးျပတ္မဟုတ္ပါဘူး။ မြန္တီနီဂ႐ိုး အိမ္ကြင္းရလဒ္ေတြက မေကာင္းေပမယ့္ ဂိုးျပန္သြင္းႏိုင္တာ ကိုေတြ႕ရပါတယ္။
အဂၤလန္အသင္းကေတာ့ လတ္တေလာမွာ လူငယ္မ်ိဳးဆက္၊ မ်ိဳးဆက္သစ္နည္းျပနဲ႔ အေတာ္ေလး ဟုတ္ ေနတဲ့ အသင္းပါ။အသင္း မွာ လူငယ္ကစားသမား ဆန္ခ်ိဳ၊အိုဒြိဳင္းတို႔လို႔ လတ္တေလာနာမည္ ထြက္ေန တဲ့ လူ ငယ္ ကစားသမားေတြပါသလို ဟယ္ရီကိန္း၊ ဟန္ဒါဆန္၊ မက္ဂြီရီတို႔လို ကစားသမားေတြေၾကာင့္ ေရွ႕လယ္ ေနာက္ မွ်ၿပီး ေျခစြမ္းေကာင္းေတြ ျပေနတဲ့ အသင္းပါ။

စပိန္ကို အိမ္ကြင္းမွာ ရႈံးခဲ့တဲ့ ပြဲကစၿပီး ေနာက္ပြဲေတြ မွာ မရႈံး တာ ၾကာပါၿပီ။ဒီႏွစ္သင္းေတြ႕ဆုံမႈမွာ သေရ ၃ ပြဲ ၊ အဂၤလန္ ႏိုင္ပြဲ တစ္ပြဲ ရွိထားပါတယ္။ ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အဂၤလန္ဘက္က တစ္လုံး ၇၅ ျပားရႈံးေပးထားၿပီး ဂိုးေပါင္း ႏွစ္လုံးရႈံးေဈးဖြင့္ထား ပါတယ္။ဒီပြဲမွာ လူတိုင္းႀကိဳက္တဲ့ အဂၤလန္ကို ေရွာင္ၿပီး အိမ္ကြင္းညႇစ္ ကစားလာမယ့္ မြန္တီနီဂ႐ိုးနဲ႔ ဂိုးေပၚကို အႀကိဳက္ေတြပါေၾကာင္း။။။

KON (SPORT)