【 အားကစား 】ယူရိုပါလိဂ် ဝင်ခွင့်အတွက် အပြိုင်ရုန်းမယ့် တိုရီနိုနဲ့ ဝုဗ်လ်

【  အားကစား  】ယူရိုပါလိဂ် ဝင်ခွင့်အတွက် အပြိုင်ရုန်းမယ့် တိုရီနိုနဲ့ ဝုဗ်လ်

ယူရိုပါလိဂ်ခြေစစ်ပွဲ ရှုံးထွက် (ပ)အကျော့ ပွဲစဉ်အဖြစ် အီတလီကလပ်  တိုရီနိုအသင်းနဲ့ အင်္ဂလန်ကလပ်ဝုဗ်လ် အသင်း တို့ ယနေ့ည ၁ နာရီခွဲ အချိန်မှာ တိုရီနိုအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုလံပီကိုဂရန်ဒီမှာ ယှဉ်ပြိုင် ကစား တော့မှာဖြစ်ပါတယ်။

အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့မှာ အနိုင်ရရှိခဲ့တဲ့ အသင်း ယူရိုပါလိဂ် ဝင်ခွင့်ရရှိမယ့် နောက်ဆုံး ရှုံးထွက် ပွဲစဉ်ဖြစ်တာနဲ့အညီ တစ်သင်းနဲ့ တစ်သင်း အမှားမခံဘဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ တိုရီနို အသင်း အနေ နဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ဟန်ဂေရီကလပ် ဒီဘရီဆန် အသင်းနဲ့ ယှဉ်ပြိုင်ကစား ခဲ့ရာ အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့ပါတယ်။ရုရှားကလပ် ရှက်တီယာဆိုလီဂေါ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ကွင်းမှာ ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ၁-၁ သရေကျခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး ဆာဗက်တိုးဆီရီဂူး၊ နောက်တန်းကစားသမားများအဖြစ် ဘရီမာ၊ခိုးလော့၊ဘိုနီဖာဆီ၊ အလယ် တန်းကစားသမားများအဖြစ် ဒန်နီယယ်၊ဆိုလင်ဟိုမိုင်တီ၊ဘက်ဆဲလီ၊ဒီဆေးဗာလ်းထရီ ရှေ့တန်း ကစားသမား များအဖြစ် ဇာဇာ၊ဘယ်လော့တီ၊အဲလက်ဘာရန်ဂူအာ တို့ပါဝင်ကစားလာနိုင်ပါတယ်။ ဝုလ်ဖ် အသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေ အဖြစ် အာရှပရီးမီးယားလိဂ်ဖလားမှာ နယူးကာဆယ်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းကို ပွဲချိန် အတွင်း သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဥရောပ လိဂ် ပွဲစဉ်မှာတော့ ခရူဆာဒါနဲ့ဖြူနစ်အသင်းတွေကို အိမ်ကွင်း၊အဝေး ကွင်း နှစ်ကျော့ စလုံး အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လက်စတာအသင်းကို အဝေးကွင်းမှာ သရေရရှိအောင် စွမ်းဆောင် ခဲ့ပါ တယ်။အိမ်ကွင်းမှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ပွဲစဉ်မှာလည်း သရေရေ အာင် ကစားထားတဲ့ အတွက် အခုရာသီမှာကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ ၅ ပွဲနိုင် ၃ ပွဲသရေရလဒ်ကိုရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး ပတ်ထရီစီယို၊နောက်တန်း ဘန်းနက်၊ဒန်ဒွန်ကာ၊ ဘွန်းနတ် အလယ်တန်းကစားသမားများအဖြစ် ကိုအာဒီ၊ ပတ်ထရီစီယို၊ ရူဘင်နေးဗက်စ်၊ယိုတာ၊မော်တင်ဟို၊ဘိုလီ ရှေ့တန်းကစားသမားအဖြစ် ဂျွန်နီတို့ ပါဝင် ကစားလာနိုင်ပါတယ်။ အခုပွဲစဉ် ကို ဘွတ်ကီဒိုင်တွေက တိုရီနိုအသင်းဘက်မှ သရေ ၃၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂ လုံး ၆၀ အရှုံးဖွင့်လှစ်ထားပါတယ်။

ဝုဗ်အသင်းအနေနဲ့ ယူရိုပါလိဂ် ဒုတိယဆုကို တစ်ကြိမ်ရရှိဖူးထားပြီး ဥရောပ ပြိုင်ပွဲနဲ့ ဝေးနေတဲ့အတွက် အခုပွဲစဉ်ကို အားထည့်ကစားလာနိုင် ပါတယ်။ယမန်နှစ်ရာသီကလည်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး အခုနှစ်ရာသီအထိ ခြေစွမ်းတည်ငြိမ်လျှက်ရှိနေပါတယ်။တိုရီနိုအသင်းအနေနဲ့ အိမ်ကွင်းကစားအားကောင်းမွန်ပြီး ရှေ့တန်း တိုက်စစ်မှူးများဖြစ်တဲ့ ဇာဇာနဲ့ ဘာလော့ တီတို့ ဂိုးသွင်းခြေတွေ့နေပြီး ယူရိုပါလိဂ် ဝင်ခွင့်အတွက် အခုပွဲစဉ်ကို တိုက်စစ်ဖွင့်ကစားလာမှာ ဖြစ်ပါတယ်။ ခံစစ်နဲ့ကွင်းလယ်မာကျောတဲ့ ဝုဗ်အသင်းအနေနဲ့ မန်စီးတီးလို အသင်းမျိုးကို အာရှမြေမှာ ဂိုးမရှိ သရေခံကစား ထားနိုင်တဲ့ အတွက် အခုပွဲစဉ်မှာလည်း အကောင်းဆုံးခုခံ ကစားလာနိုင်တဲ့အတွက် အခုပွဲစဉ်ဟာ သွင်းဂိုးနည်း တဲ့ သရေ ပွဲစဉ်တစ်ခု ဖြစ်လာနိုင် ပါကြောင်း------

KON(SPORT)

(  Zawgyi  )

 ယူ႐ိုပါလိဂ္ေျခစစ္ပြဲ ရႈံးထြက္ (ပ)အေက်ာ့ ပြဲစဥ္အျဖစ္ အီတလီကလပ္  တိုရီႏိုအသင္းနဲ႔ အဂၤလန္ကလပ္ဝုဗ္လ္ အသင္း တို႔ ယေန႔ည ၁ နာရီခြဲ အခ်ိန္မွာ တိုရီႏိုအသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ အိုလံပီကိုဂရန္ဒီမွာ ယွဥ္ၿပိဳင္ ကစား ေတာ့မွာျဖစ္ပါတယ္။

အိမ္ကြင္း၊အေဝးကြင္း ႏွစ္ေက်ာ့မွာ အႏိုင္ရရွိခဲ့တဲ့ အသင္း ယူ႐ိုပါလိဂ္ ဝင္ခြင့္ရရွိမယ့္ ေနာက္ဆုံး ရႈံးထြက္ ပြဲစဥ္ျဖစ္တာနဲ႔အညီ တစ္သင္းနဲ႔ တစ္သင္း အမွားမခံဘဲ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ တိုရီႏို အသင္း အေန နဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္ပြဲစဥ္အျဖစ္ ဟန္ေဂရီကလပ္ ဒီဘရီဆန္ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစား ခဲ့ရာ အိမ္ကြင္းမွာ ၃-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အေဝးကြင္းမွာ ၁-၄ ဂိုးနဲ႔ ထပ္မံ အႏိုင္ရရွိခဲ့ပါတယ္။႐ုရွားကလပ္ ရွက္တီယာဆိုလီေဂါ့ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ အိမ္ကြင္းမွာ ၅-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အေဝးကြင္းမွာ ၁-၁ သေရက်ခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး ဆာဗက္တိုးဆီရီဂူး၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ဘရီမာ၊ခိုးေလာ့၊ဘိုနီဖာဆီ၊ အလယ္ တန္းကစားသမားမ်ားအျဖစ္ ဒန္နီယယ္၊ဆိုလင္ဟိုမိုင္တီ၊ဘက္ဆဲလီ၊ဒီေဆးဗာလ္းထရီ ေရွ႕တန္း ကစားသမား မ်ားအျဖစ္ ဇာဇာ၊ဘယ္ေလာ့တီ၊အဲလက္ဘာရန္ဂူအာ တို႔ပါဝင္ကစားလာႏိုင္ပါတယ္။ ဝုလ္ဖ္ အသင္းအေနနဲ႔ ရာသီႀကိဳပြဲစဥ္ေတြ အျဖစ္ အာရွပရီးမီးယားလိဂ္ဖလားမွာ နယူးကာဆယ္အသင္းကို ဂိုးျပတ္ အႏိုင္ရရွိခဲ့ၿပီး ဗိုလ္လုပြဲစဥ္မွာ မန္စီးတီးအသင္းကို ပြဲခ်ိန္ အတြင္း သေရက်ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဥေရာပ လိဂ္ ပြဲစဥ္မွာေတာ့ ခ႐ူဆာဒါနဲ႔ျဖဴနစ္အသင္းေတြကို အိမ္ကြင္း၊အေဝး ကြင္း ႏွစ္ေက်ာ့ စလုံး အႏိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ လက္စတာအသင္းကို အေဝးကြင္းမွာ သေရရရွိေအာင္ စြမ္းေဆာင္ ခဲ့ပါ တယ္။အိမ္ကြင္းမွာ ကစားခဲ့တဲ့ မန္ယူအသင္းနဲ႔ပြဲစဥ္မွာလည္း သေရေရ အာင္ ကစားထားတဲ့ အတြက္ အခုရာသီမွာကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ရႈံးပြဲမရွိဘဲ ၅ ပြဲႏိုင္ ၃ ပြဲသေရရလဒ္ကိုရရွိခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး ပတ္ထရီစီယို၊ေနာက္တန္း ဘန္းနက္၊ဒန္ဒြန္ကာ၊ ဘြန္းနတ္ အလယ္တန္းကစားသမားမ်ားအျဖစ္ ကိုအာဒီ၊ ပတ္ထရီစီယို၊ ႐ူဘင္ေနးဗက္စ္၊ယိုတာ၊ေမာ္တင္ဟို၊ဘိုလီ ေရွ႕တန္းကစားသမားအျဖစ္ ဂြၽန္နီတို႔ ပါဝင္ ကစားလာႏိုင္ပါတယ္။ အခုပြဲစဥ္ ကို ဘြတ္ကီဒိုင္ေတြက တိုရီႏိုအသင္းဘက္မွ သေရ ၃၀ အရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၂ လုံး ၆၀ အရႈံးဖြင့္လွစ္ထားပါတယ္။

ဝုဗ္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ဒုတိယဆုကို တစ္ႀကိမ္ရရွိဖူးထားၿပီး ဥေရာပ ၿပိဳင္ပြဲနဲ႔ ေဝးေနတဲ့အတြက္ အခုပြဲစဥ္ကို အားထည့္ကစားလာႏိုင္ ပါတယ္။ယမန္ႏွစ္ရာသီကလည္း ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ေျခစြမ္းျပခဲ့ၿပီး အခုႏွစ္ရာသီအထိ ေျခစြမ္းတည္ၿငိမ္လွ်က္ရွိေနပါတယ္။တိုရီႏိုအသင္းအေနနဲ႔ အိမ္ကြင္းကစားအားေကာင္းမြန္ၿပီး ေရွ႕တန္း တိုက္စစ္မႉးမ်ားျဖစ္တဲ့ ဇာဇာနဲ႔ ဘာေလာ့ တီတို႔ ဂိုးသြင္းေျခေတြ႕ေနၿပီး ယူ႐ိုပါလိဂ္ ဝင္ခြင့္အတြက္ အခုပြဲစဥ္ကို တိုက္စစ္ဖြင့္ကစားလာမွာ ျဖစ္ပါတယ္။ ခံစစ္နဲ႔ကြင္းလယ္မာေက်ာတဲ့ ဝုဗ္အသင္းအေနနဲ႔ မန္စီးတီးလို အသင္းမ်ိဳးကို အာရွေျမမွာ ဂိုးမရွိ သေရခံကစား ထားႏိုင္တဲ့ အတြက္ အခုပြဲစဥ္မွာလည္း အေကာင္းဆုံးခုခံ ကစားလာႏိုင္တဲ့အတြက္ အခုပြဲစဥ္ဟာ သြင္းဂိုးနည္း တဲ့ သေရ ပြဲစဥ္တစ္ခု ျဖစ္လာႏိုင္ ပါေၾကာင္း------

KON(SPORT)