【 အားကစား 】ရန်းနက်စ်ကို အနိုင်ယူပြီး ပြင်သစ်စူပါဖလားယူမယ့် PSG

 【  အားကစား  】ရန်းနက်စ်ကို အနိုင်ယူပြီး ပြင်သစ်စူပါဖလားယူမယ့်  PSG

ပြင်သစ်စူပါဖလား လုပွဲအဖြစ် အမှတ်ပေးချန်ပီယံ PSG အသင်းနဲ့ ရှုံးထွက် ချန်ပီယံ ရန်းနက်စ် အသင်းတို့ ယနေ့ည ၆ နာရီအချိန်မှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

PSG အသင်းအနေနဲ့ ရာသီသစ်အတွက် ကစားသမားခေါ်ယူမှုမှာ ထိပ်တန်းစာရင်းဝင်ကစားသမားခေါ်ယူမှုတွေ မတွေ့ရသေးဘဲ မန်ယူမှ ဟာရဲရား၊ဆီဗီးလားမှ ဆာရာဘီယာ၊ချဲလ်ဆီးဂိုးသမား ဘူကာ၊အေဂျက် နောက်ခံလူ ဘက်ကာ၊ဒေါ့မွန်နောက်ခံလူ ဒီယာလိုနဲ့ အဲဗာတန် ကွင်း လယ်ကစားသမား ဂူယီတို့ကို သာခေါ်ယူထားပြီး အသင်းရဲ့ ဝါရင့် ဂိုးသမား ဘူဖွန် အပါအဝင် ရာဘီရော့၊ဒန်နီရယ်အဲလ်ဗက်စ်၊ ဒီယာဘီ၊ ခရိုင်ချိုဝစ် တို့ကို ပြန်လည်ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲ စဉ်တွေမှာ ဒိုင်နမိုဒရီဆန် အသင်းကို ၆-၁ ၊ ဆစ်ဒနီအသင်းကို ၃-၀ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး နူရင်ဘတ်အသင်းနဲ့ အင်တာ အသင်းတို့ကို ၁-၁ ဂိုးနဲ့ သရေကျခဲ့ပါတယ်။

ရန်းနက်စ် အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ပြင်သစ်ရှုံးထွက်ဗိုလ်လုပွဲမှာ PSG အသင်းကို ပင်နယ်တီ အဆုံး အဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် အခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားခွင့်ရရခဲ့တာဖြစ်ပြီး ကစားသမား သစ်ခေါ် ယူမှုအနေနဲ့ အန်ဂါစ်မှ ဖလဲဗီယန်တဲကိုခေါ်ယူထားပြီး ပြီးခဲ့တဲ့ ရာသီက အငှားနဲ့ခေါ်ယူထားတဲ့ မော့အူဆာ၊ဒီယာရာ၊ဒီယာဖရာဆာခိုတို့ကို အသင်းဟောင်းဆီ ပြန်လွှတ်ပေးခဲ့ရပါတယ်။ ရန်းနက်စ် အသင်းအနေနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ဘရက် အသင်းကို ဝ-၁၊လက်ပဇစ်အသင်း ကို ၂-၀ ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပြီး ဆဲလ်တစ်အသင်းကို ဝ-၀ သရေကျခဲ့ပါ တယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက PSG အသင်းဘက်မှ ၂ လုံး ၄၀ အနိုင်ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၈၅ အရှုံးဖွင့်လှစ်ထားပါတယ်။နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂၂ ပွဲမှာ PSG အသင်းက ၁၄ ပွဲနိုင် ၄ သရေ ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ အမှတ်ပေးပြိုင်ပွဲ တွေမှာ PSG အသင်းက ၄-၁၊ ၁-၃ ဂိုးတွေနဲ့ ၂ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး ရှုံးထွက်ဗိုလ်လုပွဲ မှာ ၂-၂ စီသရေကျခဲ့ပြီး ပိုင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါ တယ်။

နှစ်သင်းတွေ့ဆုံမှု သမိုင်းအစဉ်အလာ၊ ကစားသမားအင်အား နဲ့ ရာသီ ကြိုခြေစမ်းပွဲ ရလဒ်တွေအရ အဘက်ဘက်က သာလွန်နေ တဲ့ PSG အသင်းက  ရက်နက်စ် အသင်းကို ယမန်နှစ်က ရှုံးထွက်ချန်ပီယံ ရှုံးကြွေးပြန်ဆပ်ပြီး ဂိုးပြတ်နိုင်ပွဲရယူသွားနိုင်တဲ့အတွက် PSG အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း -------

KON(SPORT)

(  Zawgyi  )






KON(SPORT)