【 အားကစား 】လက်ရှိချန်ပီယံ ဗိုလ်လုပွဲတက်မယ့် ကိုပါ ဖလား

 【  အားကစား  】လက်ရှိချန်ပီယံ ဗိုလ်လုပွဲတက်မယ့် ကိုပါ ဖလား

ကိုပါအမေရိက ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ချီလီ အသင်းနဲ့ ပီရူး အသင်းတို့ ဇူလိုင်လ ၄ ရက် နံနက် ၇ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ နည်းပြ ရူအီဒါ ရဲ့ချီလီ အသင်းဟာ ကမ္ဘာ့အဆင့် ၁၅ မှာ ရပ်တည်နေပြီးရှေ့တန်းမှာ ဆန်းချက်၊ အလယ်တန်း မှာ ဗီဒဲလ် ၊အာရန်ဂွက်ဇ် တို့ပါဝင်ကစားလျှက်ရှိပါတယ်။

ချီလီအသင်းဟာ အုပ်စုတွင်း အဖွင့်ပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ ပွဲစဉ်မှာ ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန် သွင်းမှု ၁၀ ကြိမ်မှာ ၂ ဂိုးရရှိခဲ့ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဥရုဂွေး အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ အတွက် ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာ ကိုလံဘီယာ အသင်းကို ပွဲချိန်အတွင်း သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တဲ့ အတွက် အခုအဆင့်ကို တက်ရောက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ပီရူးအသင်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ခေါ်ယူခန့်အပ်ထားတဲ့ နည်းပြ ဂါရီကာနဲ့ အတူ တိုးတက်လာတဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပြီး ကိုပါ ဖလားပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ရယူလေ့ရှိတဲ့ အသင်းဖြစ် ပါတယ်။ ယခုနှစ် အုပ်စုတွင်းကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ဗင်နီဇွဲလားအသင်းနဲ့ သရေ၊ဘိုလီးဗီးယားအသင်းကို အနိုင်၊ ဘရာဇီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ကွာတား အဆင့်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ကွာတားအဆင့်မှာ ဥရုဂွေးခြေရည်တူကစားနိုင်ခဲ့ပြီး ဥရုဂွေးအသင်းနဲ့ ထိုးဖောက်မှုတွေကို အကောင်းဆုံး ခံကစားနိုင်ခဲ့တဲ့ အတွက် ပွဲချိန်အတွင် သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာ ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းတွေ့ဆုံမှုနောက်ဆုံး ၁၀ ပွဲမှာ သရေကျခဲ့ခြင်းမရှိဘဲ ချီလီအသင်းက ၈ ပွဲနိုင် ၂ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲကို ဘွန်ကီဒိုင်တွေ က ချီလီ အသင်းဘက်မှသရေအရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်းက ၂ လုံးသရေ ဖွင့်လှစ်ထားပါတယ်။နှစ်သင်းစလုံးကို နှိုင်းယှဉ်ကြည့်ရင် ချီလီအသင်းဟာ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ခြေစွမ်းတည် တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ယှဉ်ပြိုင်ကစားနေပြီး ပီရူးအသင်းကလည်း အသင်း လိုက် စုဖွဲ့မှုကောင်းကောင်းနဲ့ အခုအဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။နှစ်သင်းတွေ့ဆုံမှု အရ သရေကျလေ့မရှိတဲ့ အတွက် အခုပွဲကို တစ်သင်းသင်းက အနိုင်ပြတ်သားစွာရရှိနိုင်တဲ့ အတွက် ပြိုင်ပွဲအတွေ့အကြုံနဲ့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေပိုင်ဆိုင်ထားပြီး ၃ နှစ်ဆက်ချန်ပီယံဖြစ်ဖို့ရည်မှန်းနေတဲ့ချီလီ အသင်းနဲ့ လက်တွဲသင့်ပြီး ပိတ်ဆို့ကစားလာမယ့် ပီရူးအသင်းကြောင့် ဂိုးအောက် ဖြစ်ပေါ် လာနိုင်ကြောင်း ------

KON (SPORT) 

(  Zawgyi  )

 ကိုပါအေမရိက ဖလားၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ လက္ရွိခ်န္ပီယံ ခ်ီလီ အသင္းနဲ႔ ပီ႐ူး အသင္းတို႔ ဇူလိုင္လ ၄ ရက္ နံနက္ ၇ နာရီအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ နည္းျပ ႐ူအီဒါ ရဲ႕ခ်ီလီ အသင္းဟာ ကမာၻ႔အဆင့္ ၁၅ မွာ ရပ္တည္ေနၿပီးေရွ႕တန္းမွာ ဆန္းခ်က္၊ အလယ္တန္း မွာ ဗီဒဲလ္ ၊အာရန္ဂြက္ဇ္ တို႔ပါဝင္ကစားလွ်က္ရွိပါတယ္။

ခ်ီလီအသင္းဟာ အုပ္စုတြင္း အဖြင့္ပြဲစဥ္အျဖစ္ ဂ်ပန္အသင္းနဲ႔ ပြဲစဥ္မွာ ၄ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။ အီေကြေဒါအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၄၇ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္ သြင္းမႈ ၁၀ ႀကိမ္မွာ ၂ ဂိုးရရွိခဲ့ၿပီး ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ဥ႐ုေဂြး အသင္းကို ေဘာလုံးပိုင္ဆိုင္မႈ ၅၉ ရာခိုင္ႏႈန္းအထိရွိခဲ့ၿပီး ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိတဲ့ အတြက္ ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ၿပီး ကြာတား ဖိုင္နယ္ အဆင့္ကို တက္ေရာက္ခဲ့ပါတယ္။

ကြာတားဖိုင္နယ္အဆင့္မွာ ကိုလံဘီယာ အသင္းကို ပြဲခ်ိန္အတြင္း သေရက်ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္မွာ အႏိုင္ရရွိခဲ့တဲ့ အတြက္ အခုအဆင့္ကို တက္ေရာက္ လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။ပီ႐ူးအသင္းဟာ ၂၀၁၅ ခုႏွစ္ကတည္းက ေခၚယူခန႔္အပ္ထားတဲ့ နည္းျပ ဂါရီကာနဲ႔ အတူ တိုးတက္လာတဲ့ ေျခစြမ္းေတြကို ပိုင္ဆိုင္ထားၿပီး ကိုပါ ဖလားၿပိဳင္ပြဲေတြမွာလည္း ရလဒ္ေကာင္းေတြ ရယူေလ့ရွိတဲ့ အသင္းျဖစ္ ပါတယ္။ ယခုႏွစ္ အုပ္စုတြင္းကစားခဲ့တဲ့ အဖြင့္ပြဲစဥ္မွာ ဗင္နီဇြဲလားအသင္းနဲ႔ သေရ၊ဘိုလီးဗီးယားအသင္းကို အႏိုင္၊ ဘရာဇီးအသင္းကို ရႈံးနိမ့္ခဲ့ၿပီး ကြာတား အဆင့္ကိုတက္ေရာက္လာခဲ့တာျဖစ္ပါတယ္။ကြာတားအဆင့္မွာ ဥ႐ုေဂြးေျခရည္တူကစားႏိုင္ခဲ့ၿပီး ဥ႐ုေဂြးအသင္းနဲ႔ ထိုးေဖာက္မႈေတြကို အေကာင္းဆုံး ခံကစားႏိုင္ခဲ့တဲ့ အတြက္ ပြဲခ်ိန္အတြင္ သေရက်ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္မွာ အႏိုင္ယူကာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္လာ ခဲ့တာျဖစ္ပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈေနာက္ဆုံး ၁၀ ပြဲမွာ သေရက်ခဲ့ျခင္းမရွိဘဲ ခ်ီလီအသင္းက ၈ ပြဲႏိုင္ ၂ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ အခုပြဲကို ဘြန္ကီဒိုင္ေတြ က ခ်ီလီ အသင္းဘက္မွသေရအရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္းက ၂ လုံးသေရ ဖြင့္လွစ္ထားပါတယ္။ႏွစ္သင္းစလုံးကို ႏႈိင္းယွဥ္ၾကည့္ရင္ ခ်ီလီအသင္းဟာ လက္ရွိခ်န္ပီယံဆိုတဲ့ ဂုဏ္ပုဒ္နဲ႔အညီ ေျခစြမ္းတည္ တည္ၿငိမ္ၿငိမ္နဲ႔ အေကာင္းဆုံး ယွဥ္ၿပိဳင္ကစားေနၿပီး ပီ႐ူးအသင္းကလည္း အသင္း လိုက္ စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ အခုအဆင့္ကို တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။ႏွစ္သင္းေတြ႕ဆုံမႈ အရ သေရက်ေလ့မရွိတဲ့ အတြက္ အခုပြဲကို တစ္သင္းသင္းက အႏိုင္ျပတ္သားစြာရရွိႏိုင္တဲ့ အတြက္ ၿပိဳင္ပြဲအေတြ႕အႀကဳံနဲ႔ ပြဲအေျဖကို ေျပာင္းလဲေပးႏိုင္တဲ့ ကစားသမားေတြပိုင္ဆိုင္ထားၿပီး ၃ ႏွစ္ဆက္ခ်န္ပီယံျဖစ္ဖို႔ရည္မွန္းေနတဲ့ခ်ီလီ အသင္းနဲ႔ လက္တြဲသင့္ၿပီး ပိတ္ဆို႔ကစားလာမယ့္ ပီ႐ူးအသင္းေၾကာင့္ ဂိုးေအာက္ ျဖစ္ေပၚ လာႏိုင္ေၾကာင္း ------

KON (SPORT)