【 အားကစား 】လန်ဒန်မှာဂန်းနားတွေကိုနင်းခြေမယ့် နေပယ်လ်သားတွေနဲ့ရပ်တည်မယ်
 【  အားကစား  】လန်ဒန်မှာဂန်းနားတွေကိုနင်းခြေမယ့် နေပယ်လ်သားတွေနဲ့ရပ်တည်မယ်
ယနေ့ည၁နာရီခွဲမှာယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ပွဲစဉ် ၄ ပွဲကိုတစ်ပြိုင်နက် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် ၄ ပွဲမှာ အင်္ဂလန်အသင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်ပါဝင်နေပြီး ဒီထဲကတစ်သင်းဖြစ်တဲ့  အာဆင်နယ်အသင်းက အီတလီ ထိပ်သီးကလပ် နာပိုလီအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
ဒီပွဲမှာအာဆင်နယ်အသင်းသေချာပေါက်အနိုင်ရဖို့ ကစားမှာဖြစ်သလိုနာပိုလီအသင်း အနေနဲ့ လည်း အင်္ဂလန်မြေမှာချန်ပီယံလိဂ် အုပ်စုပွဲအဖြစ် လီဗာပူးလ်ကိုရှုံးခဲ့တဲ့အတွက် နောက်ထပ်အင်္ဂလန်အသင်းတစ်သင်း ကိုထပ်မရှုံးဖို့ ကစားမှာသေချာနေပါတယ်။ ဒီအတွက် ပရီးမီးယားလိဂ် မှာကျင်လည်ခဲ့ဖူးတဲ့ လက်ရှိ နာပိုလီအ သင်း နည်းပြအန်ဆယ်လော့တီဘက်ကအသေအချာပြင်ဆင်လာမှာသေချာနေပါတယ်။
အာဆင်နယ်အသင်းကတော့ ဒီရာသီပရီမီးယားလိဂ်  ပွဲစဉ် ၃၂ပွဲကစားခဲ့ရာမှာ၁၉ပွဲနိုင် ၆ ပွဲသရေ ၇ ပွဲ ရှုံးကာရဂိုး၆၅ဂိုးပေးဂိုး၄၀ဂိုးနဲ့ အဆင့် ၅နေရာမှာရှိနေပါတယ်။ ဒီရာသီအိမ် ကွင်း၁၇ပွဲတိတိကစားခဲ့ ရာမှာ ၁၄ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။သွင်းဂိုး၃၉ဂိုးသွင်းကာ ၁၂ ဂိုးပြန် ပေးခဲ့ရပါတယ်။ဒီနူန်းကအိမ်ကွင်းပွဲစဉ် တွေမှာ တစ်ပွဲကို ၂ ဂိုးကျော်သွင်းကာတစ်ဂိုးအောက် ပေးဂိုးရှိခဲ့တဲ့အသင်းပါ။
ယူရိုပါလိဂ် ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် အုပ်စု(E)မှာပါဝင်ပြီးကွာရာဘတ်၊ စပိုတင်း ၊ ဗိုစလ်ကာ အသင်းတွေနဲ့ ကစားပြီး ၆ ပွဲကစားပြီး ၁၆ မှတ်ရကာအုပ်စုဗိုလ်အနေနဲ့ ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်ကို တက် လာတာပါ။ ၃၂ သင်းအဆင့် အိမ်ကွင်းမှာဘိတ်ဘိုရီဆော့ဗ်ကို လက်ခံ ကစားခဲ့ရာမှာ သုံးဂိုးပြတ်အနိုင်ရပြီး ဒီ အဆင့်ကိုတက်လာခဲ့တဲ့ အသင်းပါ။ ၁၆ သင်းအဆင့်မှာ ပြင်သစ်လီဂူး-၁ အသင်းရင်းနက်စ်ကို ပထမ အကျော့မှာ ၃-၁ နဲ့ ရှုံးပြီးအိမ်ကွင်းမှာ  ၃ ဂိုးပြတ်အနိုင်ရလို့ နှစ်ကျော့ပေါင်း၄-၃နဲ့ အနိုင်ရပြီးဒီအဆင့်ကိုရလာခဲ့တာပါ။
ဧည့်သည် နာပိုလီအသင်းကတော့ချန်ပီယံလိဂ်ကနေအုပ်စုတတိယနေရာရလို့ ယူရိုပါလိဂ်ကို ရောက် လာတာပါ။ ချန်ပီယံလိဂ်မှာသေမင်း တမန်အုပ်စု လို့ခေါ်တဲ့ အုပ်စု(C) မှာဇာဗက်ဒါ၊နာပိုလီ၊PSG ၊လီဗာပူးလ်တို့ နဲ့ ကစားခဲ့ပြီးဒီအုပ်စုကနေလီဗာပူးလ်၊ PSGတို့ အောက် တတိယနေရာကနေယူရိုပါလိဂ်ကိုဆင်းကစားခဲ့ရတာပါ။
ယူရိုပါလိဂ် ရှုံးထွက်အဆင့် ၃၂ သင်းမှာ FC ဇူးရစ်ချ်အသင်းကို အဝေးကွင်းမှာ ၁-၃ ၊ အိမ်ကွင်းမှာ ၂ -၀ နဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့် မှာခြေစွာနေတဲ့ ဆဲလ်ဘတ်ကိုအိမ်ကွင်းမှာ ၃ ဂိုးပြတ်နိုင်ပြီး အဝေးကွင်းမှာ ၃-၁ နဲ့ ပြန်ရှုံးခဲ့ပါတယ်။  နာပိုလီအသင်းကို ဝါရင့်နည်းပြ အန်ဆလော့ တီကိုင်တွယ်နေတာဖြစ်ပြီးကွင်းလယ်မှာ မာတန်းစ်၊ အင် ဆစ်ဂလီ၊ကယ်လီဂျွန်တို့အတွဲအဖက်က ပြန်အတွဲမိလာတဲ့အတွက် ပွဲစဉ် ၃၁ပွဲကစားပြီးချိန်မှာ ၁၉ပွဲနိုင် ၊၇ ပွဲသရေ၊၅ ပွဲရှုံးထားပြီးသွင်းဂိုး၅၈ ဂိုးပေးဂိုး၂၇ဂိုးနဲ့ အမှတ်ပေးဇယားဒုတိယနေရာကိုရောက် နေပါတယ်။ ဂျော် ဂျင်ဟိုထွက်သွားတဲ့ ကွင်းလယ်မှာရာသီအစကလိုအပ်ချက်တွေရှိပေမယ့် နောက်ပိုင်းမှာပြန်ဖြည့်နိုင်ခဲ့တဲ့အ တွက် အဝေးကွင်း ၁၆ပွဲမှာသွင်းဂိုး ၃၄ဂိုး၊ပေးဂိုး ၁၂ဂိုးရှိနေတဲ့အတွက် နာပိုလီနောက်တန်းကအတိုင်း အတာတစ်ခုထိစိတ်ချရတဲ့ အနေအထားမှာရှိတာကိုတွေ့ရပါတယ်။ သတိထားစရာကနာပိုလီကဂိုးသမား အော့စ်ပင်နာက ယခင်ကအာဆင်နယ်ဂိုးသမားဖြစ်ခဲ့တာကိုပါ။    
ယခုပွဲစဉ်အတွက် ပွဲကြိုထွက်လာတဲ့ လူစာရင်းအရအိမ်ရှင် အာဆင် နယ် အသင်းမှာဂိုး -လီနို၊နောက် တန်း-မိုနာရယ်လ်၊ဆိုကရာတစ်၊ မူစတာဖီ၊အလယ်တန်း-ဂွမ်ဒိုဇူ၊ရမ်ဆေး၊ မစ်ဒ်လန်းနိုင်း၊ ကိုလာစီနက်၊ အိုင်ဝို ဘီ၊ ရှေ့တန်း- အော်ဘာမီယန်း၊လာကာဇက်တီတို့ ပါဝင် လာဖွယ်ရှိနေပြီးနာပိုလီဘက်ကဂိုး- အဲလက်စ် မာရက်၊နောက်တန်း -မာရီယိုရိုင်း၊ဟာဆာဂျိ၊ကိုလီဘလေး၊ မက်ဆီမိုဗစ်၊အလယ်တန်း -အလန်၊ကယ်လီဂျွန်၊ ဖေဘီယန်ရစ်ဇ်၊ ဇီလင်စကီး၊ရှေ့တန်း- အင်ဆစ်ဂနီ၊မာတန်းစ် တို့နဲ့ ပွဲထွက်လာနိုင်သလိုပါတယ်။
ဒီပွဲကိုဘွတ်ကီဒိုင်တွေဈေးပေးရာမှာအာဆင်နယ်ဘက်ကနေသရေကျရင် ပြား ၃၀အရှုံးပေးထား ကာဂိုးပေါင်းက ၃လုံး ပြား၇၀ အနိုင်ပေးထားပါတယ်။ ဒီပွဲမှာအိမ်ရှင်အာဆင်နယ်အသင်းနဲ့နေသင့်ပေမယ့် နာပိုလီနည်းပြအန်ဆယ်လော့တီ၊ နာပိုလီဂိုးသမားအော့စ်ပင် နာတို့ကြောင့် အပြင် ဈေးကျလာတဲ့ အာဆင်နယ် ကြောင့် ဧည်သည် နာပိုလီအသင်းနဲ့ ဂိုးအပေါ်နေတာအကောင်းဆုံး လိုထင်ပါကြောင်း။။။။။။။။။။။
KON(SPORT) 
(  Zawgyi  )
KON(SPORT)