【 အားကစား 】လီဗာပူအသင်း ဂိုးပြတ်အနိုင်ရမယ့် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်
【 အားကစား  】လီဗာပူအသင်း ဂိုးပြတ်အနိုင်ရမယ့် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်
အင်္ဂလန်ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် လီဗာပူအသင်းနဲ့နောဝစ်ချ် အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ လီဗာပူအသင်းရဲ့ အန်ဖီးလ် ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
လီဗာပူအသင်းအနေနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် ခြေစမ်းပွဲ ၇ ပွဲကစားခဲ့ရာမှာ ထရန်မီလီ၊ဘရန့်ဖို့၊လိုင်ယွန်အသင်းတွေကို အနိုင်ရ ရှိခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းနဲ့ သရေကျကာ ဒေါ့မွန်၊ဆီဗီးလား၊ နာပိုလီအသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။ကွန်မြူနတီဖလားလုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာတော့ မိနစ် ၉၀ အတွင်း သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ လီဗာပူအသင်းအနေနဲ့ ဂိုး အဲလီဆန်၊နောက်တန်းမှာ အလက်ဇန်းဒါး၊ဂိုမက်၊ ဗန်ဒစ်၊ရောဘတ်ဆန်၊ အလယ်တန်းမှာ ဟန်ဒါဆန်၊ဖေမီနို၊ဝင်ဂျယ်လန်၊ရှေ့တန်းမှာ ဆာလက်၊ဖာမီနို၊အော်ရီဂီတို့ ပါဝင်ကစား လာနိုင်ပါတယ်။နော့ဝစ်ချ် အသင်းအနေနဲ့ ရာသီကြိုခြေစမ်း ပွဲစဉ်တွေ အဖြစ် ခြေစမ်းပွဲ ၆ ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ ရှော့ကေး၊ လူတန်၊တူးလော့စ် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး အာမီးနီးယာဘီနီဖက် အသင်းနဲ့ သရေကျကာ ဘရန်ဖို့ဒ်၊အတ္တလန္တာ အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။
နော့ဝစ်ချ် အသင်းအနေနဲ့ အခုပွဲစဉ်မှာ ဂိုး ဖာဟန်၊နောက်တန်း ကစား သမား များအဖြစ် ဂျာမယ်လီဝစ်၊ ဘန်ဂေါ ဖရီး၊တင်းကလို့စ်၊ မက်အေရွန်၊ အလယ်တန်းကစားသမားများအဖြစ် မာရီယိုဘရန့်ကစ်၊တွန်းထရီဘူး၊ အိုနယ် ဟာနန်ဒက်၊မာကိုစတီပါမန်၊အီမီလယ်နိုဘန်ဒီရာ ရှေ့တန်းမှာ တန်မူးပွတ်ကီတို့ယှဉ်ပြိုင်ကစားလာနိုင်ပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက လီဗာပူအသင်းဘက်မှ ၂ လုံး ၃၅ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး၅၅ အရှုံးဖွင့်လှစ်ထားပါတယ်။ နှစ်သင်းတွေ့ ဆုံ မှုနောက်ဆုံး ၈ ပွဲမှာ လီဗာပူအသင်းက ၆ ပွဲနိုင် ၂ ပွဲ သရေ ရလဒ်ကို ရရှိထားပြီး အနိုင်ရရှိ ထားတဲ့ ၆ ပွဲမှာ ၄ ပွဲက ဂိုးပြတ် အနိုင် ရရှိခဲ့ တာဖြစ်ပါတယ်။
ချန်ပီယံဖြစ်ဖို့ရည်မှန်းထားတဲ့ လီဗာပူအသင်းအနေနဲ့ အခုလိုပွဲစဉ်မျိုးမှာ တန်းတက်အသင်းဖြစ်တဲ့ နော့ဝစ်ချ် အသင်းကို ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်ထားရမှာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း နောဝစ်ချ်အသင်း ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ဘရန်ဖို့ဒ်အသင်းကို ၃-၁ နဲ့ အနိုင်ယူထားပြီး နှစ်သင်းတွေ့ဆုံမှုအစဉ်အလာ ၊အိမ်ကွင်းအားသာချက် တွေအရ အခုပွဲစဉ်မှာ လည်းလီဗာပူအသင်းသာ ဂိုးပြတ်အနိုင်ရရှိ သွားနိုင်ကြောင်း ------
KON ( Sport )
(  Zawgyi  )
 အင်္ဂလန်ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် လီဗာပူအသင်းနဲ့နောဝစ်ခ်ျ အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ လီဗာပူအသင်းရဲ့ အန်ဖီးလ် ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
နော့ဝစ်ခ်ျ အသင်းအနေနဲ့ အခုပွဲစဉ်မှာ ဂိုး ဖာဟန်၊နောက်တန်း ကစား သမား များအဖြစ် ဂျာမယ်လီဝစ်၊ ဘန်ဂေါ ဖရီး၊တင်းကလို့စ်၊ မက်အေရွန်၊ အလယ်တန်းကစားသမားများအဖြစ် မာရီယိုဘရန့်ကစ်၊တွန်းထရီဘူး၊ အိုနယ် ဟာနန်ဒက်၊မာကိုစတီပါမန်၊အီမီလယ်နိုဘန်ဒီရာ ရှေ့တန်းမှာ တန်မူးပွတ်ကီတို့ယှဉ်ပြိုင်ကစားလာနိုင်ပါတယ်။
ချန်ပီယံဖြစ်ဖို့ရည်မှန်းထားတဲ့ လီဗာပူအသင်းအနေနဲ့ အခုလိုပွဲစဉ်မျိုးမှာ တန်းတက်အသင်းဖြစ်တဲ့ နော့ဝစ်ခ်ျ အသင်းကို ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်ထားရမှာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း နောဝစ်ခ်ျအသင်း ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ဘရန်ဖို့ဒ်အသင်းကို ၃-၁ နဲ့ အနိုင်ယူထားပြီး နှစ်သင်းတွေ့ဆုံမှုအစဉ်အလာ ၊အိမ်ကွင်းအားသာချက် တွေအရ အခုပွဲစဉ်မှာ လည်းလီဗာပူအသင်းသာ ဂိုးပြတ်အနိုင်ရရှိ သွားနိုင်ကြောင်း ------
KON ( Sport )