【 အားကစား 】သရေတစ်မှတ်ရဖို့ ဘာစီလိုနာ ကို မန်ယူ ဘယ်လိုရင်ဆိုင်မလဲ

 【   အားကစား  】သရေတစ်မှတ်ရဖို့ ဘာစီလိုနာ ကို မန်ယူ ဘယ်လိုရင်ဆိုင်မလဲ

ဒီအဆင့်မှာ အရှိတရားကို လက်ခံဖို့ လိုပါတယ်။ မန်ယူကြိုက် တာတွေ ဘာစီကောင်းတာတွေ ဘေး ဖယ်ပြီး ဖြစ်နိုင်တာကို ချည်းကပ်မယ်ဆိုရင် မန်ယူအသင်းဒီပွဲမှာ ရနိုင်တဲ့ အမြင့်ဆုံးရလဒ်က သရေတစ်မှတ် ပါဘဲ။

ယခုနှစ် ချန်ပီယံလိဂ်ကို ပရီးမီးယားလိဂ်ကနေ အသင်း ၄ သင်းတက်လာပေမယ့်ဒီထဲမှာ အားအနည်း ဆုံးလို့ သတ်မှတ် လို့ရတဲ့ မန်ယူအသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘာစီလိုနာနဲ့ လာတွေတဲ့ အတွက် မန်ယူအတွက် ကံဆိုးမှုပါဘဲ။ ဒါပေမယ့် PSGလိုအသင်းကို မဖြစ်နိုင်စရာဖြတ်ကျော်မှုတွေနဲ့ ကျော်ဖြတ် လာခဲ့တဲ့ မန်ယူအတွက် ဒီပွဲမှာလည်း နောက်ထပ်ကံကောင်း ဦးမလားဆိုတာ မျှော်လင့်စရာပါ။ ဒီလို ကံကောင်းဖို့ ဆိုရင် နှစ်သင်းစလုံးရဲ့ ဖြတ်သန်းမှု အချက်အလက်တွေကို ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။

ပထမဆုံး မန်ယူနောက်တန်းနဲ့ ဘာစီနောက်တန်းကို ယှဉ်ကြည့် မယ် ဆိုရင် မန်ယူက ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ပွဲအထိ ၄၃ ဂိုးပေးထားရပြီး ဘာစီလိုနာက  လာလီဂါမှာ ပွဲစဉ် ၃၁ အထိ  ၃၁ ဂိုးသာ ပေးထား ရပါတယ်။ မန်ယူက တစ်ပွဲကို တစ်ဂိုးကျော် ပေးထားရချိန်မှာ ဘာစီလိုနာက တစ်ပွဲကို တစ်ဂိုးနူန်းသာရှိပါ တယ်။

မန်ယူရှေ့တန်းကဂိုး ၆၁ သာ သွင်းနိုင်ချိန်မှာ ဘာစီလိုနာ အသင်း က ၈၁ ဂိုးထိသွင်းထားနိုင်တာကိုတွေ့ ရပါတယ်။ ဒါဟာ ဘာစီလိုနာဘက်က တိုက်စစ်ပိုင်းနဲ့ နောက်တန်းအပိုင်းမှာ သာလွန် တဲ့ အချက်တွေပါ။ ဒီရာသီ မန်ယူအိမ်ကွင်း ရလဒ်တွေ ကိုပြန်ကြည့် မယ်ဆိုရင် အိမ်ကွင်း ၁၅ ပွဲမှာ ၁၀ ပွဲနိုင် ၁ ပွဲသရေ ၄ ပွဲရှုံးထားခဲ့ပါတယ်။မန်စီးတီးကတော့ အဝေးကွင်း ၁၅ ပွဲမှာ ၉ ပွဲနိုင် ၅ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ ချန်ပီယံ လိဂ် မှာ မန်ယူအသင်း ရဲ့ အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်ရင် ၄ ပွဲမှာ ဂျူဗင်တပ်၊PSG အသင်းတွေကို ရှုံးခဲ့ပြီး ဗလင်စီယာကို သရေကျကာ ယန်းဘွိုင်းစ် အသင်းကိုသာ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာကတော့ ချန်ပီယံလိဂ် အဝေးကွင်း ၄ ပွဲမှာ လိုင်ယွန်နဲ့ အင်တာ နှစ်သင်းကိုသရေကျပြီး PSV ၊ စပါး အသင်းတွေကို အနိုင်ကစား ခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့အသင်းတွေကို ပြန်ကြည့်ရင်  မန်ယူ အသင်းက နောက်ဆုံးကစားခဲ့တဲ့  ၅ ပွဲမှာ ၂ ပွဲနိုင်ပြီး ၃ ပွဲရှုံး ထားပါတယ်။ အဝေးကွင်းပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ ဝုဗ်အသင်း ကို ရှုံးပြီး ဝက်ဖိုဒ်နဲ့ PSG ကို  အနိုင်ယူထားပါ တယ်။ ဘာစီလိုနာ ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဗီလာရီးရဲလ်ကို သရေကျ တာက လွဲပြီး အိမ်ကွင်းမှာ အက်သလက်တီကို၊အက်စပန်ညို၊ လိုင်ယွန်တို့ကိုနိုင်ပြီး အဝေးကွင်းမှာ ဘက်တစ်ကို နိုင် ကာ ဗီလာရီးရဲလ်နဲ့သရေကျခဲ့ပါတယ်။

ယခုကစားတဲ့ ပွဲကို မန်ယူရဲ့ အိုးထရက်ဖိုဒ့်မှာ ကစားမှာ ဖြစ်လို့  မန်ယူဘက်က ပရိတ်သတ်အား ရှိနေတာမှန်ပေမယ့် ဘာစီဘက် က မက်ဆီ၊ဆွာရက်ဇ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ ကွင်းလယ်က ဗီဒယ်၊ဘတ်စ ကွတ်၊ ရာကီတစ်တို့ ခြေစွမ်းကို မန်ယူအသင်း ဘယ်လောက်ထိတောင့်ခံနိုင်မလဲ ဆိုတာ စောင့်ကြည့်ရ မယ့်ပွဲပါ။
ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရပွဲကြိုလူစာရင်းအရ မန်ယူအသင်းကဂိုး- ဒီဂီယာ၊ နောက်တန်း-လင်ဒီလော့ဖ်၊ စမောလင်း၊အက်ရှ်လေယန်း၊လုခ်ရှော၊ အလယ်တန်း- ပေါ့ဂ်ဘာ ၊ ဟာရဲရား၊ မာတစ်၊ ရှေ့တန်း-ရပ်ရှ်ဖိုဒ်၊ မာစီရယ်လ်၊ လင်ဒီဂတ်တို့နဲ့ ပွဲထွက်လာဖို့များပြီး ဘာစီလိုနာအသင်းမှာဂိုး- တာစတီဂန်၊ နောက်တန်း- ဆီမီဒို၊ပီကေး၊ လင်ဂလက်၊ဂျော်ဒီအယ်လ်ဘာ၊  အလယ်တန်း-  ရာကီတစ် ၊ ဗတ်စကွတ်၊အာသာ၊ဗီဒယ်လ်၊ ရှေ့ တန်း-  မက်ဆီ၊ဆွာရက်ဇ်တို့ ပါဝင် လာဖို့ ရှိပါတယ်။      

နှစ်သင်းကြား အဓိက အဖြေပေးမှာက မန်ယူနောက်တန်းနဲ့ မန်ယူရှေ့တန်းပါဘဲ။ မက်ဆီနဲ့ ပရီးမီးယား လိဂ် အထာသိနေတဲ့ ကော့တင်ဟို၊ ဆွာရက်ဇ်တို့ကြောင့် မန်ယူနောက်တန်း ကိုယ်ဂိုး ကိုယ်သွင်းတာတွေ၊ ပယ် နယ်တီပေးရတာ တွေ မဖြစ်ဖို့ လိုနေ သလို့  ရပ်ရှ်ဖို့ ၊လင်ဒီဂတ်တို့ကို မန်ယူမှာ ကစားခဲ့ဖူးတဲ့ ပီကေးကို ကျော် ဖြတ်နိုင်ပါ့မလား ဆိုတာ အဖြေပါဘဲ။မန်ယူဘက်က အားသာ တဲ့ အချက်က အိမ်ရှင်ဖြစ်နေတာနဲ့ အသက် ငယ် တဲ့ အသင်းဖြစ်နေ တာပါဘဲ။ ဒီအားသာချက်ကို မန်ယူနည်းပြ ဆိုးလ်ရှား အသုံးချနိုင်ပါ့မလားဆိုတာ စောင့် ကြည့်ရမှာပါ။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် ၅ ကြိမ်မှာ မန်ယူက တစ်ပွဲနိုင်ပြီး  ဘာစီလိုနာက  ၃ ပွဲနိုင်ကာ တစ်ပွဲသရေကျထားပါတယ်။ ၂၀၁၇ ခုနှစ်ကနောက်ဆုံးတွေ့ဆုံ မှုမှာ ဘာစီလိုနာက သူအိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရထားခဲ့ဘူး ပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေက ဘာစီလိုနာဘက်ကနေတစ်လုံး  ပြား ၉၀ အနိုင်ကြေးဖွင့်ထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း သုံးလုံး ပြား ၅၀ အနိုင်ကြေးပေါက်နေတဲ့အတွက်  ဘာစီလိုနာနဲ့ ဂိုးအောက်ကို ပိုအကြိုက်တွေ့မိပါကြောင်း။

KON(SPORT) 

(  Zawgyi  )

 ဒီအဆင့္မွာ အရွိတရားကို လက္ခံဖို႔ လိုပါတယ္။ မန္ယူႀကိဳက္ တာေတြ ဘာစီေကာင္းတာေတြ ေဘး ဖယ္ၿပီး ျဖစ္ႏိုင္တာကို ခ်ည္းကပ္မယ္ဆိုရင္ မန္ယူအသင္းဒီပြဲမွာ ရႏိုင္တဲ့ အျမင့္ဆုံးရလဒ္က သေရတစ္မွတ္ ပါဘဲ။

ယခုႏွစ္ ခ်န္ပီယံလိဂ္ကို ပရီးမီးယားလိဂ္ကေန အသင္း ၄ သင္းတက္လာေပမယ့္ဒီထဲမွာ အားအနည္း ဆုံးလို႔ သတ္မွတ္ လို႔ရတဲ့ မန္ယူအသင္းက ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ ဘာစီလိုနာနဲ႔ လာေတြတဲ့ အတြက္ မန္ယူအတြက္ ကံဆိုးမႈပါဘဲ။ ဒါေပမယ့္ PSGလိုအသင္းကို မျဖစ္ႏိုင္စရာျဖတ္ေက်ာ္မႈေတြနဲ႔ ေက်ာ္ျဖတ္ လာခဲ့တဲ့ မန္ယူအတြက္ ဒီပြဲမွာလည္း ေနာက္ထပ္ကံေကာင္း ဦးမလားဆိုတာ ေမွ်ာ္လင့္စရာပါ။ ဒီလို ကံေကာင္းဖို႔ ဆိုရင္ ႏွစ္သင္းစလုံးရဲ႕ ျဖတ္သန္းမႈ အခ်က္အလက္ေတြကို ျပန္ၾကည့္ဖို႔ လိုပါလိမ့္မယ္။

ပထမဆုံး မန္ယူေနာက္တန္းနဲ႔ ဘာစီေနာက္တန္းကို ယွဥ္ၾကည့္ မယ္ ဆိုရင္ မန္ယူက ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၂ ပြဲအထိ ၄၃ ဂိုးေပးထားရၿပီး ဘာစီလိုနာက  လာလီဂါမွာ ပြဲစဥ္ ၃၁ အထိ  ၃၁ ဂိုးသာ ေပးထား ရပါတယ္။ မန္ယူက တစ္ပြဲကို တစ္ဂိုးေက်ာ္ ေပးထားရခ်ိန္မွာ ဘာစီလိုနာက တစ္ပြဲကို တစ္ဂိုးႏူန္းသာရွိပါ တယ္။

မန္ယူေရွ႕တန္းကဂိုး ၆၁ သာ သြင္းႏိုင္ခ်ိန္မွာ ဘာစီလိုနာ အသင္း က ၈၁ ဂိုးထိသြင္းထားႏိုင္တာကိုေတြ႕ ရပါတယ္။ ဒါဟာ ဘာစီလိုနာဘက္က တိုက္စစ္ပိုင္းနဲ႔ ေနာက္တန္းအပိုင္းမွာ သာလြန္ တဲ့ အခ်က္ေတြပါ။ ဒီရာသီ မန္ယူအိမ္ကြင္း ရလဒ္ေတြ ကိုျပန္ၾကည့္ မယ္ဆိုရင္ အိမ္ကြင္း ၁၅ ပြဲမွာ ၁၀ ပြဲႏိုင္ ၁ ပြဲသေရ ၄ ပြဲရႈံးထားခဲ့ပါတယ္။မန္စီးတီးကေတာ့ အေဝးကြင္း ၁၅ ပြဲမွာ ၉ ပြဲႏိုင္ ၅ ပြဲသေရ ၁ ပြဲရႈံးထားပါတယ္။ ခ်န္ပီယံ လိဂ္ မွာ မန္ယူအသင္း ရဲ႕ အိမ္ကြင္းရလဒ္ေတြကို ျပန္ၾကည့္ရင္ ၄ ပြဲမွာ ဂ်ဴဗင္တပ္၊PSG အသင္းေတြကို ရႈံးခဲ့ၿပီး ဗလင္စီယာကို သေရက်ကာ ယန္းဘြိဳင္းစ္ အသင္းကိုသာ အႏိုင္ရခဲ့ပါတယ္။ ဘာစီလိုနာကေတာ့ ခ်န္ပီယံလိဂ္ အေဝးကြင္း ၄ ပြဲမွာ လိုင္ယြန္နဲ႔ အင္တာ ႏွစ္သင္းကိုသေရက်ၿပီး PSV ၊ စပါး အသင္းေတြကို အႏိုင္ကစား ခဲ့ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့အသင္းေတြကို ျပန္ၾကည့္ရင္  မန္ယူ အသင္းက ေနာက္ဆုံးကစားခဲ့တဲ့  ၅ ပြဲမွာ ၂ ပြဲႏိုင္ၿပီး ၃ ပြဲရႈံး ထားပါတယ္။ အေဝးကြင္းပြဲစဥ္ေတြမွာ အာဆင္နယ္နဲ႔ ဝုဗ္အသင္း ကို ရႈံးၿပီး ဝက္ဖိုဒ္နဲ႔ PSG ကို  အႏိုင္ယူထားပါ တယ္။ ဘာစီလိုနာ ကေတာ့ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ဗီလာရီးရဲလ္ကို သေရက် တာက လြဲၿပီး အိမ္ကြင္းမွာ အက္သလက္တီကို၊အက္စပန္ညိဳ၊ လိုင္ယြန္တို႔ကိုႏိုင္ၿပီး အေဝးကြင္းမွာ ဘက္တစ္ကို ႏိုင္ ကာ ဗီလာရီးရဲလ္နဲ႔သေရက်ခဲ့ပါတယ္။

ယခုကစားတဲ့ ပြဲကို မန္ယူရဲ႕ အိုးထရက္ဖိုဒ့္မွာ ကစားမွာ ျဖစ္လို႔  မန္ယူဘက္က ပရိတ္သတ္အား ရွိေနတာမွန္ေပမယ့္ ဘာစီဘက္ က မက္ဆီ၊ဆြာရက္ဇ္ ဦးေဆာင္တဲ့ တိုက္စစ္နဲ႔ ကြင္းလယ္က ဗီဒယ္၊ဘတ္စ ကြတ္၊ ရာကီတစ္တို႔ ေျခစြမ္းကို မန္ယူအသင္း ဘယ္ေလာက္ထိေတာင့္ခံႏိုင္မလဲ ဆိုတာ ေစာင့္ၾကည့္ရ မယ့္ပြဲပါ။ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရပြဲႀကိဳလူစာရင္းအရ မန္ယူအသင္းကဂိုး- ဒီဂီယာ၊ ေနာက္တန္း-လင္ဒီေလာ့ဖ္၊ စေမာလင္း၊အက္ရွ္ေလယန္း၊လုခ္ေရွာ၊ အလယ္တန္း- ေပါ့ဂ္ဘာ ၊ ဟာရဲရား၊ မာတစ္၊ ေရွ႕တန္း-ရပ္ရွ္ဖိုဒ္၊ မာစီရယ္လ္၊ လင္ဒီဂတ္တို႔နဲ႔ ပြဲထြက္လာဖို႔မ်ားၿပီး ဘာစီလိုနာအသင္းမွာဂိုး- တာစတီဂန္၊ ေနာက္တန္း- ဆီမီဒို၊ပီေကး၊ လင္ဂလက္၊ေဂ်ာ္ဒီအယ္လ္ဘာ၊  အလယ္တန္း-  ရာကီတစ္ ၊ ဗတ္စကြတ္၊အာသာ၊ဗီဒယ္လ္၊ ေရွ႕ တန္း-  မက္ဆီ၊ဆြာရက္ဇ္တို႔ ပါဝင္ လာဖို႔ ရွိပါတယ္။      

ႏွစ္သင္းၾကား အဓိက အေျဖေပးမွာက မန္ယူေနာက္တန္းနဲ႔ မန္ယူေရွ႕တန္းပါဘဲ။ မက္ဆီနဲ႔ ပရီးမီးယား လိဂ္ အထာသိေနတဲ့ ေကာ့တင္ဟို၊ ဆြာရက္ဇ္တို႔ေၾကာင့္ မန္ယူေနာက္တန္း ကိုယ္ဂိုး ကိုယ္သြင္းတာေတြ၊ ပယ္ နယ္တီေပးရတာ ေတြ မျဖစ္ဖို႔ လိုေန သလို႔  ရပ္ရွ္ဖို႔ ၊လင္ဒီဂတ္တို႔ကို မန္ယူမွာ ကစားခဲ့ဖူးတဲ့ ပီေကးကို ေက်ာ္ ျဖတ္ႏိုင္ပါ့မလား ဆိုတာ အေျဖပါဘဲ။မန္ယူဘက္က အားသာ တဲ့ အခ်က္က အိမ္ရွင္ျဖစ္ေနတာနဲ႔ အသက္ ငယ္ တဲ့ အသင္းျဖစ္ေန တာပါဘဲ။ ဒီအားသာခ်က္ကို မန္ယူနည္းျပ ဆိုးလ္ရွား အသုံးခ်ႏိုင္ပါ့မလားဆိုတာ ေစာင့္ ၾကည့္ရမွာပါ။

ဒီႏွစ္သင္းထိပ္တိုက္ေတြ႕ဆုံမႈကို ျပန္ၾကည့္မယ္ဆိုရင္ ၅ ႀကိမ္မွာ မန္ယူက တစ္ပြဲႏိုင္ၿပီး  ဘာစီလိုနာက  ၃ ပြဲႏိုင္ကာ တစ္ပြဲသေရက်ထားပါတယ္။ ၂၀၁၇ ခုႏွစ္ကေနာက္ဆုံးေတြ႕ဆုံ မႈမွာ ဘာစီလိုနာက သူအိမ္ကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရထားခဲ့ဘူး ပါတယ္။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြက ဘာစီလိုနာဘက္ကေနတစ္လုံး  ျပား ၉၀ အႏိုင္ေၾကးဖြင့္ထားၿပီး ဂိုးေပါင္း ကေတာ့ ႏွစ္သင္းေပါင္း သုံးလုံး ျပား ၅၀ အႏိုင္ေၾကးေပါက္ေနတဲ့အတြက္  ဘာစီလိုနာနဲ႔ ဂိုးေအာက္ကို ပိုအႀကိဳက္ေတြ႕မိပါေၾကာင္း။

KON(SPORT)