【 အားကစား 】သွင်းဂိုးတွေနဲ့ ဖျော်ဖြေမယ့် ဘိုင်ယန် - လီဗာပူးလ် ပွဲ

【  အားကစား  】သွင်းဂိုးတွေနဲ့ ဖျော်ဖြေမယ့် ဘိုင်ယန် - လီဗာပူးလ် ပွဲ

ဒီနှစ်သင်းနောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေရဲ့ရလဒ်တွေကိုပြန်ကြည့် ရင်  ဒီပွဲအခြေအနေကို သိမှာပါ။ ယခုပွဲအဖြေက ပထမ အကျော့နဲ့ ကွဲပြားမှာဖြစ်သလို ဘိုင်ယန်အိမ်ကွင်း ရလဒ်တွေ ကိုပြန်ကြည့်ရင်လည်း ယခုပွဲက ထင်သလို လွယ်ကူတဲ့ ပွဲမဟုတ်မှာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီရာသီ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၅ ပွဲကစားရာမှာ ၁၈ ပွဲနိုင် ၃ ပွဲသရေ ၄ ပွဲရှုံးထားတဲ့ ဘိုင်ယန်အသင်းက အိမ်ကွင်းမှာ ၁ ပွဲသာ ရှုံးပြီး ၈ ပွဲနိုင် ၃ ပွဲသရေကျကာ သွင်းဂိုး၂၉ ဂိုး ပေးဂိုး၁၂ ဂိုးသာ ရှိခဲ့ ပါ တယ်။ ဘွန်ဒက်စ် လီ ဂါ အမှတ်ပေးဇယားမှာ  ဒုတိယနေရာက ဒေါ့မွန်နဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့်ထိပ်ဆုံးကနေ ဦးဆောင် နေပေမယ့် ဖိအားတွေ များနေတာ အမှန်ပါဘဲ။ဥရောပ အဆင့်ရှိ အသင်းကြီးတစ်သင်းကို မကိုင်တွယ်ခဲ့ဘူးတဲ့ ဘိုင်ယန်နည်းပြ နီကို ကိုဗက်အတွက် ဂျာမန်မြေနဲ့ အကျွမ်းဝင်ပြီးသား ယာဂင် ကလော့ပ် ကိုင်တွယ်တဲ့ လီဗာ ပူးလ် အသင်းကို အိမ်ကွင်းမှာ လက်ခံကစား ရတာ တစ်ပမ်းရှုံးနေတာတော့ အမှန်ပါဘဲ။

ဘိုင်ယန်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု(E) မှာ အေဂျက်၊ ဘင်ဖီကာ၊ AEKတို့ နဲ့အတူပါဝင်ခဲ့ပြီး ဒီအုပ် စုမှာ ဘိုင်ယန်က အုပ်စုချောင်ပြီး ၆ ပွဲကစား ၁၄ မှတ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို အေဂျက်အသင်းနဲ့ အတူ တက်လာခဲ့တာပါ။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၅ ပွဲမှာ ဝုလ်ဘတ်၊ဟာသာ၊ရှော်လ်ကေး၊စတုဂတ်၊ဂလာဘတ်တို့ကို အနိုင် ရထားပါတယ်။အနီးစပ်ဆုံးကစားထားတဲ့ ဝုလ်ဘတ်နဲ့ပွဲမှာ ဂိုးဒါဇင် ဝက်သွင်းကာ ဘိုင်ယန်အသင်းကသူ့တိုက်စစ်အစွမ်းကိုပြခဲ့ပါတယ်။

ဘိုင်ယန်ကွင်းမှာ လာကစားမယ့် လီဗာပူးလ်အသင်းကတော့ ချန်ပီယံလိဂ် သေမင်းတမန်အုပ်စု လို့ ခေါ်တဲ့ အုပ်စု(C) မှာ ဇာဗက် ဒါ၊ နာပိုလီ၊PSG တို့ နဲ့အတူပါဝင်ခဲ့ပြီး ဒီအုပ်စုမှာ လီဗာပူးလ်က PSG အသင်း နဲ့အတူ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ တာဖြစ်ပါ တယ်။

လီဗာပူးလ်အသင်းနောက်ဆုံးကစားထားတဲ့ အဝေးကွင်း ၅ ပွဲမှာ ၃ ပွဲသရေ ၁ ပွဲနိုင် ၁ ပွဲရှုံးထား ပါတယ်။ ဘိုင်ယန်ကွင်းမှာ လီဗာပူးလ်နဲ့ နောက်ဆုံးတွေ့ဆုံမှုမှာ လီဗာပူးလ်က ၃ ဂိုးပြတ်နိုင်ထားဖူးတဲ့ အတွက် ဒါကိုလည်း ထည့်တွက်ထားဖို့လိုပါတယ်။

ဒါပေမယ့် အိမ်ကွင်းမှာ တစ်ပွဲကို ၂ ဂိုး သွင်းပြီး ၁ ဂိုး ပြန်ပေးရတဲ့ ဘိုင်ယန်နောက်တန်းက အဝေး ကွင်းမှာ ၂၄  ဂိုးသွင်းပြီး ၈ ဂိုးပြန်ပေး ရတဲ့ လီဗာပူးလ်အသင်းကို ပထမပွဲစဉ်ကလို သရေခံ ကစားကြ ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပြီး အပြန်အလှန်ဖွင့်ကစားကြဖို့ များပါ တယ်။  

ပွဲကြိုထုတ်ပြန်ထားတဲ့ လူစာရင်းအရ ဒီပွဲကို အိမ်ရှင် ဘိုင်ယန် အသင်း မှာ ဂိုး- နူအာ၊နောက်တန်း- နစ်ကလပ်ဆူလီ၊ဟမ်းမဲလ်၊ ရာဖင်ညာ၊ အယ်လ်ဘာ၊ အလယ်တန်း- အယ်လ်ကန် တာရာ၊ ရီဘာရီ၊ မာတီနက်ဇ်၊ရိုဒီရီဂွတ်ဇ်၊ ဂမ်ဘရီ နဲ့ရှေ့တန်းမှာ လီဝန်ဝန်ဒေါစကီးတို့ ပွဲထွက်လာဖွယ်ရှိနေပြီး လီဗာပူး လ်ဘက်က ဂိုး - ဘက်ကာ ၊ နောက်တန်း - ရော်ဘက်ဆန်၊ဂျိုးမာတစ်၊ဗန်ဒစ်ချ် ၊အာနိူးလ်၊အလယ်တန်း - ဝန်ဒယ်လ်ဂျယ်လ်၊ဖာဘင်ဟို၊ ဟန်ဒါဆန်၊ရှေ့တန်း- မာနေး၊ဆာလက်ချ်၊ဖာမီနိုတို့ နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး ပါတယ်။     

ဒီပွဲကိုဘွတ်ကီဒိုင်တွေက ဘိုင်ယန်ဘက်က သရေ  ပြား ၈၀ အရှုံးပေးထားသလို ဂိုးပေါင်းသုံးလုံးကို ပြား၇၀ အနိုင်ပေးထားပါ တယ်။ ဒီပွဲကိုသူတစ်ပြန်ကိုယ်တစ်ပြန်ဖွင့်ကစားလာမယ်လို့ တွက်ဆထားလို့ ဂိုးအ ပေါ်ကြိုက်ပြီး ဂိုးသွင်းသေချာတဲ့ ဆာလက်ချ်၊ ဖာမင်နို၊မာနေးနဲ့ အိမ်ကွင်းဆို ဂိုးမြူးတဲ့ လီဝန်ဒေါစကီး တို့ ကြောင့် ဂိုးပေါ်တစ်ကွက် ကိုသာအကြိုက်တွေ့မိပြီး အနိုင်ဆိုရင် လီဗာပူးလ်ကိုသာ အားပေးချင် ပါကြောင်း။။။။။။။

KON (Sport) 

(   Zawgyi   )

 ဒီႏွစ္သင္းေနာက္ဆုံး ကစားခဲ့တဲ့ ပြဲေတြရဲ႕ရလဒ္ေတြကိုျပန္ၾကည့္ ရင္  ဒီပြဲအေျခအေနကို သိမွာပါ။ ယခုပြဲအေျဖက ပထမ အေက်ာ့နဲ႔ ကြဲျပားမွာျဖစ္သလို ဘိုင္ယန္အိမ္ကြင္း ရလဒ္ေတြ ကိုျပန္ၾကည့္ရင္လည္း ယခုပြဲက ထင္သလို လြယ္ကူတဲ့ ပြဲမဟုတ္မွာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီရာသီ ဘြန္ဒက္စ္လီဂါပြဲစဥ္ ၂၅ ပြဲကစားရာမွာ ၁၈ ပြဲႏိုင္ ၃ ပြဲသေရ ၄ ပြဲရႈံးထားတဲ့ ဘိုင္ယန္အသင္းက အိမ္ကြင္းမွာ ၁ ပြဲသာ ရႈံးၿပီး ၈ ပြဲႏိုင္ ၃ ပြဲသေရက်ကာ သြင္းဂိုး၂၉ ဂိုး ေပးဂိုး၁၂ ဂိုးသာ ရွိခဲ့ ပါ တယ္။ ဘြန္ဒက္စ္ လီ ဂါ အမွတ္ေပးဇယားမွာ  ဒုတိယေနရာက ေဒါ့မြန္နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ထိပ္ဆုံးကေန ဦးေဆာင္ ေနေပမယ့္ ဖိအားေတြ မ်ားေနတာ အမွန္ပါဘဲ။ဥေရာပ အဆင့္ရွိ အသင္းႀကီးတစ္သင္းကို မကိုင္တြယ္ခဲ့ဘူးတဲ့ ဘိုင္ယန္နည္းျပ နီကို ကိုဗက္အတြက္ ဂ်ာမန္ေျမနဲ႔ အကြၽမ္းဝင္ၿပီးသား ယာဂင္ ကေလာ့ပ္ ကိုင္တြယ္တဲ့ လီဗာ ပူးလ္ အသင္းကို အိမ္ကြင္းမွာ လက္ခံကစား ရတာ တစ္ပမ္းရႈံးေနတာေတာ့ အမွန္ပါဘဲ။

ဘိုင္ယန္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စု(E) မွာ ေအဂ်က္၊ ဘင္ဖီကာ၊ AEKတို႔ နဲ႔အတူပါဝင္ခဲ့ၿပီး ဒီအုပ္ စုမွာ ဘိုင္ယန္က အုပ္စုေခ်ာင္ၿပီး ၆ ပြဲကစား ၁၄ မွတ္နဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္ကို ေအဂ်က္အသင္းနဲ႔ အတူ တက္လာခဲ့တာပါ။ ေနာက္ဆုံးကစားခဲ့တဲ့ အိမ္ကြင္း ၅ ပြဲမွာ ဝုလ္ဘတ္၊ဟာသာ၊ေရွာ္လ္ေကး၊စတုဂတ္၊ဂလာဘတ္တို႔ကို အႏိုင္ ရထားပါတယ္။အနီးစပ္ဆုံးကစားထားတဲ့ ဝုလ္ဘတ္နဲ႔ပြဲမွာ ဂိုးဒါဇင္ ဝက္သြင္းကာ ဘိုင္ယန္အသင္းကသူ႔တိုက္စစ္အစြမ္းကိုျပခဲ့ပါတယ္။

ဘိုင္ယန္ကြင္းမွာ လာကစားမယ့္ လီဗာပူးလ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ ေသမင္းတမန္အုပ္စု လို႔ ေခၚတဲ့ အုပ္စု(C) မွာ ဇာဗက္ ဒါ၊ နာပိုလီ၊PSG တို႔ နဲ႔အတူပါဝင္ခဲ့ၿပီး ဒီအုပ္စုမွာ လီဗာပူးလ္က PSG အသင္း နဲ႔အတူ ရႈံးထြက္အဆင့္ကို တက္ေရာက္ခဲ့ တာျဖစ္ပါ တယ္။

လီဗာပူးလ္အသင္းေနာက္ဆုံးကစားထားတဲ့ အေဝးကြင္း ၅ ပြဲမွာ ၃ ပြဲသေရ ၁ ပြဲႏိုင္ ၁ ပြဲရႈံးထား ပါတယ္။ ဘိုင္ယန္ကြင္းမွာ လီဗာပူးလ္နဲ႔ ေနာက္ဆုံးေတြ႕ဆုံမႈမွာ လီဗာပူးလ္က ၃ ဂိုးျပတ္ႏိုင္ထားဖူးတဲ့ အတြက္ ဒါကိုလည္း ထည့္တြက္ထားဖို႔လိုပါတယ္။

ဒါေပမယ့္ အိမ္ကြင္းမွာ တစ္ပြဲကို ၂ ဂိုး သြင္းၿပီး ၁ ဂိုး ျပန္ေပးရတဲ့ ဘိုင္ယန္ေနာက္တန္းက အေဝး ကြင္းမွာ ၂၄  ဂိုးသြင္းၿပီး ၈ ဂိုးျပန္ေပး ရတဲ့ လီဗာပူးလ္အသင္းကို ပထမပြဲစဥ္ကလို သေရခံ ကစားၾက ဖို႔ဆိုတာ ျဖစ္ႏိုင္ေျခနည္းၿပီး အျပန္အလွန္ဖြင့္ကစားၾကဖို႔ မ်ားပါ တယ္။  

ပြဲႀကိဳထုတ္ျပန္ထားတဲ့ လူစာရင္းအရ ဒီပြဲကို အိမ္ရွင္ ဘိုင္ယန္ အသင္း မွာ ဂိုး- ႏူအာ၊ေနာက္တန္း- နစ္ကလပ္ဆူလီ၊ဟမ္းမဲလ္၊ ရာဖင္ညာ၊ အယ္လ္ဘာ၊ အလယ္တန္း- အယ္လ္ကန္ တာရာ၊ ရီဘာရီ၊ မာတီနက္ဇ္၊႐ိုဒီရီဂြတ္ဇ္၊ ဂမ္ဘရီ နဲ႔ေရွ႕တန္းမွာ လီဝန္ဝန္ေဒါစကီးတို႔ ပြဲထြက္လာဖြယ္ရွိေနၿပီး လီဗာပူး လ္ဘက္က ဂိုး - ဘက္ကာ ၊ ေနာက္တန္း - ေရာ္ဘက္ဆန္၊ဂ်ိဳးမာတစ္၊ဗန္ဒစ္ခ်္ ၊အာႏိူးလ္၊အလယ္တန္း - ဝန္ဒယ္လ္ဂ်ယ္လ္၊ဖာဘင္ဟို၊ ဟန္ဒါဆန္၊ေရွ႕တန္း- မာေနး၊ဆာလက္ခ်္၊ဖာမီႏိုတို႔ နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး ပါတယ္။     

ဒီပြဲကိုဘြတ္ကီဒိုင္ေတြက ဘိုင္ယန္ဘက္က သေရ  ျပား ၈၀ အရႈံးေပးထားသလို ဂိုးေပါင္းသုံးလုံးကို ျပား၇၀ အႏိုင္ေပးထားပါ တယ္။ ဒီပြဲကိုသူတစ္ျပန္ကိုယ္တစ္ျပန္ဖြင့္ကစားလာမယ္လို႔ တြက္ဆထားလို႔ ဂိုးအ ေပၚႀကိဳက္ၿပီး ဂိုးသြင္းေသခ်ာတဲ့ ဆာလက္ခ်္၊ ဖာမင္ႏို၊မာေနးနဲ႔ အိမ္ကြင္းဆို ဂိုးျမဴးတဲ့ လီဝန္ေဒါစကီး တို႔ ေၾကာင့္ ဂိုးေပၚတစ္ကြက္ ကိုသာအႀကိဳက္ေတြ႕မိၿပီး အႏိုင္ဆိုရင္ လီဗာပူးလ္ကိုသာ အားေပးခ်င္ ပါေၾကာင္း။။။။။။။

KON (Sport)