【 အားကစား 】အင်္ဂလန်အသင်းကို ၃ ဂိုးပြတ် မရှုံးနိမ့်နိုင် တဲ့ ကိုဆိုဗို အသင်း

【  အားကစား  】အင်္ဂလန်အသင်းကို ၃ ဂိုးပြတ် မရှုံးနိမ့်နိုင် တဲ့ ကိုဆိုဗို အသင်း

ယူရိုခြေစစ်ပွဲအဖြစ် အင်္ဂလန်အသင်းနဲ့ကိုဆိုဗိုအသင်းတို့ ယနေ့ည ၁နာရီ ၁၅ မိနစ်မှာ အင်္ဂလန်နိုင်ငံ ဆောက်သင်ပတန်မြို့မှာ ကစားကြမှာဖြစ်ပါ တယ်။

အင်္ဂလန်အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ချက် အသင်း နဲ့ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံး ပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၃ ကြိမ် ရရှိခဲ့ကာ ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ် (၂)အဖြစ် မွန်တီနီဂရိုးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ ရာ မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၂ ကြိမ် ရရှိခဲ့ကာ ၁-၅  ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဘူဂေးရီးယားအသင်းနဲ့ပွဲစဉ်မှာ ၄ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အတွက် ၃ ပွဲကစားအပြီး ရမှတ် ၉ မှတ်ရရှိကာ အုပ်စုကို ဦးဆောင်လျှက်ရှိပါတယ်။

အခုပွဲစဉ်ကို ဂိုး ပစ်ဖို့ဒ်၊နောက်တန်းကစားသမားများအဖြစ် မက်ဂွဲယား၊ ဘန်ချီဝယ်၊အလက်ဇန်ဒါး၊မိုက်ကယ်ကိန်း အလယ်တန်း ကစားသမား များအဖြစ် ဒီကလန်ရိုက်၊ ချိန်ဘာလိန်၊ ဟန်ဒါဆန်၊ရှေ့တန်းကစား သမားများ အဖြစ် စတားလင်း၊ဟယ်ရီကိန်း၊ဆန်ချိုတို့ ပါဝင်ကစားလာနိုင် ပါ တယ်။

ကိုဆိုဗိုအသင်းအနေနဲ့ ယူရိုခြေစစ်ပွဲအဖြစ် ကစားခဲ့ရာမှာ ဘူဂေးရီးယား အသင်းကို အိမ်ကွင်းမှာ သရေကျခဲ့ပြီး အဝေးကွင်းမှာအနိုင်ရရှိခဲ့ ပါတယ် ။မွန်တီနီဂရိုးအသင်းရဲ့အိမ်ကွင်းမှာ သရေကျခဲ့ပြီး အိမ်ကွင်းမှာ ကစားခဲ့ တဲ့ ချက်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် ၄ ပွဲကစားအပြီး ရမှတ် ၈ မှတ်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အင်္ဂလန်အသင်းဘက်မှ ၂လုံး ၈၅ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၆၅ ပြားအရှုံးဖွင့်လှစ်ထားပါတယ်။အင်္ဂလန် အသင်းအနေနဲ့ ခြေစစ်ပွဲစဉ်တလျှောက် ရှေ့တန်း တိုက်စစ်မှူးတွေဖြစ် တဲ့စတာလင်းနဲ့ဟယ်ရီကိန်းတို့ အထူးခြေစွမ်းပြနေပြီး ခြေစစ်ပွဲ ၃ မှာ ပြိုင်ဘက်အသင်းတွေကို ၄ ဂိုးနဲ့အထက် နိုင်ပွဲတွေရရှိခဲ့ ပါတယ်။ အခုပွဲစဉ်မှာလည်း အိမ်ကွင်းအားသာချက် ၊လူငယ်တွေရဲ့ အကောင်းဆုံး စွမ်းဆောင်မှုနဲ့အတူ ဂိုးပြတ်အနိုင် ရရှိအောင်ကြိုးစား ကစားလာနိုင် ပါတယ်။

ကိုဆိုဗိုအသင်းအနေနဲ့ ဆွစ်ဇာလန်နိုင်ငံသား ဘားနက်ချယ်လန်ဒက်စ် ကိုနည်းပြအဖြစ်ခန့်အပ်ပြီးနောက် ရလဒ်တွေကောင်းမွန်ခဲ့ပြီး ၁၄ ပွဲဆက် ရှုံးပွဲမရှိရလဒ်ကိုရရှိခဲ့ပါတယ်။ယူရိုခြေစစ်ပွဲမှာလည်း ဘူဂေးရီးယား ၊ချက် အသင်းတွေကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပြီး အသင်း သားတွေ အနေနဲ့ယုံကြည်မှုနဲ့ စုဖွဲ့မှုမှာအကောင်းဆုံး ပုံစံရနေတဲ့ အတွက် အခု ပွဲစဉ် ကို ဂိုးပြတ်မရှုံးနိမ့်အောင်ယှဉ်ပြိုင်ကစားလာနိုင်တဲ့အတွက်  ကိုဆိုဗို အသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း ---

KON (SPORT)

(  Zawgyi  )







KON (SPORT)