【 အားကစား 】အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ယူမယ့် မန်စီးတီး

  【  အားကစား  】အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ယူမယ့် မန်စီးတီး

အင်္ဂလန်ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝက်ဟမ်းအသင်း နဲ့ မန်စီးတီး အသင်းတို့ ယနေ့ည ၆ နာရီအချိန်မှာ ဝက်ဟမ်းအသင်းရဲ့ လန်ဒန် အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဝက်ဟမ်းအသင်းအနေနဲ့ ရာသီကြို ခြေစမ်းပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ကစား ခဲ့ရာမှာ အဲတက်၊ဖူဟမ်၊ဟာသာဘာလင်၊အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဘီဘာလ်အို အသင်းနဲ့ သရေကျခဲ့ကာ အာရှပရီးမီးယားလိဂ် ဖလား ပွဲစဉ်မှာတော့ မန်စီးတီးနဲ့ နယူးကာဆယ်အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ရာသီကြို ပွဲစဉ်တွေအဖြစ် ၅ ပွဲယှဉ်ပြိုင်ကစား ခဲ့ရာမှာ အာရှပရီးမီးယား လိဂ်ပွဲစဉ် အဖြစ်ကစားခဲ့တဲ့ ဝက်ဟမ်းအသင်း နဲ့ပွဲစဉ်မှာဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဝုဒ် အသင်းကို ပွဲကစားချိန်အတွင်း သရေ ကျခဲ့ပါတယ်။ခြေစမ်းပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ကစ်ချီအသင်းနဲ့ ယိုကိုယားမားအသင်းတွေကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ကွန်မြူနတီ ဖလားပြိုင်ပွဲမှာ လီဗာပူအသင်းနဲ့ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဝက်ဟမ်းအသင်းအနေနဲ့ အခုပွဲစဉ်ကို ဂိုး လူကပ်ဖာဘီယန်စကီ၊နောက်တန်းမှာ ဖရီဒီလစ်၊အစ်စဒီအော့၊ဖေဘီယမ် ဘယ်ဘူးနီးယား၊အေရွန်ခရုဝဲလ်၊အလယ်တန်းကစားသမားများအဖြစ်  ဒီကလန်ရစ်၊ ဂျက်ဝီရှီးရား၊ဖီလစ်ပီအန်ဒါဆန်၊ပါဘလိုဖော်နဲလ်၊မန်နူရယ်လာဇီနီ ရှေ့တန်းကစားသမားအဖြစ် ဆီဘတ်စတိန်ဟယ်လာတို့ ပါဝင် ကစားလာနိုင် ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဂိုး အန်ဒါဆင်မိုရက်၊နောက်တန်း ကစားသမား များအဖြစ် အိုဆန်ဒရယ်၊အိုတာမန်ဒီ၊ဂျွန်စတုန်း၊ဝေါ့ကာ၊ အလယ်တန်း ကစားသမားများအဖြစ် ဆေးဗာလ်း၊ရိုဒရီ၊ဒီဘရူနီ၊ရှေ့တန်း ကစားသမား များအဖြစ် စတားလင်း၊အဂူရို၊ဘာနာဒိုဆေးဗာလ်းတို့ ပါဝင်ကစားလာနိုင် ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက မန်စီးတီးအသင်းဘက်မှ ၂ လုံး၄၀ အနိုင်ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၅၀ အနိုင်ဖွင့်လှစ်ထားပါတယ် ။နှစ်သင်းတွေ့ဆုံမှုအရ နောက်ဆုံး တွေ့ဆုံမှု ၂၁ ပွဲမှာ မန်စီးတီးအသင်းက ၁၇ ပွဲနိုင် ၂ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ ဂွာ ဒီယိုလာကိုင်တွင်ခဲ့ပြီးနောက် ဝက်ဟမ်းအသင်းကို ပွဲစဉ်တိုင်းအနိုင်ရရှိ ခဲ့ပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၉ ပွဲဆက်အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီအနိုင်ရရှိခဲ့တဲ့ ၉ ပွဲအနက် ၇ ပွဲဟာ ဂိုးပြတ်နိုင်ပွဲတွေဖြစ်ခဲ့ပါတယ်။ လက်ရှိကစားသမားလူစာရင်း၊ ကစားကွက်ပုံစံတွေ့အရ အခြား ပရီးမီးယားလိဂ် အသင်းတွေထက် ခြေစွမ်းပိုမိုထက်မြက်နေပြီး ယမန်နှစ် က ထက် ခြေစွမ်းပိုမိုကောင်းမွန်လာတဲ့ မန်စီးတီးအသင်းအနေနဲ့ အခုပွဲ စဉ်ကို ဂိုးပြတ်အနိုင်ရရှိအောင်ကစားလာနိုင်ပြီး ဘွတ်ကီဒိုင်တွေ ရဲ့ကြေးဖွင့်လှစ်မှုမြင့်တက် လာတဲ့အတွက် အခုပွဲစဉ်ကိုမန်စီးတီး အသင်း နဲ့ သာလက်တွဲသင့်ပါကြောင်း ---

KON(SPORT)

(  Zawgyi  )








KON(SPORT)