【 အားကစား 】အာဆင်နယ်ကို ဂိုးပြတ်ကစားရမယ့် နာပိုလီအသင်း

【  အားကစား 】အာဆင်နယ်ကို ဂိုးပြတ်ကစားရမယ့် နာပိုလီအသင်း

ယနေ့ည ၁နာရီခွဲမှာယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ပွဲစဉ် ၄ ပွဲကိုတစ်ပြိုင်နက် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် ၄ ပွဲမှာ ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းနှစ်သင်းထဲက ချယ်လ်ဆီးက အိမ်ကွင်းမှာ ဆလားဗီးယားပရပ်ဂ်နဲ့ ကစားရမှာဖြစ်ပြီး အာဆင်နယ်ကတော့ အဝေးကွင်းမှာ အီတလီထိပ်သီးကလပ် နာပိုလီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ အိမ်ရှင်နာပိုလီအသင်းအနေနဲ့ အနိုင်ရဖို့ အာဆင်နယ်အသင်းကို တိုက်စစ်ဖွင့်ကစားမှာ သေချာ နေသလို ဒီရာသီ အဝေးကွင်းရလဒ် မကောင်းတဲ့ အာဆင်နယ်အတွက်လည်း ခက်ခက်ခဲခဲ နာပိုလီတိုက်စစ်ကို ဟန့်တားရဖွယ်ရှိနေပါတယ်။ နှစ်သင်းစလုံး မကြာခင်က သက်ဆိုင်ရာလိဂ်တွေကစားခဲ့ရာမှာ နာပိုလီက အဝေးကွင်းမှာ ကစားရ ခက်တဲ့ ချီယေဗိုကို ၃-၁ နဲ့ နိုင်ပြီး အာဆင်နယ်ကတော့  မကြာခင် FAဖလားမှာ ဗိုလ်လုပွဲတက် သွားတဲ့ ဝက်ဖိုဒ့်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရခဲ့တာကို တွေ့ရပါတယ်။

အာဆင်နယ်အသင်းကတော့ ဒီရာသီပရီမီးယားလိဂ်  ပွဲစဉ် ၃၂ပွဲကစားခဲ့ရာမှာ၁၉ပွဲနိုင် ၆ ပွဲသရေ ၇ ပွဲ ရှုံးကာရဂိုး၆၅ဂိုးပေးဂိုး၄၀ဂိုးနဲ့ အဆင့် ၅နေရာမှာရှိနေပါတယ်။ ဒီရာသီအိမ် ကွင်း၁၇ပွဲတိတိကစားခဲ့ ရာမှာ ၁၄ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။သွင်းဂိုး၃၉ဂိုးသွင်းကာ ၁၂ ဂိုးပြန် ပေးခဲ့ရပါတယ်။ဒီနူန်းကအိမ်ကွင်းပွဲစဉ် တွေမှာ တစ်ပွဲကို ၂ ဂိုးကျော်သွင်းကာတစ်ဂိုးအောက် ပေးဂိုးရှိခဲ့တဲ့အသင်းပါ။

နာပိုလီအသင်းအနေနဲ့ ပထမအကျော့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ဂိုးရအောင် ဖန်တီးမှုမှာတော့ အာဆင်နယ်အသင်းက ၁၆ ကြိမ်အထိရခဲ့ပြီး ဒီထဲက ၇ ကြိမ်ထိ ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ နာပိုလီကတော့ ၉ ကြိမ်ဖန်တီးရာမှာ၂ ကြိမ်သာ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့တာပါ။အဲဒီပွဲမှာ ဂိုးရနိုင်တဲ့ သေချာပေါက်အခွင့်အရေး အာဆင်နယ်က ၃ ကြိမ်ဖန်တီးပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ကာ နာပိုလီက တစ်ကြိမ်သာဖန်တီးနိုင်ခဲ့ပြီး ဂိုးမရခဲ့ပါဘူး။

ဒီလို အပြန်အလှန် သူ့ကွင်းကိုယ်ကွင်းကစားရတဲ့ ပွဲတွေမှာ အဝေးကွင်းမှာရတဲ့ ဂိုးတွေက အရမ်းအဖိုးတန်ပါတယ်။ဒီအတွက် အာဆင်နယ်က အိမ်ကွင်းမှာ ဂိုးမပေးခဲ့ရတဲ့အပြင် အနိုင်ဂိုးနှစ်ဂိုးသွင်း ယူနိုင်ခဲ့တဲ့ အတွက် ဒုတိယအကျော့မှာ အိမ်ရှင်နာပိုလီအနေနဲ့ နှစ်ဂိုးအထက်ရအောင် သွင်းယူနိုင်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်သလို ဂိုးမပေးရဖို့လည်း လိုနေတဲ့ အတွက် ဒီလိုအနေအထားရအောင် တိုက်စစ်သန်တဲ့ အာဆင်နယ်ကို ကစားနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ချင်စရာပါ။ ပထမအကျော့မှာ မာတန်းစ်တို့ အင်ဆစ်ဂနီတို့ကို အာဆင်နယ်နောက်တန်းက အပြည့်အဝထိန်းချုပ်ထားခဲ့နိုင်တဲ့အတွက် ယခုနာပိုလီအိမ်ကွင်းမှာ လူကောင်သေးတဲ့ မာတန်းစ်အစား မီလစ်ကို အစားထိုးသုံးဖွယ်ရှိနေပါတယ်။

ပွဲကြိုထွက်လာတဲ့ လူစာရင်းအရဆိုရင် အိမ်ရှင် နာပိုလီဘက်ကဂိုး- အဲလက်စ် မာရက်၊နောက်တန်း -ကီဗင်မဲလ်ကစ်၊ မာရီယိုရိုင်း၊ကိုလီဘလေး၊ မက်ဆီမိုဗစ်၊အလယ်တန်း -အလန်၊ကယ်လီဂျွန်၊ ဖေဘီယန်ရစ်ဇ်၊ ဇီလင်စကီး၊ရှေ့တန်း- အင်ဆစ်ဂနီ၊မီလစ် တို့နဲ့ ပွဲထွက်လာနိုင်ပြီး အာဆင် နယ် အသင်းမှာ ဂိုး - ပီတာချက် ၊နောက်တန်း- မိုနာရယ်လ်၊ဆိုကရာတစ်၊ ကိုစီရယ်လ်နီ ၊အလယ်တန်း- မက်ခီတာရန်၊ ဂွမ်ဒိုဇူ၊ရမ်ဆေး၊ ကိုလာစီနက်၊ မစ်ဒ်လန်းနိူင်း၊ ဇာခါ၊ ရှေ့တန်း- လာကာဇက်တီတို့ ပါဝင် လာဖွယ်ရှိနေပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေဈေးပေးရာမှာ နာပိုလီဘက်ကနေ တစ်လုံး ၈၀ အနိုင်ပေးထားကာဂိုးပေါင်းက ၃လုံး ၅  အရှုံးပေးထားပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းနဲ့နေသင့်ပေမယ့် အိမ်ကွင်းမှာ တိုက်စစ်သန်တဲ့ နာပိုလီကြောင့် နာပိုလီအသင်းနဲ့ ဂိုးအပေါ်နေတာအကောင်းဆုံးလို့ ထင်ပါကြောင်း။။။။။။။။။။။

KON(SPORT)

(   Zawgyi  )

 ယေန႔ည ၁နာရီခြဲမွာယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့အျဖစ္ ပြဲစဥ္ ၄ ပြဲကိုတစ္ၿပိဳင္နက္ ကစားၾကမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ ၄ ပြဲမွာ ပထမအေက်ာ့မွာ အႏိုင္ရခဲ့တဲ့ အဂၤလန္အသင္းႏွစ္သင္းထဲက ခ်ယ္လ္ဆီးက အိမ္ကြင္းမွာ ဆလားဗီးယားပရပ္ဂ္နဲ႔ ကစားရမွာျဖစ္ၿပီး အာဆင္နယ္ကေတာ့ အေဝးကြင္းမွာ အီတလီထိပ္သီးကလပ္ နာပိုလီအသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။

ဒီပြဲမွာ အိမ္ရွင္နာပိုလီအသင္းအေနနဲ႔ အႏိုင္ရဖို႔ အာဆင္နယ္အသင္းကို တိုက္စစ္ဖြင့္ကစားမွာ ေသခ်ာ ေနသလို ဒီရာသီ အေဝးကြင္းရလဒ္ မေကာင္းတဲ့ အာဆင္နယ္အတြက္လည္း ခက္ခက္ခဲခဲ နာပိုလီတိုက္စစ္ကို ဟန႔္တားရဖြယ္ရွိေနပါတယ္။ ႏွစ္သင္းစလုံး မၾကာခင္က သက္ဆိုင္ရာလိဂ္ေတြကစားခဲ့ရာမွာ နာပိုလီက အေဝးကြင္းမွာ ကစားရ ခက္တဲ့ ခ်ီေယဗိုကို ၃-၁ နဲ႔ ႏိုင္ၿပီး အာဆင္နယ္ကေတာ့  မၾကာခင္ FAဖလားမွာ ဗိုလ္လုပြဲတက္ သြားတဲ့ ဝက္ဖိုဒ့္ကို အေဝးကြင္းမွာ ခက္ခက္ခဲခဲ ကစားၿပီး အႏိုင္ရခဲ့တာကို ေတြ႕ရပါတယ္။

အာဆင္နယ္အသင္းကေတာ့ ဒီရာသီပရီမီးယားလိဂ္  ပြဲစဥ္ ၃၂ပြဲကစားခဲ့ရာမွာ၁၉ပြဲႏိုင္ ၆ ပြဲသေရ ၇ ပြဲ ရႈံးကာရဂိုး၆၅ဂိုးေပးဂိုး၄၀ဂိုးနဲ႔ အဆင့္ ၅ေနရာမွာရွိေနပါတယ္။ ဒီရာသီအိမ္ ကြင္း၁၇ပြဲတိတိကစားခဲ့ ရာမွာ ၁၄ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။သြင္းဂိုး၃၉ဂိုးသြင္းကာ ၁၂ ဂိုးျပန္ ေပးခဲ့ရပါတယ္။ဒီႏူန္းကအိမ္ကြင္းပြဲစဥ္ ေတြမွာ တစ္ပြဲကို ၂ ဂိုးေက်ာ္သြင္းကာတစ္ဂိုးေအာက္ ေပးဂိုးရွိခဲ့တဲ့အသင္းပါ။

နာပိုလီအသင္းအေနနဲ႔ ပထမအေက်ာ့ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ အသာရခဲ့ေပမယ့္ ဂိုးရေအာင္ ဖန္တီးမႈမွာေတာ့ အာဆင္နယ္အသင္းက ၁၆ ႀကိမ္အထိရခဲ့ၿပီး ဒီထဲက ၇ ႀကိမ္ထိ ဂိုးေပါက္ကို ၿခိမ္းေျခာက္ ႏိုင္ခဲ့ပါတယ္။ နာပိုလီကေတာ့ ၉ ႀကိမ္ဖန္တီးရာမွာ၂ ႀကိမ္သာ ဂိုးေပါက္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့တာပါ။အဲဒီပြဲမွာ ဂိုးရႏိုင္တဲ့ ေသခ်ာေပါက္အခြင့္အေရး အာဆင္နယ္က ၃ ႀကိမ္ဖန္တီးၿပီး ၂ ဂိုးသြင္းယူႏိုင္ခဲ့ကာ နာပိုလီက တစ္ႀကိမ္သာဖန္တီးႏိုင္ခဲ့ၿပီး ဂိုးမရခဲ့ပါဘူး။

ဒီလို အျပန္အလွန္ သူ႔ကြင္းကိုယ္ကြင္းကစားရတဲ့ ပြဲေတြမွာ အေဝးကြင္းမွာရတဲ့ ဂိုးေတြက အရမ္းအဖိုးတန္ပါတယ္။ဒီအတြက္ အာဆင္နယ္က အိမ္ကြင္းမွာ ဂိုးမေပးခဲ့ရတဲ့အျပင္ အႏိုင္ဂိုးႏွစ္ဂိုးသြင္း ယူႏိုင္ခဲ့တဲ့ အတြက္ ဒုတိယအေက်ာ့မွာ အိမ္ရွင္နာပိုလီအေနနဲ႔ ႏွစ္ဂိုးအထက္ရေအာင္ သြင္းယူႏိုင္မွ ေနာက္တစ္ဆင့္တက္မွာ ျဖစ္သလို ဂိုးမေပးရဖို႔လည္း လိုေနတဲ့ အတြက္ ဒီလိုအေနအထားရေအာင္ တိုက္စစ္သန္တဲ့ အာဆင္နယ္ကို ကစားႏိုင္ပါ့မလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။ ပထမအေက်ာ့မွာ မာတန္းစ္တို႔ အင္ဆစ္ဂနီတို႔ကို အာဆင္နယ္ေနာက္တန္းက အျပည့္အဝထိန္းခ်ဳပ္ထားခဲ့ႏိုင္တဲ့အတြက္ ယခုနာပိုလီအိမ္ကြင္းမွာ လူေကာင္ေသးတဲ့ မာတန္းစ္အစား မီလစ္ကို အစားထိုးသုံးဖြယ္ရွိေနပါတယ္။

ပြဲႀကိဳထြက္လာတဲ့ လူစာရင္းအရဆိုရင္ အိမ္ရွင္ နာပိုလီဘက္ကဂိုး- အဲလက္စ္ မာရက္၊ေနာက္တန္း -ကီဗင္မဲလ္ကစ္၊ မာရီယို႐ိုင္း၊ကိုလီဘေလး၊ မက္ဆီမိုဗစ္၊အလယ္တန္း -အလန္၊ကယ္လီဂြၽန္၊ ေဖဘီယန္ရစ္ဇ္၊ ဇီလင္စကီး၊ေရွ႕တန္း- အင္ဆစ္ဂနီ၊မီလစ္ တို႔နဲ႔ ပြဲထြက္လာႏိုင္ၿပီး အာဆင္ နယ္ အသင္းမွာ ဂိုး - ပီတာခ်က္ ၊ေနာက္တန္း- မိုနာရယ္လ္၊ဆိုကရာတစ္၊ ကိုစီရယ္လ္နီ ၊အလယ္တန္း- မက္ခီတာရန္၊ ဂြမ္ဒိုဇူ၊ရမ္ေဆး၊ ကိုလာစီနက္၊ မစ္ဒ္လန္းႏိူင္း၊ ဇာခါ၊ ေရွ႕တန္း- လာကာဇက္တီတို႔ ပါဝင္ လာဖြယ္ရွိေနပါတယ္။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြေဈးေပးရာမွာ နာပိုလီဘက္ကေန တစ္လုံး ၈၀ အႏိုင္ေပးထားကာဂိုးေပါင္းက ၃လုံး ၅  အရႈံးေပးထားပါတယ္။ ဒီပြဲမွာ အာဆင္နယ္အသင္းနဲ႔ေနသင့္ေပမယ့္ အိမ္ကြင္းမွာ တိုက္စစ္သန္တဲ့ နာပိုလီေၾကာင့္ နာပိုလီအသင္းနဲ႔ ဂိုးအေပၚေနတာအေကာင္းဆုံးလို႔ ထင္ပါေၾကာင္း။။။။။။။။။။။

KON(SPORT)