【 အားကစား 】အာဆင်နယ်အသင်းကို ခံကစားမယ့် ပြင်သစ် သားတွေ နဲ့ အတူနေ မယ်

 【  အားကစား 】အာဆင်နယ်အသင်းကို ခံကစားမယ့် ပြင်သစ် သားတွေ နဲ့ အတူနေ မယ်

 ယနေ့ည ၁၂ နာရီ ခွဲ မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ပွဲစဉ်တွေအဖြစ် စကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲတွေထဲမှာ စိတ်ဝင်စားစရာကောင်းတာက ယူရိုပါလိဂ်ကနေ ချန်ပီယံလိဂ်ကို တိုက်ရိုက် ဝင်လို့ ရအောင် ဗိုလ်စွဲဖို့ ကြိုးစားနေတဲ့ အာဆင်နယ် အသင်းနဲ့ ပြင်သစ်လီဂူးမှာ မထင်မရှားအသင်းလေး တစ်သင်းဖြစ် တဲ့ ရင်းနက်စ်တို့ ကစားကြမယ့် ပွဲစဉ်တစ်ခုပါနေပါတယ်။  

ဒီပွဲမှာ အာဆင်နယ်အသင်း အနိုင်ရဖို့ များနေပေမယ့် မထင်မှတ် တာတွေ ဖြစ်တတ်တဲ့ အတွက် ရင်းနက်စ် အသင်းကို လျော့တွက်ရင် အာဆင်နယ် အောင်ဖျာလိပ်သွားနိုင်ပါတယ်။အိမ်ရှင်အဖြစ် လက်ခံ ကစားမယ့် ရင်းနက်စ်အသင်းဟာ ဒီရာသီ လီဂူးပွဲစဉ် ၂၆ ပွဲ ကစား ရာမှာ ၁၀ ပွဲနိုင် ၇ ပွဲ သရေ၊၉ ပွဲရှုံးကာ  ရဂိုး ၃၅ ဂိုး၊ပေးဂိုး၃၄ ဂိုး ထိရှိခဲ့ပါတယ်။ အိမ်ကွင်း ၁၃ ပွဲတိတိ လက်ခံကစားခဲ့ရာမှာ ၆ပွဲနိုင် ၄ ပွဲသရေ ၃ ပွဲရှုံးခဲ့ပါတယ်။သွင်းဂိုး ၁၈ ဂိုးသွင်းကာ ၁၂ ဂိုးပြန် ပေးခဲ့ရ ပါတယ်။ဒီနူန်းက အိမ်ကွင်း ပွဲစဉ်တွေမှာ တစ်ပွဲကို ၁ ဂိုးနူန်းကျော်ကျော် သွင်းကာ တစ်ဂိုးအောက်သာ ပေးဂိုးရှိခဲ့တဲ့အသင်းပါ။

ရင်းနက်စ်အသင်း အနေနဲ့ လီဂူး-၁ မှာ ရမှတ် ၃၇ မှတ်နဲ့ အဆင့်၁၀ နေရာရောက်နေတဲ့ အသင်းဖြစ်ပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၁၇ မှတ်ကွာဟနေလို့ အထက်မရောက် အောက်မကျတဲ့ နေရာဖြစ်နေလို့ ယူရို ပါလိဂ်ပွဲကို အာရုံစိုက်နေတဲ့အတွက် အသင်းငယ်ဆိုပြီး ပေါ့ဆ ကစားခဲ့ရင် ဒုက္ခများဖို့ ရှိနေပါတယ်။

ယူရိုပါလိဂ် ပွဲစဉ်တစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် အုပ်စု(K)မှာ ပါဝင်ပြီး ဒိုင်နမိုကိဗ်၊အက်စတာနာ၊ ဂျေဘလိုနက်စ် အသင်းတွေနဲ့ ကစားပြီး ၆ ပွဲကစား ၉ မှတ်ရကာ ဒိုနမိုကိဗ်အသင်းနဲ့အတူ အုပ်စု ဒုတိယ နေရာကနေ ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်ကို တက်လာတာ ပါ။ ယူရိုပါလိဂ် ၃၂ သင်းအဆင့်မှာ  လာလီဂါမှာ စွာနေတဲ့ ဘက်တစ် အသင်းကို ဘက်တစ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ကစာပြီး ၁၆ သင်း အဆင့် ကိုတက်လာတာပါ။

အာဆင်နယ် အသင်းကတော့ ဒီရာသီ ပရီမီးယားလိဂ်  ပွဲစဉ် ၂၉ ပွဲ ကစားခဲ့ရာမှာ ၁၇ ပွဲနိုင် ၆ ပွဲသရေ ၆ ပွဲရှုံးကာ ပေးဂိုး၃၉ ဂိုး ရဂိုး ၆၁ ဂိုးနဲ့ အဆင့် ၅ နေရာမှာရှိနေပါတယ်။ ဒီရာသီအဝေးကွင်း ၁၄ ပွဲ တိတိ ပရီးမီးယား လိဂ် ပွဲတွေကို လက်ခံကစားခဲ့ရာမှာ ၅ ပွဲနိုင် ၄ ပွဲသရေ ၅ ပွဲရှုံးခဲ့ပါတယ်။သွင်းဂိုး ၂၆ ဂိုးသွင်းကာ ၂၇ ဂိုးပြန် ပေးခဲ့ ရပါတယ်။ဒီနူန်းက အဝေးကွင်းပွဲစဉ်တွေမှာ တစ်ပွဲကို ၂ ဂိုးနူန်း နီးပါးသွင်းကာ နှစ်ဂိုးအောက်သာ ပေးဂိုးရှိခဲ့တဲ့အသင်းပါ။

ယူရိုပါလိဂ် ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် အုပ်စု(E)မှာပါဝင်ပြီး ကွာရာဘတ်၊ စပိုတင်း ၊ ဗိုစလ်ကာ အသင်း တွေနဲ့ ကစားပြီး ၆ ပွဲကစားပြီး ၁၆ မှတ်ရကာ အုပ်စုဗိုလ်အနေနဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်ကို တက်လာတာပါ။ ၃၂ သင်းအဆင့် အိမ်ကွင်းမှာ ဘိတ်ဘိုရီဆော့ဗ်ကို လက်ခံကစားခဲ့ရာမှာ သုံးဂိုးပြတ်အနိုင်ရပြီး ဒီအဆင့်ကို တက်လာခဲ့တဲ့ အသင်းပါ။

ယခုပွဲစဉ် အတွက် ပွဲကြို ထွက်လာတဲ့ လူစာရင်းအရ အိမ်ရှင် ရင်းနက်စ်အသင်းမှာ ဂိုး- တိုမက်စ် ကိုဘတ်၊ နောက်တန်း-ဇီဖန်နေ၊ ဒါမီယန်ဒါဆေးလ်ဗား၊ မက်ဆာ၊ဘန်ဆာဘီနီ၊အလယ်တန်း-အစ္စမေးလ်ဆာ၊ ဂရီနီရာ၊မေဘီနိုင်း၊ဘင်ဂျမင်အန်ဒရီ၊
ရှေ့တန်း- ဘင်အာဖာ၊အင်ဒရီရန် ဟိုနိုနူ တို့ ပါဝင်လာဖွယ်ရှိပြီး  အာဆင် နယ် အသင်းမှာတော့  ဂိုး - ပီတာချက်၊ နောက်တန်း- ဆိုကရာတစ်၊ မစ် လန်းဒ်နိူင်း ၊ မူစတာဖီ၊ ကိုလာစီနက် ၊ အလယ်တန်း- တော်ရဲရား၊ မက်ခီတာရန်၊ အိုဇေးလ်၊အိုင်ဝိုဘီ၊ဇာခါ၊  ရှေ့တန်း- အော်ဘာမီယန်း တို့ ပါဝင် လာဖွယ်ရှိနေပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေဈေးပေးရာမှာ  အာဆင်နယ်ဘက်ကနေ တစ်လုံး ၈၀ နိုင်ကနေ  သရေ ပြား ၈၀ အရှုံးထိ ဈေးကျလာပြီး ဂိုးပေါင်းက ၂ လုံး အရှုံးပေးထားပါတယ်။ ဒီပွဲမှာ အိမ်ရှင် ရင်းနက်စ် အသင်းနဲ့ ဂိုးပေါ်နေ တာ အကောင်းဆုံးလို ထင်ပါကြောင်း။။။။။။။။။။။

KON(SPORT) 

(   Zawgyi  )

  ယေန႔ည ၁၂ နာရီ ခြဲ မွာ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ ပထမ အေက်ာ့ပြဲစဥ္ေတြအျဖစ္ စကစားၾကမွာ ျဖစ္ပါတယ္။ ဒီပြဲေတြထဲမွာ စိတ္ဝင္စားစရာေကာင္းတာက ယူ႐ိုပါလိဂ္ကေန ခ်န္ပီယံလိဂ္ကို တိုက္႐ိုက္ ဝင္လို႔ ရေအာင္ ဗိုလ္စြဲဖို႔ ႀကိဳးစားေနတဲ့ အာဆင္နယ္ အသင္းနဲ႔ ျပင္သစ္လီဂူးမွာ မထင္မရွားအသင္းေလး တစ္သင္းျဖစ္ တဲ့ ရင္းနက္စ္တို႔ ကစားၾကမယ့္ ပြဲစဥ္တစ္ခုပါေနပါတယ္။  

ဒီပြဲမွာ အာဆင္နယ္အသင္း အႏိုင္ရဖို႔ မ်ားေနေပမယ့္ မထင္မွတ္ တာေတြ ျဖစ္တတ္တဲ့ အတြက္ ရင္းနက္စ္ အသင္းကို ေလ်ာ့တြက္ရင္ အာဆင္နယ္ ေအာင္ဖ်ာလိပ္သြားႏိုင္ပါတယ္။အိမ္ရွင္အျဖစ္ လက္ခံ ကစားမယ့္ ရင္းနက္စ္အသင္းဟာ ဒီရာသီ လီဂူးပြဲစဥ္ ၂၆ ပြဲ ကစား ရာမွာ ၁၀ ပြဲႏိုင္ ၇ ပြဲ သေရ၊၉ ပြဲရႈံးကာ  ရဂိုး ၃၅ ဂိုး၊ေပးဂိုး၃၄ ဂိုး ထိရွိခဲ့ပါတယ္။ အိမ္ကြင္း ၁၃ ပြဲတိတိ လက္ခံကစားခဲ့ရာမွာ ၆ပြဲႏိုင္ ၄ ပြဲသေရ ၃ ပြဲရႈံးခဲ့ပါတယ္။သြင္းဂိုး ၁၈ ဂိုးသြင္းကာ ၁၂ ဂိုးျပန္ ေပးခဲ့ရ ပါတယ္။ဒီႏူန္းက အိမ္ကြင္း ပြဲစဥ္ေတြမွာ တစ္ပြဲကို ၁ ဂိုးႏူန္းေက်ာ္ေက်ာ္ သြင္းကာ တစ္ဂိုးေအာက္သာ ေပးဂိုးရွိခဲ့တဲ့အသင္းပါ။

ရင္းနက္စ္အသင္း အေနနဲ႔ လီဂူး-၁ မွာ ရမွတ္ ၃၇ မွတ္နဲ႔ အဆင့္၁၀ ေနရာေရာက္ေနတဲ့ အသင္းျဖစ္ၿပီး တန္းဆင္းဇုန္ထဲက အသင္းနဲ႔ ၁၇ မွတ္ကြာဟေနလို႔ အထက္မေရာက္ ေအာက္မက်တဲ့ ေနရာျဖစ္ေနလို႔ ယူ႐ို ပါလိဂ္ပြဲကို အာ႐ုံစိုက္ေနတဲ့အတြက္ အသင္းငယ္ဆိုၿပီး ေပါ့ဆ ကစားခဲ့ရင္ ဒုကၡမ်ားဖို႔ ရွိေနပါတယ္။

ယူ႐ိုပါလိဂ္ ပြဲစဥ္တစ္ေလွ်ာက္ ျပန္ၾကည့္မယ္ဆိုရင္ အုပ္စု(K)မွာ ပါဝင္ၿပီး ဒိုင္နမိုကိဗ္၊အက္စတာနာ၊ ေဂ်ဘလိုနက္စ္ အသင္းေတြနဲ႔ ကစားၿပီး ၆ ပြဲကစား ၉ မွတ္ရကာ ဒိုနမိုကိဗ္အသင္းနဲ႔အတူ အုပ္စု ဒုတိယ ေနရာကေန ယူ႐ိုပါလိဂ္ ၃၂ သင္းရႈံးထြက္ကို တက္လာတာ ပါ။ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္မွာ  လာလီဂါမွာ စြာေနတဲ့ ဘက္တစ္ အသင္းကို ဘက္တစ္ကြင္းမွာ ၃-၁ နဲ႔ အႏိုင္ကစာၿပီး ၁၆ သင္း အဆင့္ ကိုတက္လာတာပါ။

အာဆင္နယ္ အသင္းကေတာ့ ဒီရာသီ ပရီမီးယားလိဂ္  ပြဲစဥ္ ၂၉ ပြဲ ကစားခဲ့ရာမွာ ၁၇ ပြဲႏိုင္ ၆ ပြဲသေရ ၆ ပြဲရႈံးကာ ေပးဂိုး၃၉ ဂိုး ရဂိုး ၆၁ ဂိုးနဲ႔ အဆင့္ ၅ ေနရာမွာရွိေနပါတယ္။ ဒီရာသီအေဝးကြင္း ၁၄ ပြဲ တိတိ ပရီးမီးယား လိဂ္ ပြဲေတြကို လက္ခံကစားခဲ့ရာမွာ ၅ ပြဲႏိုင္ ၄ ပြဲသေရ ၅ ပြဲရႈံးခဲ့ပါတယ္။သြင္းဂိုး ၂၆ ဂိုးသြင္းကာ ၂၇ ဂိုးျပန္ ေပးခဲ့ ရပါတယ္။ဒီႏူန္းက အေဝးကြင္းပြဲစဥ္ေတြမွာ တစ္ပြဲကို ၂ ဂိုးႏူန္း နီးပါးသြင္းကာ ႏွစ္ဂိုးေအာက္သာ ေပးဂိုးရွိခဲ့တဲ့အသင္းပါ။

ယူ႐ိုပါလိဂ္ ပြဲစဥ္ေတြကိုျပန္ၾကည့္မယ္ဆိုရင္ အုပ္စု(E)မွာပါဝင္ၿပီး ကြာရာဘတ္၊ စပိုတင္း ၊ ဗိုစလ္ကာ အသင္း ေတြနဲ႔ ကစားၿပီး ၆ ပြဲကစားၿပီး ၁၆ မွတ္ရကာ အုပ္စုဗိုလ္အေနနဲ႔ ယူ႐ိုပါလိဂ္ ၃၂ သင္း ရႈံးထြက္ကို တက္လာတာပါ။ ၃၂ သင္းအဆင့္ အိမ္ကြင္းမွာ ဘိတ္ဘိုရီေဆာ့ဗ္ကို လက္ခံကစားခဲ့ရာမွာ သုံးဂိုးျပတ္အႏိုင္ရၿပီး ဒီအဆင့္ကို တက္လာခဲ့တဲ့ အသင္းပါ။

ယခုပြဲစဥ္ အတြက္ ပြဲႀကိဳ ထြက္လာတဲ့ လူစာရင္းအရ အိမ္ရွင္ ရင္းနက္စ္အသင္းမွာ ဂိုး- တိုမက္စ္ ကိုဘတ္၊ ေနာက္တန္း-ဇီဖန္ေန၊ ဒါမီယန္ဒါေဆးလ္ဗား၊ မက္ဆာ၊ဘန္ဆာဘီနီ၊အလယ္တန္း-အစၥေမးလ္ဆာ၊ ဂရီနီရာ၊ေမဘီႏိုင္း၊ဘင္ဂ်မင္အန္ဒရီ၊
ေရွ႕တန္း- ဘင္အာဖာ၊အင္ဒရီရန္ ဟိုႏိုႏူ တို႔ ပါဝင္လာဖြယ္ရွိၿပီး  အာဆင္ နယ္ အသင္းမွာေတာ့  ဂိုး - ပီတာခ်က္၊ ေနာက္တန္း- ဆိုကရာတစ္၊ မစ္ လန္းဒ္ႏိူင္း ၊ မူစတာဖီ၊ ကိုလာစီနက္ ၊ အလယ္တန္း- ေတာ္ရဲရား၊ မက္ခီတာရန္၊ အိုေဇးလ္၊အိုင္ဝိုဘီ၊ဇာခါ၊  ေရွ႕တန္း- ေအာ္ဘာမီယန္း တို႔ ပါဝင္ လာဖြယ္ရွိေနပါတယ္။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြေဈးေပးရာမွာ  အာဆင္နယ္ဘက္ကေန တစ္လုံး ၈၀ ႏိုင္ကေန  သေရ ျပား ၈၀ အရႈံးထိ ေဈးက်လာၿပီး ဂိုးေပါင္းက ၂ လုံး အရႈံးေပးထားပါတယ္။ ဒီပြဲမွာ အိမ္ရွင္ ရင္းနက္စ္ အသင္းနဲ႔ ဂိုးေပၚေန တာ အေကာင္းဆုံးလို ထင္ပါေၾကာင္း။။။။။။။။။။။

KON(SPORT)