【 အားကစား 】အိမ်ကွင်းမှာ နာပိုလီအသင်းကိုမရှုံးနိမ့်နိုင်တဲ့ ဆဲလ်ဘတ်
【  အားကစား  】အိမ်ကွင်းမှာ နာပိုလီအသင်းကိုမရှုံးနိမ့်နိုင်တဲ့ ဆဲလ်ဘတ်
ချန်ပီယံလိဂ် အုပ်စု E တတိယပွဲစဉ်အဖြစ် ဆဲလ်ဘတ် အသင်းနဲ့ နာပိုလီ အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဆဲလ်ဘတ် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ရက်ဘူးအရီနားကွင်းမှာယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဆဲလ်ဘတ် အသင်းအနေ နဲ့  သြစတြေးလျ အမှတ်ပေးပြိုင်ပွဲ မှာအနိုင်ရရှိခဲ့တဲ့အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲကိုတိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။
အုပ်စုပွဲစဉ် ပထမပွဲအဖြစ်အိမ်ကွင်းမှာဂျန့် အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၆ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၂၆ ကြိမ်အထိရရှိခဲ့ပြီး ၆-၂ နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် လီဗာပူအသင်းရဲ့အိမ်ကွင်းမှာသွားရောက်ကစားခဲ့ပြီး ၃ဂိုးပြတ်ရှုံးနိမ့်နေရာမှ ချေပဂိုးတွေလိုက်လံသွသ်းယူရင်းပွဲအပြီးမှာ ၄-၃ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အတွက်၂ ပွဲကစားအပြီး ရမှတ် ၃မှတ်ရရှိကာ အုပ်စုE ရဲ့အဆင့် ၃ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။
နာပိုလီ အသင်းအနေနဲ့ ယမန်နှစ်က အီတလီ စီးရီးအေ အမှတ်ပေးပွဲမှာ ဒုတိယ ရရှိခဲ့တဲ့ အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေကို တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး UEFA အဆင့်သတ်မှတ်ချက် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။ဗိုလ်စွဲရန်ရေပန်းစားမှုအနေနဲ့ ၃၃ လေး ၁ လေးကြေးဖွင့်လှစ်ထားပြီး ယမန်နှစ်က အုပ်စုတွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ ၂ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ရရှိခဲ့ပါတယ်။
အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာလီဗာပူအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၇ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၁ဝကြိမ်းရရှိခဲ့ပြီး  ၂-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒုတိယပွဲစဉ်အဖြစ် ဂျန့်အသင်းရဲ့အိမ်ကွင်းမှာသွားရောက်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းမှု ၁၈ကြိမ်ရရှိခဲ့ပြီး ဂိုးမရှိသရေရလဒ်ရရှိခဲ့တဲ့အတွက် ၂ပွဲကစားအပြီး ရမှတ် ၄ မှတ်ရရှိကာ အုပ်စု E ကိုဦးဆောင်လျက်ရှိပါတယ်။အခုပွဲစဉ်ကို ဂိုး အဲလက်မာရက်၊နောက်တန်းကစားသမားများအဖြစ် ဂျီအိုဗန်နီ၊နီကိုလာ၊ ကိုလီဘယ်လီ၊ ဂူလမ်၊အလယ်တန်းမှာ အဲဂျက်အီမက်၊ဇီလင်စကီး၊ဂျို့မာရီယာ၊ဖာဘီယန်၊လိုဇနို၊ရှေ့တန်းမှာ မာတန့် တို့ပါဝင်ကစားလာနိုင်ပါတယ်။
အခုပွဲစဉ်ကိုဘွတ်ကီဒိုင်တွေက နာပိုလီအသင်းဘက်မှ သရေ ၁၀ ပြားအရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃လုံး ၅၀ အရှုံးဖွင့်လှစ်ထားပါတယ်။ယမန်နှစ်က ယူရိုပါလိဂ် ၁၆သင်းရှုံးထွက်အဆင့်မှာ နှစ်သင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ဆဲလ်ဘတ်ကွင်းမှာ ဆဲလ်ဘတ်အသင်းက ၃-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီး နာပိုလီရဲ့အိမ်ကွင်းမှာနာပိုလီအသင်းက ၃-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။
နာပိုလီအသင်းအနေနဲ့အဖွင့်ပွဲစဉ်မှာလီဗာပူအသင်းကိုအနိုင်ရရှိခဲ့ပြီး ဂျန့်အသင်းနဲ့သရေကျခဲ့တဲ့အတွက်အခုပွဲစဉ်ကို အနိုင်ရရှိဖို့ ဝါရင့်နည်းပြ အယ်ဆာ်လော့တီရဲ့ဦးဆောင်မှုနဲ့အတူကြိုးစားကစားလာမှာဖြစ်ပါတယ်။ဆဲလ်ဘတ်အသင်းအနေနဲ့ အိမ်ကွင်းမာကျောတဲ့အသင်းဖြစ်ပြီး ဥရောပပြိုင်ဘက်အသင်းတွေကို အိမ်ကွင်းမှာအကြိမ်ကြိမ် အနိုင်ယူခဲ့ပါတယ်။သြစတြေးလျအမှတ်ပေးပြိုင်ပွဲမှာလည်းပြိုင်ဘက်အသင်းတွေကို အိမ်ကွင်းမှာ ၃ ဂိုးနဲ့အထက်အနိုင်ရရှိထားပါပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဂျန့်အသင်းကို ၆ ဂိုးထိသွင်းယူထားပါတယ်။
အိမ်ကွင်းအားသာချက်၊ယမန်နှစ် ယူရိုပါလိဂ်မှာ အိမ်ကွင်းဂိုးပြတ်အနိုင်ရရှိခဲ့မှု၊လက်ရှိခြေစွမ်း၊အဝေးကွင်းမှာ ဂျန့်အသင်းကိုဂိုးသွင်း ယူနိုင်ခြင်း မရှိဘဲ ချန်ပီယံလိဂ် ၇ ပွဲဆက်နိုင်ပွဲမရခဲ့တဲ့နာပိုလီရဲ့ခြေစွမ်း နဲ့ရလဒ်တွေကြောင့် အခုပွဲစဉ်ကို ဆဲလ်ဘတ်အသင်းနဲ့သာလက်တွဲသင့်ပါကြောင်း ---
KON (SPORT)
(  Zawgyi  )
KON (SPORT)