【 အားကစား 】အိမ်ကွင်း ပထမဆုံးနိုင်ပွဲ ရယူမယ့် ဆောက်သင်ပတန်

   【  အားကစား  】အိမ်ကွင်း ပထမဆုံးနိုင်ပွဲ ရယူမယ့် ဆောက်သင်ပတန်

ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖွင့်ပွဲစဉ်အဖြစ် ဆောက်သင်ပတန်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ ယနေ့ ည ၁ နာရီခွဲအချိန်မှာ ဆောက်သင်ပတန် ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဆောက်သင်ပတန်အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘန်လေအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်ရရှိခဲ့ကာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။ ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ လီဗာပူအသင်းနဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၁၄ ကြိမ်ရရှိခဲ့ပြီး ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။ပွဲစဉ် ၂ အဖြစ် ဘရိုက်တန် အသင်း ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၂ ကြိမ်ရရှိခဲ့ကာ ဝ-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် ၄ အဖြစ် အိမ်ကွင်းမှာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးဘောလုံး ပိုင်ဆိုင်မှု ၄၁ ရာခိုင်နှုန်းရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ပြီး ၁-၁ သရေရလဒ်ရရှိခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် ရှက်ဖီးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန် သွင်းခွင့် ၁၁ ကြိမ်ရရှိခဲ့ပြီး ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် ၅ ပွဲကစား အပြီး ၇ မှတ် ရရှိကာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ဘုန်မောက်အသင်းအနေနဲ့ ပရီးမီးယားအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ရှက်ဖီးအသင်းကို ၁-၁ သရေကစားခဲ့ပါတယ်။ပွဲစဉ် ၂ အဖြစ် အက်စတွန် ဗီလာ အသင်းရဲ့ အိမ်ကွင်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၂ ကြိမ်ရရှိခဲ့ကာ ၁-၂ နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး ၁-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် လက်စတာအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်း ရရှိခဲ့ကာ ဂိုးကန်သွင်းခွင့် ၈ ကြိမ်ရရှိခဲ့ပြီး ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းမှာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တဲ့ အတွက် ၅ ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်လျှက်ရှိပါ တယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဆောက်သင်ပတန်အသင်းဘက်မှ သရေ ၇၅အရှုံးဖွင့်လှစ်ထားပြီးဂိုးပေါင်း ၃လုံး၅၅အနိုင်ဖွင့်လှစ်ထားပါ တယ်။ နှစ်သင်းတွေ့ဆုံးမှု နောက်ဆုံး ၁၂ ပွဲမှာ ဆောက်သင်ပတန် အသင်းက ၇ ပွဲနိုင် ၄ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဆောက်သင်ပတန် အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ဆောက်သင်ပတန် အသင်းက ၄ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ရရှိခဲ့ပါတယ်။ဘုန်းမောက်အသင်းအနေနဲ့ အဝေးကွင်းမှာကစားခဲ့တဲ့ အက်စတွန်ဗီလာ နဲ့ လက်စတာအသင်းတို့ရဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု နဲ့ ဂိုးကန်သွင်း ခွင့်တွေ အားနည်းခဲ့ပြီး အသင်းမှာလည်း ဒဏ်ရာရ ကစားသမားများ ပြားလျှက်ရှိပါတယ်။

ဆောက်သင်ပတန်အသင်း အနေနဲ့ ရာသီအစ ရလဒ်တွေ မကောင်း မွန်ပေ မယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းတည်ငြိမ်လာပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ လီဗာပူနဲ့ မန်ယူအသင်းတို့နဲ့သာ ယှဉ်ပြိုင်ကစားခဲ့ရပြီး အခုပွဲစဉ်မှာ ခြေရည်တူ အသင်းအချင်း ချင်းယှဉ်ပြိုင်ကစား ရမှာဖြစ်တဲ့ အတွက် အိမ်ကွင်း ပထမဆုံးနိုင်ပွဲရရှိဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။အိမ်ကွင်းမှာ ဘုန်းမောက် အသင်းကို အသာစီးရယူနိုင်တဲ့အစဉ်အလာ၊အိမ်ကွင်းအားသာချက်၊ အခုပွဲအပြီး စပါး၊ချဲလ်ဆီး၊ဝုဗ်အသင်းတွေနဲ့ ပွဲကျပ် ယှဉ်ပြိုင် ကစား ရမှာဖြစ်တဲ့ အတွက် အခုပွဲစဉ်ကို အနိုင်ရရှိဖို့ တိုက်စစ်ဖွင့်ကစား လာမှာဖြစ် တဲ့ အတွက် ဆောက်သင်ပတန်အသင်းနဲ့သာ လက်တွဲသင့် ပါကြောင်း ---

KON (SPORT)

(  Zawgyi  )

 ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အဖြင့္ပြဲစဥ္အျဖစ္ ေဆာက္သင္ပတန္အသင္းနဲ႔ ဘုန္းေမာက္အသင္းတို႔ ယေန႔ ည ၁ နာရီခြဲအခ်ိန္မွာ ေဆာက္သင္ပတန္ ရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

ေဆာက္သင္ပတန္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ ဘန္ေလအသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့ရာ ေဘာလုံးပိုင္ဆိုင္မႈ ၅၃ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၁ ႀကိမ္ရရွိခဲ့ကာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ ပါတယ္။ ပြဲစဥ္ ၂ အျဖစ္ အိမ္ကြင္းမွာ လီဗာပူအသင္းနဲ႔ ယွဥ္ၿပိဳင္ ကစား ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၃၆ ရာခိုင္ႏႈန္းရွိခဲ့ကာ ဂိုးကန္သြင္းခြင့္ ၁၄ ႀကိမ္ရရွိခဲ့ၿပီး ၁-၂ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္ ။ပြဲစဥ္ ၂ အျဖစ္ ဘ႐ိုက္တန္ အသင္း ရဲ႕ အိမ္ကြင္းမွာ ကစားခဲ့ရာ ေဘာလုံးပိုင္ဆိုင္မႈ ၄၉ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၂ ႀကိမ္ရရွိခဲ့ကာ ဝ-၂ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပြဲစဥ္ ၄ အျဖစ္ အိမ္ကြင္းမွာ မန္ယူအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီးေဘာလုံး ပိုင္ဆိုင္မႈ ၄၁ ရာခိုင္ႏႈန္းရွိခဲ့ကာ ဂိုးကန္သြင္းခြင့္ ၁၀ ႀကိမ္ရရွိခဲ့ၿပီး ၁-၁ သေရရလဒ္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၅ အျဖစ္ ရွက္ဖီးအသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၅၁ ရာခိုင္ႏႈန္းရရွိခဲ့ကာ ဂိုးကန္ သြင္းခြင့္ ၁၁ ႀကိမ္ရရွိခဲ့ၿပီး ဝ-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အတြက္ ၅ ပြဲကစား အၿပီး ၇ မွတ္ ရရွိကာ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနပါတယ္။

ဘုန္ေမာက္အသင္းအေနနဲ႔ ပရီးမီးယားအဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ရွက္ဖီးအသင္းကို ၁-၁ သေရကစားခဲ့ပါတယ္။ပြဲစဥ္ ၂ အျဖစ္ အက္စတြန္ ဗီလာ အသင္းရဲ႕ အိမ္ကြင္မွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၃၇ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၂ ႀကိမ္ရရွိခဲ့ကာ ၁-၂ နဲ႔ အႏိုင္ရရွိခဲ့ ပါတယ္။ပြဲစဥ္ ၃ အျဖစ္ အိမ္ကြင္းမွာ မန္စီးတီးအသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး ၁-၃ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ပြဲစဥ္ ၄ အျဖစ္ လက္စတာအသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၄၅ ရာခိုင္ႏႈန္း ရရွိခဲ့ကာ ဂိုးကန္သြင္းခြင့္ ၈ ႀကိမ္ရရွိခဲ့ၿပီး ၃-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ပြဲစဥ္ ၅ အျဖစ္ အိမ္ကြင္းမွာ အဲဗာတန္အသင္းကို အႏိုင္ရရွိခဲ့တဲ့ အတြက္ ၅ ပြဲကစားအၿပီး ရမွတ္ ၇ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရပ္တည္လွ်က္ရွိပါ တယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက ေဆာက္သင္ပတန္အသင္းဘက္မွ သေရ ၇၅အရႈံးဖြင့္လွစ္ထားၿပီးဂိုးေပါင္း ၃လုံး၅၅အႏိုင္ဖြင့္လွစ္ထားပါ တယ္။ ႏွစ္သင္းေတြ႕ဆုံးမႈ ေနာက္ဆုံး ၁၂ ပြဲမွာ ေဆာက္သင္ပတန္ အသင္းက ၇ ပြဲႏိုင္ ၄ ပြဲသေရ ၁ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ ေဆာက္သင္ပတန္ အသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ေနာက္ဆုံး ၆ ပြဲမွာ ေဆာက္သင္ပတန္ အသင္းက ၄ ပြဲႏိုင္ ၂ ပြဲသေရ ရလဒ္ရရွိခဲ့ပါတယ္။ဘုန္းေမာက္အသင္းအေနနဲ႔ အေဝးကြင္းမွာကစားခဲ့တဲ့ အက္စတြန္ဗီလာ နဲ႔ လက္စတာအသင္းတို႔ရဲ႕ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ နဲ႔ ဂိုးကန္သြင္း ခြင့္ေတြ အားနည္းခဲ့ၿပီး အသင္းမွာလည္း ဒဏ္ရာရ ကစားသမားမ်ား ျပားလွ်က္ရွိပါတယ္။

ေဆာက္သင္ပတန္အသင္း အေနနဲ႔ ရာသီအစ ရလဒ္ေတြ မေကာင္း မြန္ေပ မယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ေျခစြမ္းတည္ၿငိမ္လာပါတယ္။ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူနဲ႔ မန္ယူအသင္းတို႔နဲ႔သာ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး အခုပြဲစဥ္မွာ ေျခရည္တူ အသင္းအခ်င္း ခ်င္းယွဥ္ၿပိဳင္ကစား ရမွာျဖစ္တဲ့ အတြက္ အိမ္ကြင္း ပထမဆုံးႏိုင္ပြဲရရွိဖို႔ ႀကိဳးစားလာမွာျဖစ္ပါတယ္။အိမ္ကြင္းမွာ ဘုန္းေမာက္ အသင္းကို အသာစီးရယူႏိုင္တဲ့အစဥ္အလာ၊အိမ္ကြင္းအားသာခ်က္၊ အခုပြဲအၿပီး စပါး၊ခ်ဲလ္ဆီး၊ဝုဗ္အသင္းေတြနဲ႔ ပြဲက်ပ္ ယွဥ္ၿပိဳင္ ကစား ရမွာျဖစ္တဲ့ အတြက္ အခုပြဲစဥ္ကို အႏိုင္ရရွိဖို႔ တိုက္စစ္ဖြင့္ကစား လာမွာျဖစ္ တဲ့ အတြက္ ေဆာက္သင္ပတန္အသင္းနဲ႔သာ လက္တြဲသင့္ ပါေၾကာင္း ---

KON (SPORT)