【 အားကစား 】အေဂျက် ဂိုးပြတ်ဖို့ မရှိတဲ့ ချန်ပီယံလိဂ် အေပိုးလ်နဲ့ ပွဲစဉ်

  【  အားကစား  】အေဂျက် ဂိုးပြတ်ဖို့ မရှိတဲ့ ချန်ပီယံလိဂ် အေပိုးလ်နဲ့ ပွဲစဉ်

ချန်ပီယံလိဂ်ခြေစစ်ပွဲ ရှုံးထွက် (ပ)အကျော့ ပွဲစဉ်အဖြစ် ဆိုက်ပရပ် ကလပ် အေပိုးလ် အသင်းနဲ့ ဟော်လန် ကလပ် အေဂျက်အသင်းတို့ ယနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အေးပိုးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်များအဖြစ် မွန်တီနီ ဂရိုး ကလပ် စုဂျက်ကာ အသင်းကို အိမ်ကွင်း အဝေးကွင်းအနိုင်ရရှိခဲ့ပါ တယ်။ ကွာရာဘတ်အသင်းကို အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဘောလုံး ပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၃ အကြိမ် ထိ ရှိခဲ့ပေမယ့် ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၄၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၇ ကြိမ်ရှိခဲ့ပြီး ဝ-၂ နဲ့ အနိုင်ရရှိ ခဲ့တဲ့ အတွက် အခုအဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်ကို ဂိုး ဘယ်လက်၊ နောက်တန်းကစားသမားများအဖြစ် နီကိုလပ်၊ ကီဗင်ပီရီ၊ဂျော်ဂို့မာကစ်၊ အလယ်တန်းကစားသမားများအဖြစ် ဒရာဂန်မီဟာဂျိုဗစ်၊ ယူရို့မာတစ်၊ဂန့်ဆိုဂလူး၊ မူဆာအယ်တာမာရီ၊ ရှေ့တန်းကစားသမားများအဖြစ် ဗင်ဆန်တီ၊ ပါပလိုဗစ်၊ ရိုမန်ဘီဂျက် တို့ပါဝင်ကစားလာနိုင်ပါတယ်။

ဟော်လန်အမှတ်ပေးချန်ပီယံ အေဂျက်အသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံထွက်ပွဲစဉ်အဖြစ်  ဂရိ အမှတ်ပေးချန်ပီယံ PAOK ရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၇ ရရှိခဲ့ကာ ၂-၂ သရေ ရလဒ်ရရှိခဲ့ပါတယ်။ အိမ်ကွင်း မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ် ရရှိခဲ့ကာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် အခုအဆင့်ကို တက်ရောက်လာနိုင်ခဲ့ တာဖြစ်ပါတယ်။ အေဂျက် အသင်း အနေ နဲ့ အခုပွဲစဉ်မှာ ဂိုး အန်ဒရီ အိုနားနား၊နောက်တန်းကစားသမား များအဖြစ်မာဇာအိုရူး၊ဂျိုးဘက်မန်၊မာတီနက်၊တက်လီယာဖီအို၊အလယ်တန်းကစားသမားများအဖြစ် မာရင်း၊ဘန်ဒီဘက်၊ဒယ်လီဘလိုင်း၊ရှေ့တန်း ကစား သမားများအဖြစ် ဟာကင်၊ ဒူဆန် တာဒစ်၊နီရတ်တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက အေဂျက်အသင်းဘက်မှ ၁ လုံး ၇၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၃၀ အနိုင်ဖွင့်လှစ် ထားပါတယ်။နှစ်သင်းတွေ့ဆုံ မှုမှာ အေဂျက်အသင်းက ၁ ပွဲနိုင် ၁ ပွဲသရေကျခဲ့ ပါတယ်။ အေပိုလ်းအသင်းအနေနဲ့ နောက်ဆုံးအဆင့် ချန်ပီယံလိဂ် ပြိုင်ပွဲတွေ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရလေ့ရှိတဲ့အသင်း ဖြစ်ပြီး အခုလို အဆင့်ပြိုင်ပွဲမှာ အိမ်ကွင်းအားသာချက်နဲ့ အေဂျက်အသင်းကိုအကောင်း ဆုံး တုန့်ပြန်လာမှာ ဖြစ်ပါတယ်။အေဂျက်အသင်းအနေနဲ့ ယမန်နှစ်က ချန်ပီယံလိဂ်မှာ အသင်းကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ကစားသမားအချို့ကို အသင်းကြီးများ သို့ ရောင်းချခဲ့တဲ့အတွက် လက်ရှိအင်အားဟာ အနည်းငယ်အားလျော့ လာ ဖွယ် ရှိပါတယ်။အခုပွဲစဉ်မှာလည်း အေပိုလ်း အသင်းကို အနိုင်ရရှိဖို့ တိုက်စစ်ဖွင့်ကစားလာနိုင်ပေမယ့် အေပိုလ်းအသင်းရဲ့ အိမ်ကွင်းမှာတော့ ၁ ဂိုးထက်ပို ပြီး အနိုင်မရရှိနိုင်တဲ့အတွက် အေပိုလ်း အသင်းနဲ့သာလက်တွဲသင့်ပါကြောင်း  ---

KON(SPORT)

(  Zawgyi  )






KON(SPORT)