【 အားကစား 】 ကစားသမားသစ်နှစ်ဦးကို ကြေညာဖို့ရှိနေတဲ့ မန်ယူ

【 အားကစား 】 ကစားသမားသစ်နှစ်ဦးကို ကြေညာဖို့ရှိနေတဲ့ မန်ယူ

မန်ယူပရိတ်သတ်တွေအတွက်တော့ ဝမ်းသာစရာ အပြောင်းအရွှေ့ကာလဖြစ်နေမှာ အသေအချာပါပဲ။

မန်ယူအသင်းအနေနဲ့ ကာလရှည်ကြာ ချိတ်ဆက်နေခဲ့ရတဲ့ ဆန်ချို ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သလို၊ ယခုအခါမှာလည်း ကစားသမားသစ်နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာဖို့ရှိနေကြောင်းကို သတင်းတွေကဖော်ပြလျက်ရှိနေပါတယ်။

မန်ယူအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလာမယ့် ပြင်သစ်လက်‌ရွေးစင် နောက်ခံလူ ဗာရာနီ ကို ဥရောပအသင်းကြီးတွေနဲ့အပြိုင် ကမ်းလှမ်းခဲ့သလို၊ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံလူ ထရစ်ပီယာကိုလည်း ဆက်တိုက်ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ဝာာဖြစ်ပါတယ်။ The Sun ရဲ့ အဆိုအရတော့ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့နှစ်ခုစလုံးဟာ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ်တွေမှာ ‌ဗာရာနီနဲ့ ထရစ်ပီယာတို့ကို ခေါ်ယူပြီးကြောင်း ကြေညာဖို့ရှိနေတယ်လို့ သိရပါတယ်။

လာမယ့်ရာသီမှာ ဆုဖလားတွေစိန်ခေါ်ဖို့ ကြိုးပမ်းသွားမယ့် မန်ယူအသင်းအနေနဲ့ ယခုအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေထက် ခြေလှမ်းသွက်သွက်နဲ့ ကစားသမားသစ်တွေကို အင်အားဖြည့်တင်းနေဝာာလည်းဖြစ်ပါတယ်။ဗာရာနီနဲ့ ထရစ်ပီယာတို့ကို ခေါ်ယူပြီးကြောင်း ကြေညာပြီးပါက မန်ယူအသင်းဟာ ကစားသမားသစ်သုံးဦးအတွက် ပေါင် သန်း ၁၄၀ နီးပါးလောက် အသုံးပြုခဲ့မှာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ကစားသမားအင်အားဖြည့်တင်းမှုကို ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ရေးပါလာ က နှစ်ခြိုက်လျက်ရှိနေပြီး ဆန်ချိုနဲ့အတူ နောက်တန်းအင်အားဖြည့်တင်းမှုဟာ မန်ယူအသင်းကို ဆုဖလားတွေစိန်ခေါ်နိုင်စေလိမ့်မယ်လို့ ဆိုထားပါတယ်။

Linko
မန်ချက်စတာ၊ ဇူလိုင် - ၁၆