【 အားကစား 】 ကမ္ဘာကျော် ရုပ်ရှင်ဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံလိုက်ရတဲ့ တိုင်ဆန် ဖြူရီ

【 အားကစား 】 ကမ္ဘာကျော် ရုပ်ရှင်ဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံလိုက်ရတဲ့ တိုင်ဆန် ဖြူရီ

The Rocky ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသားကြီး စတားလုံးဟာ လက်ဝှေ့အားကစားကို အလွန်ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။
 
မင်းသားကြီး စတားလုံးဟာ ဗြိတိန်လက်ဝှေ့အကျော်အမော် တိုင်ဆန် ဖြူရီရဲ့ ပရိတ်သတ်တစ်ဦးလည်းဖြစ်ပြီး ဒီယွန်တေ ဝိုင်းဒါး ကို ဖြူရီမှ အလဲထိုးအနိုင်ရရှိခဲ့ပြီးနောက် ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ ကမ္ဘာ‌‌ကျော် ရုပ်ရှင်ဇာတ်လမ်းမှာပါ သရုပ်‌ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
 
တိုင်ဆန် ဖြူရီမှ ဝိုင်းဒါး ကို အလဲထိုးအနိုင်ရရှိခဲ့ပြီးနောက် မင်းသားကြီး စတားလုံးဟာ "ကွဲပြားခြားနားသော လူစွမ်းကောင်းတစ်ယောက်" လို့ ချီးကျူးခဲ့ပါတယ်။
 
"အံ့မခန်း ချန်ပီယံခွန်အားနဲ့ ရဲရင့်မှုတို့ကို ပြသခဲ့တဲ့ တိုင်ဆန် ဖြူရီအတွက် အလွန်တရာမှ ဂုဏ်ယူဝမ်း‌မြောက်မိပါတယ်" လို့ မင်းသားကြီး စတားလုံးမှ ပြောကြားခဲ့ပါတယ်။
 
"ဖြူရီမှာ ရုပ်ရှင်တွေမှာ သရုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျနော်ထင်တယ်၊ ဒါဆိုရင်တော့ နောက်ထပ် Expandables (ရုပ်ရှင်ဇာတ်ကား) လား၊ သဘောတူညီလား" လို့ တိုင်ဆန် ဖြူရီ ကို မင်းသားကြီး စတားလုံးမှ ၎င်းရဲ့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်လမ်းဖြစ်တဲ့  The Expandables ရုပ်ရှင်ကားသစ်မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
 
The Expandables ရုပ်ရှင်ဇာတ်ကားသစ်ဟာ လေးကားမြောက်အဖြစ် ထွက်ရှိမှာဖြစ်ပြီး၊ ကြေးစားစစ်သားများအကြောင်းဖြစ်ကာ ၂၀၂၂ ခုနှစ်ထဲမှာ ပြသဖွယ်ရှိနေတာဖြစ်ပါတယ်။
 
မင်းသားကြီး စတားလုံးက‌တော့ ဖြူရီ ကို ငါးကားမြောက် The Expandables ရှပ်ရှင်မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ယုံကြည်‌လျက်ရှိနေပါတယ်။
 
အသက် ၃၃ နှစ်အရွယ်ရှိ ဖြူရီဟာ ပွဲများဆက်လက်ထိုးသတ်ရန် စာချုပ်များ ကျန်ရှိသေးသော်လည်း ၎င်းအနေနဲ့ လက်ဝှေ့လောကမှ အနားယူရန် စဉ်းစားနေတယ်လို့ ဆိုပါတယ်။
 
Linko
အောက်တိုဘာ - ၂၂