【 အားကစား 】 ကားသူခိုးကို ဖမ်းဆီးခဲ့တဲ့ UFC ကြယ်ပွင့်

【 အားကစား 】 ကားသူခိုးကို ဖမ်းဆီးခဲ့တဲ့ UFC ကြယ်ပွင့်

UFC middleweight တိုက်ခိုက်ရေးသမား ကယ်ဗင် ဟိုလန်ဟာ လွန်ခဲ့သောရက်သတ္တပတ်အတွင်း ကိုင်လီ ဒေါကော့စ်နဲ့ ထိုးသတ်ခဲ့အပြီး ရက်ပိုင်းအကြာမှာတော့ ၎င်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို အော့တာဂွန်မှာ ထပ်မံပြသခဲ့တယ်လို့ သိရပါတယ်။

ကယ်ဗင် ဟိုလန်ရဲ့ နည်းပြ  ရှပ်ခ်ျ ဒေါ်ဆေးရဲ့ အဆိုအရ အမေရိကန် တိုက်ခိုက်ရေးသမားဟာ ၎င်းရဲ့ရပ်ကွက်အတွင်းမှာ ကားသူခိုးတစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဟိုလန်ဟာ ကားသူခိုးနောက်ကို လိုက်ခဲ့ပြီး ကန်ကျောက်တိုက်ခိုက်ပြီး ချုပ်နှောင်ကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ‌နည်းပြ ဒေါ်ဆေး က ဆက်လက်ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟိုလန်ဟာ လွန်ခဲ့သောရက်သတ္တပတ်က ဒေါကော့စ်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ မတော်တဆဖြစ်ရပ်ကနေ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ပွဲကိုရပ်နားခဲ့ရတာဖြစ်ပါတယ်။ဟိုလန်နဲ့ ဒေါကော့စ်တို့ပွဲရဲ့ မတော်တဆမှုကို ဒိုင်လူကြီးများက ပြန်လည်ကြည့်ရှုပြီးနောက် အဆိုပါပွဲကို no-contest (အနိုင်ရရှိသူမရှိ) အဖြစ် သတ်မှတ်ခဲ့ပါတယ်။

မတော်တဆဖြစ်ရပ်ကို ခံစားရပြီးနောက် ဟိုလန် က "ကျနော် ဘာကိုမှမမှတ်မိဘူး" လို့ ဆိုခဲ့ပါတယ်။

Linko
အော့တာဂွန်၊ အောက်တိုဘာ - ၅