【 အားကစား 】 ကိုပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်း ဂိုးပြတ်အနိုင်ယူမလား

【 အားကစား 】 ကိုပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်း ဂိုးပြတ်အနိုင်ယူမလား

ကိုပါအမေရိက ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ဗင်နီဇွဲလားအသင်းတို့ ဇွန်လ ၂၉ ရက် မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ကိုပါအမေရိကဖလား ဆီးမီးဖိုင်နယ် ရှုံးထွက်ပွဲဖြစ်တာနဲ့အညီ ပြိုင်ဆိုင်မှုပြင်းထန်မှာဖြစ်ပြီး အုပ်စု B မှာ အုပ်စုဒုတိယအနေနဲ့ တက်ရောက်လာတဲ့ အာဂျင်တီးနားအသင်းအနေနဲ့ အုပ်စု A မှာ ရမှတ် ၅ မှတ် ရရှိပြီး အုပ်စုဒုတိယအနေနဲ့ တက်ရောက်လာတဲ့ ဗင်နီဇွဲလားအသင်းကို ဂိုးပြတ်အနိုင်ယူ ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။

နည်းပြ စကာလိုနီ ရဲ့ အာဂျင်တီးနားအသင်း လူစာရင်းမှာ တိုက်စစ်မှူး မက်ဆီ၊ အဂူရို၊ ဒိုင်ဘာလာ၊ မာတီနက် တို့ ပါဝင်တဲ့ အကောင်းဆုံး တိုက်စစ်အတွဲကို ပိုင်ဆိုင်ထားပြီး အလယ်တန်းမှာ ဒီမာရီယာ၊ ပါရီဒက်စ်၊ ပစ်ဇာရို၊ နောက်တန်းမှာ အော်တာမန်ဒီ၊ ဖိုယက်၊ မိုရီ၊ တက်လီဖီပါ တို့နဲ့ အကောင်းဆုံးစုဖွဲ့မှုကို ပိုင်ဆိုင်ထားပေမယ့် အုပ်စုတွင်း ပွဲစဉ်တွေမှာ ထင်မှတ်သလောက် ရလဒ်မကောင်းမွန်ခဲ့တာကို တွေ့ရှိရပါတယ်။အုပ်စုတွင်း ကစားခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၃ ကြိမ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပါရာဂွေးအသင်းနဲ့ ပွဲစဉ်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၇ ကြိမ်ရှိခဲ့ပြီး ၁  ဂိုးသွင်းယူနိုင်ခဲ့ပြီး သရေကျခဲ့ပါတယ်။ကာတာသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၉ ကြိမ်ရရှိကာ ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဗင်နီဇွဲလားအသင်းဟာ နာမည်ကြီးကစားသမားတွေ မပါဝင်ပေမယ့် အသင်းလိုက်စုဖွဲ့မှု ကောင်းကောင်းနဲ့ ကစားနေတဲ့ အသင်းဖြစ်ပါတယ်။အုပ်စုတွင်း ကစားခဲ့တဲ့ ပီရူးအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်မှာ ဂိုးမရရှိခဲ့ဘဲ ဂိုးမရှိသရေကျခဲ့ပါတယ်။ဘရာဇီအသင်းနဲ့ ပွဲစဉ်မှာ ပိတ်ဆို့ကစားခဲ့ပြီး သရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဘိုလီးဗီးယားအသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၈ ကြိမ်မှာ အာဂျင်တီးနားအသင်းက ၄ ပွဲ နိုင် ၂ ပွဲသရေကျပြီး ၂ ပွဲရှုံးနိမ့်ခဲ့ပါတယ်။နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၃ ပွဲမှာ ဗင်နီဇွဲလားအသင်းက ၁ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။

 

အခုပွဲကို ဘွတ်ကီဒိုင်တွေက အာဂျင်တီးနားအသင်းဘက်မှ ၁ ဂိုး ၁၀ ပြားအနိုင် ဈေးဖွင့်ထားပြီး ဂိုးပေါင်း ၂ ဂိုး ၆၀ အရှုံး ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းစလုံးကို လေ့လာကြည့်ရင် အာဂျင်တီးနားအသင်းဟာ ကိုပါဖလား ပွဲစဉ် ၃ ပွဲစလုံး ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်ခြင်း၊ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အသင်းစုဖွဲ့မှု အကောင်းဆုံးပုံစံမှာ ရှိမနေခြင်း၊ ဗင်နီဇွဲလားအသင်းနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် အနိုင်မရခြင်း၊ ဗင်နီဇွဲလားအသင်းအနေနဲ့ အုပ်စုတွင်းပွဲစဉ်မှာ အိမ်ရှင် ဘရာဇီးအသင်းကို ဂိုးမပေးရအောင် အကောင်းဆုံးတုန့်ပြန်နိုင်မှုအရ အခုပွဲကိုလည်း ဂိုးပြတ်မရှုံးနိမ့်နိုင်တဲ့အတွက် ဗင်နီဇွဲလားအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း...........။

KON (SPORT)
ဇွန် - ၂၈

( Zawgyi )

ကိုပါအေမရိက ဖလားၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ အာဂ်င္တီးနားအသင္းနဲ႔ ဗင္နီဇြဲလားအသင္းတို႔ ဇြန္လ ၂၉ ရက္ မနက္ ၁ နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။

ကိုပါအေမရိကဖလား ဆီးမီးဖိုင္နယ္ ရႈံးထြက္ပြဲျဖစ္တာနဲ႔အညီ ၿပိဳင္ဆိုင္မႈျပင္းထန္မွာျဖစ္ၿပီး အုပ္စု B မွာ အုပ္စုဒုတိယအေနနဲ႔ တက္ေရာက္လာတဲ့ အာဂ်င္တီးနားအသင္းအေနနဲ႔ အုပ္စု A မွာ ရမွတ္ ၅ မွတ္ ရရွိၿပီး အုပ္စုဒုတိယအေနနဲ႔ တက္ေရာက္လာတဲ့ ဗင္နီဇြဲလားအသင္းကို ဂိုးျပတ္အႏိုင္ယူ ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမယ့္ ပြဲစဥ္ျဖစ္ပါတယ္။

နည္းျပ စကာလိုနီ ရဲ႕ အာဂ်င္တီးနားအသင္း လူစာရင္းမွာ တိုက္စစ္မႉး မက္ဆီ၊ အဂူ႐ို၊ ဒိုင္ဘာလာ၊ မာတီနက္ တို႔ ပါဝင္တဲ့ အေကာင္းဆုံး တိုက္စစ္အတြဲကို ပိုင္ဆိုင္ထားၿပီး အလယ္တန္းမွာ ဒီမာရီယာ၊ ပါရီဒက္စ္၊ ပစ္ဇာ႐ို၊ ေနာက္တန္းမွာ ေအာ္တာမန္ဒီ၊ ဖိုယက္၊ မိုရီ၊ တက္လီဖီပါ တို႔နဲ႔ အေကာင္းဆုံးစုဖြဲ႕မႈကို ပိုင္ဆိုင္ထားေပမယ့္ အုပ္စုတြင္း ပြဲစဥ္ေတြမွာ ထင္မွတ္သေလာက္ ရလဒ္မေကာင္းမြန္ခဲ့တာကို ေတြ႕ရွိရပါတယ္။အုပ္စုတြင္း ကစားခဲ့တဲ့ ကိုလံဘီယာအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၅၃ ရာခိုင္ႏႈန္းအထိ ရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၃ ႀကိမ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္း မရွိဘဲ ၂-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ပါရာေဂြးအသင္းနဲ႔ ပြဲစဥ္မွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၅၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းခြင့္ ၇ ႀကိမ္ရွိခဲ့ၿပီး ၁  ဂိုးသြင္းယူႏိုင္ခဲ့ၿပီး သေရက်ခဲ့ပါတယ္။ကာတာသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၅၄ ရာခိုင္ႏႈန္းအထိ ရွိခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၁၉ ႀကိမ္ရရွိကာ ၂ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

ဗင္နီဇြဲလားအသင္းဟာ နာမည္ႀကီးကစားသမားေတြ မပါဝင္ေပမယ့္ အသင္းလိုက္စုဖြဲ႕မႈ ေကာင္းေကာင္းနဲ႔ ကစားေနတဲ့ အသင္းျဖစ္ပါတယ္။အုပ္စုတြင္း ကစားခဲ့တဲ့ ပီ႐ူးအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၅၀ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၁ ႀကိမ္မွာ ဂိုးမရရွိခဲ့ဘဲ ဂိုးမရွိသေရက်ခဲ့ပါတယ္။ဘရာဇီအသင္းနဲ႔ ပြဲစဥ္မွာ ပိတ္ဆို႔ကစားခဲ့ၿပီး သေရရလဒ္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ဘိုလီးဗီးယားအသင္းနဲ႔ ပြဲစဥ္မွာ တိုက္စစ္ဖြင့္ကစားခဲ့ၿပီး ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၈ ႀကိမ္မွာ အာဂ်င္တီးနားအသင္းက ၄ ပြဲ ႏိုင္ ၂ ပြဲသေရက်ၿပီး ၂ ပြဲရႈံးနိမ့္ခဲ့ပါတယ္။ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ၃ ပြဲမွာ ဗင္နီဇြဲလားအသင္းက ၁ ပြဲႏိုင္ ၂ ပြဲသေရက်ခဲ့ပါတယ္။

အခုပြဲကို ဘြတ္ကီဒိုင္ေတြက အာဂ်င္တီးနားအသင္းဘက္မွ ၁ ဂိုး ၁၀ ျပားအႏိုင္ ေဈးဖြင့္ထားၿပီး ဂိုးေပါင္း ၂ ဂိုး ၆၀ အရႈံး ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းစလုံးကို ေလ့လာၾကည့္ရင္ အာဂ်င္တီးနားအသင္းဟာ ကိုပါဖလား ပြဲစဥ္ ၃ ပြဲစလုံး ထင္မွတ္သေလာက္ ေျခစြမ္းမျပႏိုင္ျခင္း၊ တိုက္ပြဲဝင္စိတ္ဓာတ္နဲ႔ အသင္းစုဖြဲ႕မႈ အေကာင္းဆုံးပုံစံမွာ ရွိမေနျခင္း၊ ဗင္နီဇြဲလားအသင္းနဲ႔ ေတြ႕ခဲ့တဲ့ ေနာက္ဆုံး ၃ ပြဲဆက္ အႏိုင္မရျခင္း၊ ဗင္နီဇြဲလားအသင္းအေနနဲ႔ အုပ္စုတြင္းပြဲစဥ္မွာ အိမ္ရွင္ ဘရာဇီးအသင္းကို ဂိုးမေပးရေအာင္ အေကာင္းဆုံးတုန႔္ျပန္ႏိုင္မႈအရ အခုပြဲကိုလည္း ဂိုးျပတ္မရႈံးနိမ့္ႏိုင္တဲ့အတြက္ ဗင္နီဇြဲလားအသင္းနဲ႔သာ လက္တြဲသင့္ပါေၾကာင္း...........။

KON (SPORT)
ဇြန္ - ၂၈