【 အားကစား 】 ချဲလ်ဆီးအသင်းမှာ စံချိန်တင်လစာရသူဖြစ်လာတဲ့ လူကာကူ

【 အားကစား 】 ချဲလ်ဆီးအသင်းမှာ စံချိန်တင်လစာရသူဖြစ်လာတဲ့ လူကာကူ

ချဲလ်ဆီးအသင်းနဲ့ လူကာကူတို့ရဲ့ စိတ်လှုပ်ရှားဖွယ် ပြန်လည်ပေါင်းစည်းမှုက‌တော့ အမှန်တကယ်ဖြစ်ပေါ်လာခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက အန်ဒါလက်ခ်ျအသင်းကနေ ချဲလ်ဆီးအသင်းခေါ်ယူခဲ့တဲ့ လူငယ်လေး‌ဟာ ယခုတော့ ချဲလ်ဆီးအသင်းထံသို့ ဂိုပေါင်း ၃၀၀ ကျော် သွင်းယူခဲ့တဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးကြီးတစ်ဦးအဖြစ် မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အသက် ၂၈ အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးအတွက် ပေါင် ၉၈ သန်းအထိ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။လူကာကူဟာ ချဲလ်ဆီးအသင်းကနေ ၂၀၁၃ ခုနှစ်မှာ ထွက်ခွာခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ အဲဗာတန်အသင်းကနေ မန်ယူနဲ့ အင်တာအသင်းတို့ကို ဆက်လက်ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ယခုတော့ လူကာကူအနေနဲ့ ၎င်းပထမဆုံးပြောင်းရွှေ့ခဲ့တဲ့ ကလပ်ဆီကို ပြန်လည်ရောက်ရှိလာဝာာလည်းဖြစ်ပါတယ်။

သတင်းတွေအရ လူကာကူဟာ ချဲလ်ဆီးအသင်းမှာ လာငွေ တစ်ပတ် ပေါင် ၄ သိန်းခွဲရရှိမှာဖြစ်ပြီး၊ ချဲလ်ဆီးအသင်းရဲ့ လစားအများဆုံးရတဲ့ ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။လက်ရှိ ချဲလ်ဆီးအသင်းရဲ့ လစာအများဆုံးကစားသမားဟာ အန် ဂိုလို ကန်တေဖြစ်ပြီး တစ်ပတ်ကို ပေါင် ၂ သိန်း ၉ သောင်း ရရှိနေတာဖြစ်ပါတယ်။

"အံ့အားသင့်ဖွယ်ကောင်းတဲ့ ကလပ်အသင်းဆီကို ပြန်လာခွင့်ရရှိခဲ့တဲ့အတွက် ကျနော်ဝမ်းမြောက် ပျော်ရွှင်မိပါတယ်" လို့ လူကာကူ က ချဲလ်ဆီးအသင်းရဲ့ တရားဝင်ဝဘ်ဆိုက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"သင်ယူစရာတွေအများကြီးနဲ့ လူငယ်တစ်ယောက်အနေနဲ့ ကျနော် ချဲလ်ဆီးအသင်းဆီကိုရောက်ခဲ့တယ်၊ ခရီးရှည်ကြီးထွက်အပြီးမှာ အတွေ့အကြုံအများကြီးနဲ့ ရင့်ကျက်တဲ့လူတစ်ယောက်အဖြစ် ကျနော်ပြန်လာခဲ့ပါပြီ" လို့ လူကာကူ က ပြောကြားခဲ့ပါသေးတယ်။

ချဲလ်ဆီးအသင်းနဲ့ လူကာကူတို့ ပေါင်းစပ်မှုအပြီးမှာ ချဲလ်ဆီးအသင်းကနေထွက်ခွာမယ့် ကစားသမားများလည်းရှိနေပြီး တိုက်စစ်မှူး တမ်မီ အေဘရာဟမ်နဲ့ နောက်ခံလူ ကာ့တ် ဇူးမားတို့ဟာ အသင်းကနေထွက်ခွာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

Linko
လန်ဒန်၊ ဩဂုတ် - ၁၃