【 အားကစား 】 ခြေမှန်နေတဲ့ နော်ဝေကို ခြေမငြိမ်တဲ့ စပိန် အိမ်ကွင်းမှာ နိုင်ပါ့မလား

【 အားကစား 】 ခြေမှန်နေတဲ့ နော်ဝေကို ခြေမငြိမ်တဲ့ စပိန် အိမ်ကွင်းမှာ နိုင်ပါ့မလား

ယခုတစ်ပတ်မှာ ဥရောပအမှတ်ပေးပွဲတွေ ရပ်နားပြီး နိုင်ငံအလိုက် ခြေစမ်းပွဲတွေ ကစားမှာဖြစ်သလို၂၀၂၀ ယူရိုခြေစစ်ပွဲတွေ၊ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲတွေ ကစားကြမှာ ဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာက ယခုတစ်ပတ်မှာ စတင်မယ့် ၂၀၂၀ ယူရိုခြေစစ်ပွဲအတွက် အုပ်စု ၁၀ အုပ်စုခွဲကာ စကစားမယ့် ပွဲစဉ်ထဲက အုပ်စု (F) ပွဲစဉ်တွေထဲက စပိန်အသင်းနဲ့ နော်ဝေအသင်း ပွဲစဉ်ပါ။

ဒီအုပ်စုမှာ ၆ သင်းပါပြီး စပိန်၊ နော်ဝေ၊ ဆွီဒင်၊ ရိုမေးနီးယား၊ ဖာရိုးကျွန်းစုနဲ့ မော်လ်တာအသင်းတို့ ပါဝင်ပါတယ်။အဓိကအားဖြင့် အုပ်စုကနေတက်ဖို့ စပိန်တစ်သင်း သေချာတယ်လို့ ထင်ရပေမယ့် ဆွီဒင်၊ ရိုမေးနီးယား အသင်းတွေက မထင်ရင် မထင်သလို ခြေစွမ်းကောင်းတတ်တဲ့အတွက် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အီတလီအသင်း ခြေစစ်ပွဲကနေ ပြုတ်ခဲ့ရတာကိုသတိရမိမှာ ဖြစ်ပါတယ်။

စပိန်အသင်းမှာ လူကောင်းတွေ တပုံတပင်ရှိပေမယ့် ပွဲဆက်များတာရယ်၊ ယုံကြည်မှုလွန်ကဲတာရယ်ကြောင့် ယခုနောက်ပိုင်း ပြိုင်ပွဲကြီးတွေမှာ မကြာခဏ အုပ်စုအဆင့်၊ ရှုံးထွက်အဆင့်က ထွက်ရတာတွေ များလာပါတယ်။နော်ဝေကတော့ ဥရောပမှာ ခြေရူးအဆင့်ထက် မပိုပါဘူး။နော်ဝေအသင်းမှာ လောက်လောက်လားလားဆိုလို့ မန်ယူ လက်ရှိနည်းပြ ဆိုးလ်ရှား လောက်သာ ထွက်ပေါ်ခဲ့တာပါ။

လက်ရှိအချိန်မှာ စပိန်အသင်းက နေရှင်းလိဂ်မှာ အင်္ဂလန်ကို ရှုံးပြီး အုပ်စုအဆင့်မှာ ကျန်ခဲ့ရတဲ့အသင်းဖြစ်ပြီး နော်ဝေအသင်းကတော့ နေရှင်းလိဂ်မှာ နောက်တစ်ဆင့်ကို တက်ထားတဲ့ အသင်းပါ။

နောက်ဆုံးကစားထားတဲ့ နေရှင်းလိဂ် နောက်ဆုံး ၃ ပွဲမှာ စပိန်အသင်းက ခရိုအေးရှားကို အဝေးကွင်းမှာ ၃-၂၊ အင်္ဂလန်ကို အိမ်ကွင်းမှာ ၂-၃ တွေနဲ့ ရှုံးပြီး ဝေးလ်ကို ၁-၄ နဲ့ အဝေးကွင်းမှာ နိုင်ထားပါတယ်။

နော်ဝေအသင်းက ဘူလ်ဂေးရီးယားကို အိမ်ကွင်းမှာ ၁-ဝ၊ ဆိုက်ပရပ်ကို အဝေးကွင်းမှာ ဝ-၂ နဲ့ နိုင်ပြီး ဆလိုဗေးနီးယားနဲ့ တစ်ဂိုးစီသရေကျထားပါတယ်။

နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင် ၂၀၀၀ ပြည့်နှစ်က စပိန်ကွင်းမှာ နော်ဝေက အနိုင်ရထားပြီး ၂၀၀၃ ခုနှစ်မှာတော့ အိမ်ကွင်းမှာဘဲ စပိန်က ပြန်နိုင်ခဲ့ပါတယ်။

ယူရိုပါလိဂ် ပထမဆုံး အုပ်စုပွဲတွေဖြစ်တဲ့အတွက် နှစ်သင်းစလုံး အားထည့်ကစားမှာ သေချာနေပါတယ်။

 

အိမ်ရှင် စပိန်အသင်းမှာ ဂိုး - ဒီဂီယာ၊ နောက်တန်း - မာတီနက်ဇ်၊ ရာမို့စ်၊ ဂျော်ဒီအယ်လ်ဘာ၊ ရော်ဘတ်တို၊ အလယ်တန်း - ဘတ်စကွတ်၊ ဆီဘယ်လော့၊ ပါရီဂျို၊ ရှေ့တန်း - မိုရာတာ၊ ရိုဒရီဂို၊ အဆန်စီယို တို့ ပွဲထွက်လာဖွယ်ရှိပြီး၊

နော်ဝေအသင်းကတော့ ဂိုး - ဂျာစတိန်း၊ နောက်တန်း - အလီဆာမီ၊ ဆီဂတ်ရိုစတက်၊ နော်ဗစ်၊ အလာဒီလော့တီ၊ အလယ်တန်း - ဂျိုဟန်ဆန်၊ အယ်လ်ယွန်နူဆိမ်း၊ ဆဲလ်နက်စ်၊ ဟဲနကန်ဆင်၊ ရှေ့တန်း - အယ်လ်ယွန်နုဆိမ်း၊ ဂျိုရှုကင်း တို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အိမ်ရှင် စပိန်အသင်းဘက်ကနေ နှစ်လုံးအသာနဲ့နိုင်ရင် ၁၀ ပြား အနိုင်ပေးကာ ဂိုးပေါင်း ၃ လုံးကို ၁၅ ပြား အရှုံးဈေးပေးထားပါတယ်။

နေရှင်းလိဂ်မှာ ကစားသွားတဲ့ နော်ဝေအသင်း ကစားပုံက ခံစစ်ကိုအသေတည်ပြီး ကောင်တာတွေနဲ့ အလှုပ်ကစားခဲ့တဲ့အတွက် စပိန်အသင်း ဂိုးရဖို့ခက်နိုင်ပါတယ်။ဒီဈေးနဲ့ နော်ေ၀ ခြေစွမ်းကြောင့် ဂိုးပြတ်မရှုံးနိုင်တဲ့ နော်ဝေအသင်းနဲ့ ဂိုးပေါ်ကို စိတ်ဝင်စားပါကြောင်း........။

KON (SPORT)
မတ် - ၂၃

( Zawgyi )

ယခုတစ္ပတ္မွာ ဥေရာပအမွတ္ေပးပြဲေတြ ရပ္နားၿပီး ႏိုင္ငံအလိုက္ ေျခစမ္းပြဲေတြ ကစားမွာျဖစ္သလို၂၀၂၀ ယူ႐ိုေျခစစ္ပြဲေတြ၊ အာဖရိကႏိုင္ငံမ်ားဖလား ေျခစစ္ပြဲေတြ ကစားၾကမွာ ျဖစ္ပါတယ္။စိတ္ဝင္စားစရာေကာင္းတာက ယခုတစ္ပတ္မွာ စတင္မယ့္ ၂၀၂၀ ယူ႐ိုေျခစစ္ပြဲအတြက္ အုပ္စု ၁၀ အုပ္စုခြဲကာ စကစားမယ့္ ပြဲစဥ္ထဲက အုပ္စု (F) ပြဲစဥ္ေတြထဲက စပိန္အသင္းနဲ႔ ေနာ္ေဝအသင္း ပြဲစဥ္ပါ။

ဒီအုပ္စုမွာ ၆ သင္းပါၿပီး စပိန္၊ ေနာ္ေဝ၊ ဆြီဒင္၊ ႐ိုေမးနီးယား၊ ဖာ႐ိုးကြၽန္းစုနဲ႔ ေမာ္လ္တာအသင္းတို႔ ပါဝင္ပါတယ္။အဓိကအားျဖင့္ အုပ္စုကေနတက္ဖို႔ စပိန္တစ္သင္း ေသခ်ာတယ္လို႔ ထင္ရေပမယ့္ ဆြီဒင္၊ ႐ိုေမးနီးယား အသင္းေတြက မထင္ရင္ မထင္သလို ေျခစြမ္းေကာင္းတတ္တဲ့အတြက္ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ အီတလီအသင္း ေျခစစ္ပြဲကေန ျပဳတ္ခဲ့ရတာကိုသတိရမိမွာ ျဖစ္ပါတယ္။

စပိန္အသင္းမွာ လူေကာင္းေတြ တပုံတပင္ရွိေပမယ့္ ပြဲဆက္မ်ားတာရယ္၊ ယုံၾကည္မႈလြန္ကဲတာရယ္ေၾကာင့္ ယခုေနာက္ပိုင္း ၿပိဳင္ပြဲႀကီးေတြမွာ မၾကာခဏ အုပ္စုအဆင့္၊ ရႈံးထြက္အဆင့္က ထြက္ရတာေတြ မ်ားလာပါတယ္။ေနာ္ေဝကေတာ့ ဥေရာပမွာ ေျခ႐ူးအဆင့္ထက္ မပိုပါဘူး။ေနာ္ေဝအသင္းမွာ ေလာက္ေလာက္လားလားဆိုလို႔ မန္ယူ လက္ရွိနည္းျပ ဆိုးလ္ရွား ေလာက္သာ ထြက္ေပၚခဲ့တာပါ။

လက္ရွိအခ်ိန္မွာ စပိန္အသင္းက ေနရွင္းလိဂ္မွာ အဂၤလန္ကို ရႈံးၿပီး အုပ္စုအဆင့္မွာ က်န္ခဲ့ရတဲ့အသင္းျဖစ္ၿပီး ေနာ္ေဝအသင္းကေတာ့ ေနရွင္းလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ထားတဲ့ အသင္းပါ။

ေနာက္ဆုံးကစားထားတဲ့ ေနရွင္းလိဂ္ ေနာက္ဆုံး ၃ ပြဲမွာ စပိန္အသင္းက ခ႐ိုေအးရွားကို အေဝးကြင္းမွာ ၃-၂၊ အဂၤလန္ကို အိမ္ကြင္းမွာ ၂-၃ ေတြနဲ႔ ရႈံးၿပီး ေဝးလ္ကို ၁-၄ နဲ႔ အေဝးကြင္းမွာ ႏိုင္ထားပါတယ္။

ေနာ္ေဝအသင္းက ဘူလ္ေဂးရီးယားကို အိမ္ကြင္းမွာ ၁-ဝ၊ ဆိုက္ပရပ္ကို အေဝးကြင္းမွာ ဝ-၂ နဲ႔ ႏိုင္ၿပီး ဆလိုေဗးနီးယားနဲ႔ တစ္ဂိုးစီသေရက်ထားပါတယ္။

ႏွစ္သင္းထိပ္တိုက္ေတြ႕ဆုံမႈကိုၾကည့္ရင္ ၂၀၀၀ ျပည့္ႏွစ္က စပိန္ကြင္းမွာ ေနာ္ေဝက အႏိုင္ရထားၿပီး ၂၀၀၃ ခုႏွစ္မွာေတာ့ အိမ္ကြင္းမွာဘဲ စပိန္က ျပန္ႏိုင္ခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ ပထမဆုံး အုပ္စုပြဲေတြျဖစ္တဲ့အတြက္ ႏွစ္သင္းစလုံး အားထည့္ကစားမွာ ေသခ်ာေနပါတယ္။

အိမ္ရွင္ စပိန္အသင္းမွာ ဂိုး - ဒီဂီယာ၊ ေနာက္တန္း - မာတီနက္ဇ္၊ ရာမို႔စ္၊ ေဂ်ာ္ဒီအယ္လ္ဘာ၊ ေရာ္ဘတ္တို၊ အလယ္တန္း - ဘတ္စကြတ္၊ ဆီဘယ္ေလာ့၊ ပါရီဂ်ိဳ၊ ေရွ႕တန္း - မိုရာတာ၊ ႐ိုဒရီဂို၊ အဆန္စီယို တို႔ ပြဲထြက္လာဖြယ္ရွိၿပီး၊

ေနာ္ေဝအသင္းကေတာ့ ဂိုး - ဂ်ာစတိန္း၊ ေနာက္တန္း - အလီဆာမီ၊ ဆီဂတ္႐ိုစတက္၊ ေနာ္ဗစ္၊ အလာဒီေလာ့တီ၊ အလယ္တန္း - ဂ်ိဳဟန္ဆန္၊ အယ္လ္ယြန္ႏူဆိမ္း၊ ဆဲလ္နက္စ္၊ ဟဲနကန္ဆင္၊ ေရွ႕တန္း - အယ္လ္ယြန္ႏုဆိမ္း၊ ဂ်ိဳရႈကင္း တို႔နဲ႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အိမ္ရွင္ စပိန္အသင္းဘက္ကေန ႏွစ္လုံးအသာနဲ႔ႏိုင္ရင္ ၁၀ ျပား အႏိုင္ေပးကာ ဂိုးေပါင္း ၃ လုံးကို ၁၅ ျပား အရႈံးေဈးေပးထားပါတယ္။

ေနရွင္းလိဂ္မွာ ကစားသြားတဲ့ ေနာ္ေဝအသင္း ကစားပုံက ခံစစ္ကိုအေသတည္ၿပီး ေကာင္တာေတြနဲ႔ အလႈပ္ကစားခဲ့တဲ့အတြက္ စပိန္အသင္း ဂိုးရဖို႔ခက္ႏိုင္ပါတယ္။ဒီေဈးနဲ႔ ေနာ္ေ၀ ေျခစြမ္းေၾကာင့္ ဂိုးျပတ္မရႈံးႏိုင္တဲ့ ေနာ္ေဝအသင္းနဲ႔ ဂိုးေပၚကို စိတ္ဝင္စားပါေၾကာင္း........။

KON (SPORT)
မတ္ - ၂၃