【 အားကစား 】 ဂန္တဝင်တိုက်စစ်မှူးကြီးရှေ့မှာ ပုံစံတူအောင်ပွဲခံခဲ့တဲ့ အော်ဘာမီယန်း

【 အားကစား 】 ဂန္တဝင်တိုက်စစ်မှူးကြီးရှေ့မှာ ပုံစံတူအောင်ပွဲခံခဲ့တဲ့ အော်ဘာမီယန်း

ယမန်နေ့ညကကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက စပါးအသင်းကို ၃-၁ ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အာဆင်နယ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အွန်နရီ အာဆင်နယ်အသင်းကို လာရောက်‌အားပေးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ဆက်တိုက်နိုင်ပွဲတွေရရှိလာခဲ့ပြီဖြစ်ပြီး ခြေစွမ်းအမှန် ပြန်လည်ရရှိလာပြီလို့ ဆိုရမှာပါ။စပါးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အဓိကတိုက်စစ်မှူး အော်ဘာမီယန်း တစ်ဂိုးသွင်းယူကာ ခြေစွမ်းပြသခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်နေ‌ဆဲ‌ဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲစဉ်မှာ ထူးခြားမှုတစ်ခုလည်းဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းအတွက် တိုက်စစ်မှူး အော်ဘာမီယန်းမှ ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အွန်နရီရဲ့ ပုံစံကို တုပအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အော်ဘာမီယန်းဟာ ဒုတိယဦးဆောင်ဂိုးကို သွင်းယူပြီး ဒူးထောက်လျှောထိုးကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ ကို ဆက်ခံသူ အော်ဘာမီယန်းရဲ့ အောင်ပွဲခံပုံစံကြောင့် အာဆင်နယ်ပရိတ်သတ်‌တွေဟာ ၎င်းတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အွန်နရီရဲ့ ဒူးထောက်လျှောထိုး အောင်ပွဲခံပုံကို ပြန်လည်အမှတ်ရခဲ့ကြပါတယ်။ဒါ့အပြင် အော်ဘာမီယန်းဟာ ပွဲကြည့်စင်မှာရှိနေတဲ့ ဂန္တဝင်ကြီး အွန်နရီ ရှေ့မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

စပါးအသင်းနဲ့ပွဲမှာ စမစ်ရိုးရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းယူခဲ့တဲ့ အော်ဘာမီယန်းဟာ ပရီးမီယားလိဂ်မှာ နှစ်ဂိုးသွင်းယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Linko
လန်ဒန်၊ စက်တင်ဘာ - ၂၇