【 အားကစား 】 ဂရစ်ဇ်မန်း အသင်းဟောင်းကိုပြန်ရောက်ခဲ့တဲ့ နွေအပြောင်းအရွှေ့ နောက်ဆုံးအချိန်များ

【 အားကစား 】 ဂရစ်ဇ်မန်း အသင်းဟောင်းကိုပြန်ရောက်ခဲ့တဲ့ နွေအပြောင်းအရွှေ့ နောက်ဆုံးအချိန်များ

ဘောလုံးအသင်းတွေရဲ့ ၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကတော့ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။

‌၂၀၂၁ ခုနှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ထူးခြားမှုကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးအချိန်‌ေတွဟာလည်း မထင်မှတ်တဲ့ ကစားသမားတွေရဲ့ အသင်းပြောင်းရွှေ့မှုတွေနဲ့အတူ‌ ဘောလုံးပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အက်သလက်တီကိုကနေ ဘာစီလိုနာအသင်းဆီသို့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ အန်တိုနီ ဂရစ်ဇ်မန်းဟာ ယခု ၂၀၂၁ ခုနှစ် နွေအပြောင်းအရွှေ့မှာတော့ အက်သလက်တီကိုအသင်းဆီကို အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။သတင်းတွေအရတော့ အက်သလက်တီကိုအသင်းဘက်က ဂရစ်ဇ်မန်း ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခွင့်ကိုပါ စာချုပ်ထဲ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ သတင်းထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ မန်ယူအသင်းရဲ့ ပစ်မှတ် ရင်းနက်စ်အသင်းက လူငယ်ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ရီးရဲလ်အသင်းဘက်က PSG အသင်းမှ အမ်ဘတ်ပီ ကို ယူရို သန်း ၂၂၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် PSG အသင်းဘက်က ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းကတော့ ဆီဗီးလားနောက်ခံလူ ကွန်ဒီ ကို မရခဲ့ပေမယ့် အက်သလက်တီကိုအသင်းက ကွင်းလယ်ကစားသမား ဆောလ်နီဂွက်ဇ်ကိုတော့ တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

စပါးအသင်းကတော့ ဘာစီလိုနာ ညာနောက်ခံ လူငယ်ကစားသမား အီမာဆင် ကို ခေါ်ယူနိုင်ခဲ့ပြီး၊ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းကတော့ ဥရောပအသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်လေး မိုရီဘာ ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ ဘိုလော့ဂ်နာ နောက်ခံလူ ဂျပန်လက်ရွေးစင် တိုမီယာဆု ကို‌ ခေါ်ယူနိုင်ခဲ့ပြီး၊ ဘယ်လာရင်ကိုတော့ ဘက်တစ်အသင်းဆီကို အငှားချခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဂရစ်ဇ်မန်း ထွက်ခွာသွားတဲ့နေရာကို ဆီဗီးလား တိုက်စစ်မှူး လုခ် ဒီဂျောင်နဲ့ အစားထိုးခဲ့ပါတယ်။

ဂျူ‌ဗင်တပ်အသင်းကတော့ စီရော်နယ်လ်ဒို ထွက်ခွာသွားတဲ့ တိုက်စစ်အတွက် ကစားသမားဟောင်း မွိုက်စ်ကိန်း ကို အငှားနဲ့ ပြန်လည်ခေါ်ယူပြီး အားဖြည့်ခဲ့ပါတယ်။

‌၂၀၂၁ ခုနှစ် နွေအပြောင်းအရွှေ့မှာ PSG မှ အမ်ဘတ်ပီနဲ့ ဒေါ့မွန်မှ ဟာလန်းတို့ အသင်းပြောင်းရွှေ့နိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် လာမယ့်အပြောင်းအရွှေ့‌ေစျးကွက်မှာတော့ ၎င်းတို့နှစ်ဦးရဲ့ အသင်းအပြောင်းအရွှေ့များကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Linko
စက်တင်ဘာ - ၁