【 အားကစား 】 ဆိုးလ်ရှား ကို ထုတ်ပယ်ပြီးနောက် ခန့်အပ်ရန် နည်းပြ ၄ ဦးကို မန်ယူအသင်းလျာထား

【 အားကစား 】 ဆိုးလ်ရှား ကို ထုတ်ပယ်ပြီးနောက် ခန့်အပ်ရန် နည်းပြ ၄ ဦးကို မန်ယူအသင်းလျာထား

လီဗာပူးလ်အသင်းကို အိုးထရက်ဖို့ဒ်မှာ ၅ ဂိုးပြတ် အရှက်တကွဲရှုံးနိမ့်ပြီးနောက် မန်ယူအသင်း နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ကတော့ ဆိုးရွားလာနေခဲ့ပါပြီ။
 
လက်ရှိအချိန်အထိတော့ မန်ယူအသင်းဘက်က နည်းပြ ဆိုးလ်ရှား ကို မထုတ်ပယ်သေးပေမယ့်လည်း နည်းပြ ၄ ဦးကို ဆိုးလ်ရှားနေရာမှာ ခန့်အပ်ရန် ဆွေးနွေးလျက်ရှိနေတယ်လို့ သတင်းများက ဖော်ပြလျက်ရှိနေပါတယ်။
 
မန်ယူအသင်း လျာထားတဲ့ နည်းပြ ၄ ဦးထဲမှာ အတွေ့အကြုံရင့်တဲ့ နည်းပြ ၃ ဦးအပြင် လက်ရှိအချိန်မှာ နာမည်ကျော်ကြားလာတဲ့ တက်သစ်စ နည်းပြတစ်ဦးလည်းပါဝင်လာတယ်လို့ သတင်းများက ဖော်ပြနေကြပါတယ်။
 
ပထမဆုံးရေပန်းစားသူကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ရယူပြီး အောင်မြင်မှုတွေ စိုက်ထူခဲ့တဲ့ ဇနဒင်း ဇီဒန်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလာပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသူတစ်ဦးဖြစ်ပြီး မန်ယူအသင်းရဲ့ နည်းပြရာထူးကို လက်ခံသွားဖွယ်ရှိနေပါတယ်။မန်ယူအသင်းဘက်ကလည်း စီရော်နယ်လ်ဒို၊ ဗာရာနီတို့နဲ့ လက်တွဲခဲ့ဖူးတဲ့ ဇီဒန်း ကို နည်းပြအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားနေပြီး အသင်းအတွက် အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
 
နောက်တစ်ဦးကတော့ ချဲလ်ဆီးနဲ့ အင်တာအသင်း နည်းပြဟောင်း အန်တိုနီယို ကွန်တီ ဖြစ်ပါတယ်။ဂျူဗင်တပ် မင်းမူထားတဲ့ အီတလီ စီးရီးအေပြိုင်ပွဲမှာ အင်တာအသင်းကို ဗိုလ်စွဲနိုင်အောင် ပြုလုပ်ပေးပြီးနောက် အင်တာအသင်းကနေ ထွက်ခွာလာသူဖြစ်ပါတယ်။ဇီဒန်းကဲ့သို့ ကလပ်အသင်းလက်မဲ့ဖြစ်နေသူတစ်ဦးဖြစ်ပြီး မန်ယူအသင်းဘက်က ကမ်းလှမ်းလာပါက နည်းပြအလုပ်ကို လက်ခံဖွယ်ရှိနေပါတယ်။ကိုင်တွယ်နည်းပြတဲ့ အသင်းအပေါ် နိုင်လိုစိတ်ပြင်းပြင်းထန်ထန်နဲ့ နည်းပြတဲ့ ကွန်တီဟာ မန်ယူအသင်းအတွက် အဆင်ပြေတဲ့ နည်းပြတစ်ဦးဖြစ်လာနိုင်ပါတယ်။
 
နောက်ထပ် မန်ယူအသင်း လျာထားသူကတော့ အေဂျက်အသင်းနည်းပြ အဲရစ်ခ် တန်း ဟတ် ဖြစ်ပါတယ်။အေဂျက်အသင်းအတွက် ဟော်လန် အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်ရယူပေးထားသူဖြစ်ပြီး၊ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အေဂျက်အသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့် အစဉ်အလာကြီးမားလွန်းတဲ့ မန်ယူအသင်းကို ကိုင်တွယ်ဖို့ကတော့ အတွေ့အကြုံတွေ လိုအပ်နေသေးပြီး ဇီဒန်းနဲ့ ကွန်တီတို့နောက်မှာသာ ရေပန်းစားနေပါတယ်။
 
မန်ယူအသင်းရဲ့ နည်းပြရာထူးစာရင်းထဲ အံ့အားသင့်ဖွယ် ပါဝင်လာသူကတော့ လီဗာပူးလ်နည်းပြဟောင်း လက်ရှိ လက်စတာအသင်း နည်းပြ ဘရန်ဒန် ရော်ဂျာစ် ဖြစ်ပါတယ်။မန်ယူအသင်းအတွက်တော့ ရော်ဂျာစ်ဟာ နည်းပြပြုလုပ်ရန်အတွက် လိုအပ်ချက်ပြည့်မီမယ် မထင်ပါဘူး။ဒီအတွက် ရော်ဂျာစ်အနေနဲ့ မန်ယူအသင်းနည်းပြရာထူးအတွက် ရေပန်းစားမှုမှာ အောက်ဆုံးအဆင့်သာ ရှိနေပါတယ်။
 
Linko
မန်ချက်စတာ၊ အောက်တိုဘာ - ၂၆