【 အားကစား 】 ဆောင်းရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ငွေအပြိုင်သုံးဖို့ ပြင်နေ

【 အားကစား 】 ဆောင်းရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ငွေအပြိုင်သုံးဖို့ ပြင်နေ

ဆောင်းရာသီအပြောင်းအရွှေ့ကာလ ရောက်ရှိဖို့အချိန်ကတော့ တဖြည်းဖြည်းနီးကပ်လာနေပြီပဲဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလတိုင်း ငွေကြေးအမြောက်အမြားသုံးပြီး ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူလေ့ရှိတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကတော့ ယခု ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာလည်း ငွေသုံးကြမ်းဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

မန်စီးတီးအသင်းကတော့ ကစားသမားအင်အားတောင့်တင်းတယ်ဆိုပေမယ့် တိုက်စစ်မှူးတစ်ဦး ရှာ‌ပုံတော်ဖွင့်လျက်ရှိနေပါတယ်။လွန်ခဲ့သော အပြောင်းအရွှေ့ကာလမှာ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတော့ ဖီအိုရင်တီးနားအသင်းမှာ ဂိုးတွေဆက်တိုက်သွင်းယူပြီး ခြေစွမ်းပြသနေတဲ့ ဗယ်လ်ဟိုဗစ် ကို အခြားသော ဥရောပအင်အားကြီးအသင်းတွေနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။

မန်ယူအသင်းကတော့ လိုအပ်ချက်တွေ များနေတယ်လို့ ဆိုရမှာပါ။အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ဦး လိုအပ်မှာဖြစ်တဲ့အပြင် တိုက်စစ်မှူးတစ်ဦးကိုလည်း ခေါ်ယူဖွယ်ရှိနေပါတယ်။သတင်းတွေအရတော့ မန်ယူအသင်းမှ နည်းပြသစ် ရန်နစ်ခ်အတွက် ပေါင် သန်း  ၁၀၀ အသုံးစရိတ်ထုတ်ပေးမယ်လို့ သိရပြီး၊ လာဇီယိုအသင်း ကွင်းလယ်ကစားသမား မီလင်ကိုဗစ် ဆာဗစ်နဲ့ ဖီအိုရင်တီးနားအသင်း တိုက်စစ်မှူး ဗယ်လ်ဟိုဗစ်တို့နဲ့ သတင်းထွက်ပေါ်လျက်ရှိပါတယ်။

ချဲလ်ဆီးအသင်းကတော့ ဒဏ်ရာပြဿနာများ ကြုံတွေ့နေရမှုကြောင့် ကစားသမားသစ်တွေ မဖြစ်မနေခေါ်ယူဖွယ်ရှိနေပါတယ်။ဘန်ချီဝဲလ် ဒဏ်ရာရနေတဲ့ ဘယ်တောင်ပံခံစစ်ကို အစားထိုးရန်အတွက် ကစားသမားသစ်ရှာဖွေလျက်ရှိနေပြီး၊ ကွင်းလယ်နဲ့ ဗဟိုခံစစ် ကစားသမားတွေလည်း ခေါ်ယူဖွယ်ရှိနေပါတယ်။အသင်းပိုင်ရှင် ရိုမန် အေဘရာဗိုဗစ်ကတော့ အသင်းအတွက် အသုံးစရိတ် ပေါင် သန်း ၁၀၀ ထုတ်ပေးဖွယ်ရှိတယ်လို့ သိရပြီး၊ ကစားသမား အီဒင် ဟာဇက်နဲ့လည်း သတင်းထွက်ပေါ်လျက်ရှိနေပါတယ်။

လီဗာပူးလ်အသင်းကတော့ အပြောင်းအရွှေ့ကာလတိုင်း လှုပ်လှုပ်ရှားရှား ငွေသုံးစွဲလေ့တော့ မရှိပေမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာတော့ အင်အားဖြည့်တင်းဖွယ်တော့ ရှိနေပါတယ်။ဝုဗ်အသင်း ကွင်းလယ်ကစားသမား ရူဘင် နီဗက်စ် ကို စောင့်ကြည့်လျက်ရှိနေပြီး ခေါ်ယူဖွယ်လည်းရှိနေပါတယ်။

အာဆင်နယ်အသင်း‌ကတော့ ကစားသမားရောင်းချပြီး ငွေကြေးရှာဖွေကာ ‌ကစားသမားသစ်တွေကို ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေပါတယ်။လက်ရှိအသင်းမှာ ပြဿနာတွေဖြစ်ပေါ်နေတဲ့ တိုက်စစ်မှူး အော်ဘာမီယန်းဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး တိုက်စစ်မှူးတစ်ဦးကို ရှာဖွေခေါ်ယူသွားဖွယ်ရှိနေပါတယ်။

Linko
ဒီဇင်ဘာ - ၂၁