【 အားကစား 】 ဆော်ဒီလုပ်ငန်းစုမှ နယူးကာဆယ်အသင်းကို ဝယ်ယူပြီ

【 အားကစား 】 ဆော်ဒီလုပ်ငန်းစုမှ နယူးကာဆယ်အသင်းကို ဝယ်ယူပြီ

မိုက်ခ် အက်ရှ်လေရဲ့ နယူးကာဆယ်အသင်းကို ၁၄ နှစ်ကြာ ပိုင်ဆိုင်မှုကတော့ အဆုံးသတ်သွားခဲ့ပါပြီ။

ဆော်ဒီလုပ်ငန်းစုမှ နယူးကာဆယ်အသင်းကို ပေါင် သန်း ၃၀၀ နဲ့ ဝယ်ယူလိုက်တာလည်းဖြစ်ပြီး အသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားမယ်လို့ သိရပါတယ်။

ဆော်ဒီလုပ်ငန်းစုမှ ဝယ်ယူလိုက်ပြီးနာက် နယူးကာဆယ်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲ အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာခဲ့ပါပြီ။နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်သစ်တွေကတော့ လက်ရှိနည်းပြ စတိဗ် ဘရုစ် ကို ထုတ်ပယ်ပြီး အသင်းကို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖွယ်ရှိနေပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး‌တွေထဲက ပိုင်ရှင်တွေနဲ့ နယူးကာဆယ်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ဈေးကွက်တွေမှာတော့ ချဲလ်ဆီး၊ PSG နဲ့ မန်စီးတီးအသင်းတို့ကဲ့သို့ အသုံးစရိတ်တွေကို မြောက်မြားစွာသုံးစွဲလာမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာတဲ့ ဆော်ဒီလုပ်ငန်းစုဟာ ပေါင် ၃၂၀ ဘီလျံအထိ ချမ်းသာကြွယ်ဝတယ်လို့ သိရပြီး ဘောလုံးလောကအတွင်း ငွေသုံးကြမ်းတယ်လို့ဆိုရမယ့် မန်စီးတီးအသင်းပိုင်ရှင် ရှိတ် မန်ဆော်နဲ့ PSG အသင်း ပိုင်ရှင်တွေထက်လည်း များစွာချမ်းသာတယ်လို့ သတင်းတွေကဖော်ပြလျက်ရှိပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပရိတ်သတ်တွေကတော့ အသင်းရဲ့ အိမ်ကွင်း စိန့် ဂျိမ်းစ် ပါ့ခ်ကွင်းရဲ့ အပြင်ဘက်မှာ အသင်းပိုင်ရှင်အပြောင်းအလဲကို အတည်ပြုပြီး‌နောက် သီချင်းများဆိုကာ ပျော်ရွှင်ကခုန်ခဲ့ကြပါတယ်။

နယူးကာဆယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အလန် ရှီယားရားကတော့ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ပြီလို့ ဆိုခဲ့ပါတယ်။

Linko
နယူးကာဆယ်၊ အောက်တိုဘာ - ၈