【 အားကစား 】 တိုက်စစ်အခက်ကြုံနေတဲ့ ချယ်လ်ဆီးကို အနိုင်ကစားမယ့် လန်ဒန်ဂန်းနားတွေ

【 အားကစား 】 တိုက်စစ်အခက်ကြုံနေတဲ့ ချယ်လ်ဆီးကို အနိုင်ကစားမယ့် လန်ဒန်ဂန်းနားတွေ

ယနေ့ည ၁၂ နာရီမှာ ပွဲကောင်းကြိုက်သူများအတွက် စောင့်ကြည့်ရမယ့် ပွဲကောင်းတစ်ပွဲ ရှိနေပါတယ်။ယခုရာသီမှာ မထင်မှတ်တဲ့ ရလဒ်တွေထွက်အောင် ဂိုးသွင်းအားကောင်းကောင်းနဲ့ ပရိတ်သတ်အကြိုက် ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ တစ်ပွဲခြင်း ချည်းကပ်ပုံကောင်းခဲ့ပေမယ့် တိုက်စစ်ပိုင်း အခက်အခဲကြောင့် ထင်သလိုရလဒ်တွေ မထွက်ဘဲ ရာသီဝက်ကျော်ချိန်မှာ ထိပ်ဆုံး ၃ သင်းစာရင်းကနေ လျှောကျပြီး အဆင့် ၄ နေရာကို ရောက်နေတဲ့ ချယ်လ်ဆီးအသင်းတို့  တွေ့ဆုံတဲ့ပွဲဖြစ်သလို ပထမအကျော့ ချယ်လ်ဆီး ကွင်းမှာ ချယ်လ်ဆီးအသင်းက ၃-၂ နဲ့ အနိုင်ရခဲ့တာပါ။   

ပွဲစဉ် ၂၂ ထိ ရှိလာချိန်မှာ အာဆင်နယ်အသင်း နည်းပြ အမ်မရီ ရဲ့ အရည်အချင်းက အသိအမှတ်ပြုစရာ ဖြစ်ပေမယ့် အသင်းကြီးချင်း တွေ့ဆုံတဲ့ပွဲမှာ လန်ဒန်ပြိုင်ဘက် စပါးအသင်းလောက်ကိုသာ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာပါ။ကျန်တဲ့အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူတို့ကို ရှုံးပြီး လီဗာပူးလ်ကို အဝေးကွင်းမှာ သရေကစားခဲ့တဲ့ အသင်းဖြစ်ပါတယ်။

အာဆင်နယ်အသင်း ဒီရာသီ ပွဲစဉ် ၂၂ အထိ ကစားခဲ့ရာမှာ ၁၂ ပွဲနိုင် ၅ ပွဲသရေ ၅ ပွဲရှုံးခဲ့ပေမယ့် အိမ်ကွင်း ၁၁ ပွဲမှာ ၈ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးပြီး မန်စီးတီးကိုသာ ၂ - ၀ နဲ့ ရှုံးခဲ့တာပါ။အိမ်ကွင်း ၁၁ ပွဲမှာ ၂၄ ဂိုးသွင်းပြီး ၁၀ ဂိုးပြန်ပေးထားရပါတယ်။တစ်ပွဲကို ၂ ဂိုးနှုန်းကျော်ကျော် သွင်းခဲ့တာဖြစ်ပြီး အာဆင်နယ် တိုက်စစ်မှူး အော်ဘာမီယန်း က ဆာလက်ချ်၊ ဟယ်ရီကိန်း တို့နဲ့ အပြိုင် ၁၄ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးနေရာမှာ ရှိနေပါတယ်။ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာတော့ အော်ဘာမီယန်း၊ အိုင်ဝိုဘီ၊ လာကာဇက်တီ ပါတဲ့ အာဆင်နယ်အသင်း တိုက်စစ်က အောဘွန်နာ၊ ဇာဘလက်တာ၊ ခရက်စ်ဝဲလ်၊ ဒစ်ပို့ တို့ ပါတဲ့ ဝက်စ်ဟမ်း နောက်တန်းကို မကျော်နိုင်ဘဲ  ပွဲချိန် ၄၈ မိနစ်မှာ သွင်းယူတဲ့ ဝက်စ်ဟမ်းကစားသမား ရိဒ်စ် ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပြန်မချေပနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ပါတယ်။နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၅ ပွဲမှာ အာဆင်နယ်အသင်း ဖူလ်ဟမ်၊ ဘန်လေ၊ ကွာရာဘက်ချ်၊ စပါး အသင်းတွေကိုနိုင်ပြီး ကာရာဘောင်းပွဲစဉ်မှာ စပါးကို ပြန်ရှုံးနိမ့်ထားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ဆာရီ လက်ထက်မှာ ပုံစံကောင်းတွေ ဆက်တိုက်ပြနေခဲ့ပေမယ့် ဒီဇင်ဘာလအတွင်း ကစားတဲ့ ၇ ပွဲမှာ ဝုဖ်ကို အဝေးကွင်း၊ လက်စတာကို အိမ်ကွင်းမှာ ရှုံးခဲ့သလို ဒီလထဲ ကစားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ အဝေးကွင်းဖြစ်တဲ့ ဆောက်သမ်တန်ကွင်းမှာ သရေ၊ စပါးကွင်းမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။
ဒီဇင်ဘာ၊ ဇန်နဝါရီအတွင်း အဝေးကွင်းပွဲစဉ်ပေါင်း ၆ ပွဲ မှာ ၃ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးကာ သွင်းဂိုး ၈ ဂိုး၊ ပေးဂိုး ၇ ဂိုးရှိခဲ့ပါတယ်။

နည်းပြချင်းယှဉ်ရင် အမ်မရီ ထက် ဆာရီ က ပိုပါတယ်။ဒါပေမယ့် လတ်တလောမှာ အာဆင်နယ်က ဂိုးမြူးနေပြီး အိမ်ကွင်းမှာ ဂွမ်ဒိုဇူ၊ တော်ရဲရား၊ မစ်ဒ်နိုင်းစ်၊ အော်ဘာမီယန်း၊ အိုင်ဝိုဘီ တို့ ပါတဲ့ အာဆင်နယ်အသင်း စုဖွဲ့မှုက ဂျော်ဂျင်ဟို၊ ကိုဗာဆစ်၊ ကန်တေ၊ ဟာဇက်၊ ဝီလျံ တို့ စုဖွဲမှုထက် ပိုကောင်းနေပါတယ်။

အာဆင်နယ် ကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်မှာ ၂ ပွဲနိုင်ပြီး ၃ပွဲသရေကျကာ ပွဲတိုင်းပျမ်းမျှ နှစ်သင်းပေါင်း ၃ ဂိုးမျှ သွင်းခဲ့ကြပါတယ်။

 

 

ယခုပွဲစဉ်အတွက် ပွဲကြိုထွက်လာတဲ့ လူစာရင်းအရ အိမ်ရှင် အာဆင်နယ်အသင်းမှာ ဂိုး - လီနို၊ နောက်တန်း - ကိုစီရယ်လ်နီ၊ ဆိုကရာတစ်၊ မူစတာဖီ၊ အလယ်တန်း - ဘယ်လာရင်၊ တော်ရဲရား၊ ဇာခါ၊ ကိုလာစီနက်၊ မစ်ဒ်နိုင်းစ်၊ အိုင်ဝိုဘီ၊ ရှေ့တန်း - အော်ဘာမီယန်း တို့ ပါဝင်လာဖွယ်ရှိနေပြီး၊

ချယ်လ်ဆီးအသင်းမှာ ဂိုး - ကီပါ၊ နောက်တန်း - မာကို့စ်အလွန်ဆို၊ ဒေးဗစ်လူးဝစ်္စ၊ ရူဒီဂါ၊ အက်စပီကူလီတာ၊ အလယ်တန်း - ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ရှေ့တန်း - ဝီလျံ၊ ဟာဇက်၊ ပက်ဒရို တို့ ပါဝင်လာဖွယ်ရှိပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက အဝေးကွင်း လာကစားရတဲ့ ချယ်လ်ဆီးဘက်ကနေ သရေ ၃၅ ပြား အရှုံးပေးထားပြီး ဂိုးပေါင်းက ၃ လုံးကို ၃၅ ပြား အနိုင်ပေးထားပါတယ်။

နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာ ပထမအကျော့က ချယ်လ်ဆီးကို ရှုံးထားတဲ့အတွက် ဒီပွဲမှာ အိမ်ရှင် အာဆင်နယ်အသင်းနဲ့ ဂိုးပေါ်နေတာ အကောင်းဆုံးလို့ ထင်ပါကြောင်း..............။

KON (SPORT)
ဇန်နဝါရီ - ၁၉

( Zawgyi )

ယေန႔ည ၁၂ နာရီမွာ ပြဲေကာင္းႀကိဳက္သူမ်ားအတြက္ ေစာင့္ၾကည့္ရမယ့္ ပြဲေကာင္းတစ္ပြဲ ရွိေနပါတယ္။ယခုရာသီမွာ မထင္မွတ္တဲ့ ရလဒ္ေတြထြက္ေအာင္ ဂိုးသြင္းအားေကာင္းေကာင္းနဲ႔ ပရိတ္သတ္အႀကိဳက္ ကစားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ တစ္ပြဲျခင္း ခ်ည္းကပ္ပုံေကာင္းခဲ့ေပမယ့္ တိုက္စစ္ပိုင္း အခက္အခဲေၾကာင့္ ထင္သလိုရလဒ္ေတြ မထြက္ဘဲ ရာသီဝက္ေက်ာ္ခ်ိန္မွာ ထိပ္ဆုံး ၃ သင္းစာရင္းကေန ေလွ်ာက်ၿပီး အဆင့္ ၄ ေနရာကို ေရာက္ေနတဲ့ ခ်ယ္လ္ဆီးအသင္းတို႔  ေတြ႕ဆုံတဲ့ပြဲျဖစ္သလို ပထမအေက်ာ့ ခ်ယ္လ္ဆီး ကြင္းမွာ ခ်ယ္လ္ဆီးအသင္းက ၃-၂ နဲ႔ အႏိုင္ရခဲ့တာပါ။   

ပြဲစဥ္ ၂၂ ထိ ရွိလာခ်ိန္မွာ အာဆင္နယ္အသင္း နည္းျပ အမ္မရီ ရဲ႕ အရည္အခ်င္းက အသိအမွတ္ျပဳစရာ ျဖစ္ေပမယ့္ အသင္းႀကီးခ်င္း ေတြ႕ဆုံတဲ့ပြဲမွာ လန္ဒန္ၿပိဳင္ဘက္ စပါးအသင္းေလာက္ကိုသာ ဂိုးျပတ္အႏိုင္ယူႏိုင္ခဲ့တာပါ။က်န္တဲ့အသင္းေတြျဖစ္တဲ့ မန္စီးတီး၊ မန္ယူတို႔ကို ရႈံးၿပီး လီဗာပူးလ္ကို အေဝးကြင္းမွာ သေရကစားခဲ့တဲ့ အသင္းျဖစ္ပါတယ္။

အာဆင္နယ္အသင္း ဒီရာသီ ပြဲစဥ္ ၂၂ အထိ ကစားခဲ့ရာမွာ ၁၂ ပြဲႏိုင္ ၅ ပြဲသေရ ၅ ပြဲရႈံးခဲ့ေပမယ့္ အိမ္ကြင္း ၁၁ ပြဲမွာ ၈ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးၿပီး မန္စီးတီးကိုသာ ၂ - ၀ နဲ႔ ရႈံးခဲ့တာပါ။အိမ္ကြင္း ၁၁ ပြဲမွာ ၂၄ ဂိုးသြင္းၿပီး ၁၀ ဂိုးျပန္ေပးထားရပါတယ္။တစ္ပြဲကို ၂ ဂိုးႏႈန္းေက်ာ္ေက်ာ္ သြင္းခဲ့တာျဖစ္ၿပီး အာဆင္နယ္ တိုက္စစ္မႉး ေအာ္ဘာမီယန္း က ဆာလက္ခ်္၊ ဟယ္ရီကိန္း တို႔နဲ႔ အၿပိဳင္ ၁၄ ဂိုးသြင္းၿပီး ဂိုးသြင္းအမ်ားဆုံးေနရာမွာ ရွိေနပါတယ္။ဒါေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္ျဖစ္တဲ့ ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္မွာေတာ့ ေအာ္ဘာမီယန္း၊ အိုင္ဝိုဘီ၊ လာကာဇက္တီ ပါတဲ့ အာဆင္နယ္အသင္း တိုက္စစ္က ေအာဘြန္နာ၊ ဇာဘလက္တာ၊ ခရက္စ္ဝဲလ္၊ ဒစ္ပို႔ တို႔ ပါတဲ့ ဝက္စ္ဟမ္း ေနာက္တန္းကို မေက်ာ္ႏိုင္ဘဲ  ပြဲခ်ိန္ ၄၈ မိနစ္မွာ သြင္းယူတဲ့ ဝက္စ္ဟမ္းကစားသမား ရိဒ္စ္ ရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ျပန္မေခ်ပႏိုင္ခဲ့လို႔ ရႈံးနိမ့္ခဲ့ပါတယ္။ေနာက္ဆုံးကစားခဲ့တဲ့ အိမ္ကြင္း ၅ ပြဲမွာ အာဆင္နယ္အသင္း ဖူလ္ဟမ္၊ ဘန္ေလ၊ ကြာရာဘက္ခ်္၊ စပါး အသင္းေတြကိုႏိုင္ၿပီး ကာရာေဘာင္းပြဲစဥ္မွာ စပါးကို ျပန္ရႈံးနိမ့္ထားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းကေတာ့ ဆာရီ လက္ထက္မွာ ပုံစံေကာင္းေတြ ဆက္တိုက္ျပေနခဲ့ေပမယ့္ ဒီဇင္ဘာလအတြင္း ကစားတဲ့ ၇ ပြဲမွာ ဝုဖ္ကို အေဝးကြင္း၊ လက္စတာကို အိမ္ကြင္းမွာ ရႈံးခဲ့သလို ဒီလထဲ ကစားတဲ့ ပရီးမီးယားလိဂ္ ၃ ပြဲမွာ အေဝးကြင္းျဖစ္တဲ့ ေဆာက္သမ္တန္ကြင္းမွာ သေရ၊ စပါးကြင္းမွာ ရႈံးနိမ့္ထားခဲ့ပါတယ္။
ဒီဇင္ဘာ၊ ဇန္နဝါရီအတြင္း အေဝးကြင္းပြဲစဥ္ေပါင္း ၆ ပြဲ မွာ ၃ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးကာ သြင္းဂိုး ၈ ဂိုး၊ ေပးဂိုး ၇ ဂိုးရွိခဲ့ပါတယ္။

နည္းျပခ်င္းယွဥ္ရင္ အမ္မရီ ထက္ ဆာရီ က ပိုပါတယ္။ဒါေပမယ့္ လတ္တေလာမွာ အာဆင္နယ္က ဂိုးျမဴးေနၿပီး အိမ္ကြင္းမွာ ဂြမ္ဒိုဇူ၊ ေတာ္ရဲရား၊ မစ္ဒ္ႏိုင္းစ္၊ ေအာ္ဘာမီယန္း၊ အိုင္ဝိုဘီ တို႔ ပါတဲ့ အာဆင္နယ္အသင္း စုဖြဲ႕မႈက ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္၊ ကန္ေတ၊ ဟာဇက္၊ ဝီလ်ံ တို႔ စုဖြဲမႈထက္ ပိုေကာင္းေနပါတယ္။

အာဆင္နယ္ ကြင္းမွာ ခ်ယ္လ္ဆီးအသင္းနဲ႔ ေတြ႕ဆုံမႈ ေနာက္ဆုံး ၅ ႀကိမ္မွာ ၂ ပြဲႏိုင္ၿပီး ၃ပြဲသေရက်ကာ ပြဲတိုင္းပ်မ္းမွ် ႏွစ္သင္းေပါင္း ၃ ဂိုးမွ် သြင္းခဲ့ၾကပါတယ္။  

ယခုပြဲစဥ္အတြက္ ပြဲႀကိဳထြက္လာတဲ့ လူစာရင္းအရ အိမ္ရွင္ အာဆင္နယ္အသင္းမွာ ဂိုး - လီႏို၊ ေနာက္တန္း - ကိုစီရယ္လ္နီ၊ ဆိုကရာတစ္၊ မူစတာဖီ၊ အလယ္တန္း - ဘယ္လာရင္၊ ေတာ္ရဲရား၊ ဇာခါ၊ ကိုလာစီနက္၊ မစ္ဒ္ႏိုင္းစ္၊ အိုင္ဝိုဘီ၊ ေရွ႕တန္း - ေအာ္ဘာမီယန္း တို႔ ပါဝင္လာဖြယ္ရွိေနၿပီး၊

ခ်ယ္လ္ဆီးအသင္းမွာ ဂိုး - ကီပါ၊ ေနာက္တန္း - မာကို႔စ္အလြန္ဆို၊ ေဒးဗစ္လူးဝစ္ၥ၊ ႐ူဒီဂါ၊ အက္စပီကူလီတာ၊ အလယ္တန္း - ကိုဗာဆစ္၊ ေဂ်ာ္ဂ်င္ဟို၊ ကန္ေတ၊ ေရွ႕တန္း - ဝီလ်ံ၊ ဟာဇက္၊ ပက္ဒ႐ို တို႔ ပါဝင္လာဖြယ္ရွိပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက အေဝးကြင္း လာကစားရတဲ့ ခ်ယ္လ္ဆီးဘက္ကေန သေရ ၃၅ ျပား အရႈံးေပးထားၿပီး ဂိုးေပါင္းက ၃ လုံးကို ၃၅ ျပား အႏိုင္ေပးထားပါတယ္။

ေနာက္ဆုံးေတြ႕ဆုံမႈ ၅ ႀကိမ္မွာ ပထမအေက်ာ့က ခ်ယ္လ္ဆီးကို ရႈံးထားတဲ့အတြက္ ဒီပြဲမွာ အိမ္ရွင္ အာဆင္နယ္အသင္းနဲ႔ ဂိုးေပၚေနတာ အေကာင္းဆုံးလို႔ ထင္ပါေၾကာင္း..............။

KON (SPORT)
ဇန္နဝါရီ - ၁၉