【 အားကစား 】 တိုရီနိုကို အိမ်ကွင်းမှာ အနိုင်ဆက်ယူမယ့် ဝုဗ်လ်

【 အားကစား 】 တိုရီနိုကို အိမ်ကွင်းမှာ အနိုင်ဆက်ယူမယ့် ဝုဗ်လ်

ယူရိုပါလိဂ်ခြေစစ်ပွဲ ရှုံးထွက် (ဒု) အကျော့ ပွဲစဉ်အဖြစ် အင်္ဂလန်ကလပ် ဝုဗ်လ်အသင်းနဲ့ အီတလီကလပ် တိုရီနိုအသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဝုဗ်လ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ပြီး အနိုင်ရရှိတဲ့အသင်း ယူရိုပါလိဂ်ဝင်ခွင့်ရရှိမယ့် နောက်ဆုံးရှုံးထွက်ပွဲစဉ် ဖြစ်တာနဲ့အညီ တစ်သင်းနဲ့ တစ်သင်း အမှားမခံဘဲ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဝုဗ်လ်အသင်းအနေနဲ့ ရာသီကြိုပွဲစဉ်တွေအဖြစ် အာရှပရီးမီးယားလိဂ်ဖလားမှာ နယူးကာဆယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းကို ပွဲချိန်အတွင်း သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ဥရောပလိဂ်ပွဲစဉ်မှာတော့ ခရူဆာဒါနဲ့ ဖြူနစ်အသင်းတွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လက်စတာအသင်းကို အဝေးကွင်းမှာ သရေရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။အိမ်ကွင်းမှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ပွဲစဉ်မှာလည်း သရေရအောင် ကစားထားတဲ့အတွက် အခုရာသီမှာ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ ၅ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ကို ရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး - ပတ်ထရီစီယို၊ နောက်တန်း - ဘန်းနက်၊ ဒန်ဒွန်ကာ၊ ဘွန်းနတ် အလယ်တန်းကစားသမားများအဖြစ် ကိုအာဒီ၊ ထရာအိုရီ၊ ရူဘင်နီဗက်စ်၊ ယိုတာ၊ မော်တင်ဟို၊ ဘိုလီ ရှေ့တန်းကစားသမားအဖြစ် ဂျိုတာ တို့ ပါဝင် ကစားလာနိုင်ပါတယ်။

တိုရီနိုအသင်းအနေနဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ဟန်ဂေရီကလပ် ဒီဘရီဆန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ရုရှားကလပ် ရှက်တီယာဆိုလီဂေါ့အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ကွင်းမှာ ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ၁-၁ သရေကျခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂိုး - ဆာဗက်တိုး ဆီရီဂူး၊ နောက်တန်းကစားသမားများအဖြစ် ဘရီမာ၊ ခိုးလော့၊ ဘိုနီဖာဆီ၊ အလယ်တန်းကစားသမားများအဖြစ် ဒန်နီယယ်၊ ဆိုလင်ဟိုမိုင်တီ၊ဘက်ဆဲလီ၊ ဒီဆေးဗားလ်ထရီ ရှေ့တန်းကစားသမား များအဖြစ် ဇာဇာ၊ ဘယ်လော့တီ၊ အဲလက်ဘာရန်ဂူအာ တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဝုဗ်လ်အသင်းဘက်မှ သရေ ၉၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၂လုံး ၉၀ အရှုံး ဖွင့်လှစ်ထားပါတယ်။

တိုရီနိုအသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဝုဗ်အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်ခွင့် ၃၈ ရာခိုင်နှှုန်းသာ ရှိခဲ့ပေမယ့် ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ဝုဗ်လ်အသင်းအနေနဲ့ ယူရိုပါလိဂ် ဒုတိယဆုကို တစ်ကြိမ်ရရှိဖူးထားပြီး ဥရောပပြိုင်ပွဲနဲ့ ဝေးနေတဲ့အတွက် အခုပွဲစဉ်ကို အားထည့်ကစားလာနိုင်ပါတယ်။ယမန်နှစ်ရာသီကလည်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အခုနှစ်ရာသီမှလည်း ရှုံးပွဲမရှိသေးဘဲ အိမ်ကွင်းမှာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း မရှုံးနိမ့်အောင် ကစားထားနိုင်ခဲ့ပါတယ်။

 

တိုရီနိုအသင်းအနေနဲ့ ရှေ့တန်းတိုက်စစ်မှူးများဖြစ်တဲ့ ဇာဇာ နဲ့ ဘယ်လော့တီ တို့ ဂိုးသွင်းခြေတွေ့နေပြီး ယူရိုပါလိဂ် ဝင်ခွင့်အတွက် အခုပွဲစဉ်ကို တိုက်စစ်ဖွင့်ကစားလာမှာ ဖြစ်ပေမယ့် ဂိုးပြတ်အနိုင်ရမှသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အီတလီကလပ်တွေကို အိမ်ကွင်းတွေမှာ အနိုင်ယူတတ်တဲ့ အင်္ဂလန်အသင်းတွေရဲ့ အစဉ်အလာအတိုင်း ဝုဗ်အသင်းသာ အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်သွားနိုင်ကြောင်း…..။

KON (SPORT)

( Zawgyi )

ယူ႐ိုပါလိဂ္ေျခစစ္ပြဲ ရႈံးထြက္ (ဒု) အေက်ာ့ ပြဲစဥ္အျဖစ္ အဂၤလန္ကလပ္ ဝုဗ္လ္အသင္းနဲ႔ အီတလီကလပ္ တိုရီႏိုအသင္းတို႔ ယေန႔ည ၁ နာရီခြဲအခ်ိန္မွာ ဝုဗ္လ္အသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။

အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့ယွဥ္ၿပိဳင္ၿပီး အႏိုင္ရရွိတဲ့အသင္း ယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိမယ့္ ေနာက္ဆုံးရႈံးထြက္ပြဲစဥ္ ျဖစ္တာနဲ႔အညီ တစ္သင္းနဲ႔ တစ္သင္း အမွားမခံဘဲ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ဝုဗ္လ္အသင္းအေနနဲ႔ ရာသီႀကိဳပြဲစဥ္ေတြအျဖစ္ အာရွပရီးမီးယားလိဂ္ဖလားမွာ နယူးကာဆယ္အသင္းကို ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ဗိုလ္လုပြဲစဥ္မွာ မန္စီးတီးအသင္းကို ပြဲခ်ိန္အတြင္း သေရက်ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ဥေရာပလိဂ္ပြဲစဥ္မွာေတာ့ ခ႐ူဆာဒါနဲ႔ ျဖဴနစ္အသင္းေတြကို အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့စလုံး အႏိုင္ရရွိခဲ့ၿပီး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ လက္စတာအသင္းကို အေဝးကြင္းမွာ သေရရရွိေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။အိမ္ကြင္းမွာ ကစားခဲ့တဲ့ မန္ယူအသင္းနဲ႔ ပြဲစဥ္မွာလည္း သေရရေအာင္ ကစားထားတဲ့အတြက္ အခုရာသီမွာ ကစားခဲ့တဲ့ပြဲစဥ္ေတြမွာ ရႈံးပြဲမရွိဘဲ ၅ ပြဲႏိုင္ ၃ ပြဲသေရ ရလဒ္ကို ရရွိခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး - ပတ္ထရီစီယို၊ ေနာက္တန္း - ဘန္းနက္၊ ဒန္ဒြန္ကာ၊ ဘြန္းနတ္ အလယ္တန္းကစားသမားမ်ားအျဖစ္ ကိုအာဒီ၊ ထရာအိုရီ၊ ႐ူဘင္နီဗက္စ္၊ ယိုတာ၊ ေမာ္တင္ဟို၊ ဘိုလီ ေရွ႕တန္းကစားသမားအျဖစ္ ဂ်ိဳတာ တို႔ ပါဝင္ ကစားလာႏိုင္ပါတယ္။

တိုရီႏိုအသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္ပြဲစဥ္အျဖစ္ ဟန္ေဂရီကလပ္ ဒီဘရီဆန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ အိမ္ကြင္းမွာ ၃-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အေဝးကြင္းမွာ ၁-၄ ဂိုးနဲ႔ ထပ္မံအႏိုင္ရရွိခဲ့ပါတယ္။႐ုရွားကလပ္ ရွက္တီယာဆိုလီေဂါ့အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ အိမ္ကြင္းမွာ ၅-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အေဝးကြင္းမွာ ၁-၁ သေရက်ခဲ့ပါတယ္။

အခုပြဲစဥ္မွာ ဂိုး - ဆာဗက္တိုး ဆီရီဂူး၊ ေနာက္တန္းကစားသမားမ်ားအျဖစ္ ဘရီမာ၊ ခိုးေလာ့၊ ဘိုနီဖာဆီ၊ အလယ္တန္းကစားသမားမ်ားအျဖစ္ ဒန္နီယယ္၊ ဆိုလင္ဟိုမိုင္တီ၊ဘက္ဆဲလီ၊ ဒီေဆးဗားလ္ထရီ ေရွ႕တန္းကစားသမား မ်ားအျဖစ္ ဇာဇာ၊ ဘယ္ေလာ့တီ၊ အဲလက္ဘာရန္ဂူအာ တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက ဝုဗ္လ္အသင္းဘက္မွ သေရ ၉၀ အရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၂လုံး ၉၀ အရႈံး ဖြင့္လွစ္ထားပါတယ္။

တိုရီႏိုအသင္းရဲ႕အိမ္ကြင္းမွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ဝုဗ္အသင္းအေနနဲ႔ ေဘာလုံးပိုင္ဆိုင္ခြင့္ ၃၈ ရာခိုင္ႏွႈန္းသာ ရွိခဲ့ေပမယ့္ ၂-၃ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့အတြက္ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းသြားခဲ့ၿပီ ျဖစ္ပါတယ္။ဝုဗ္လ္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ဒုတိယဆုကို တစ္ႀကိမ္ရရွိဖူးထားၿပီး ဥေရာပၿပိဳင္ပြဲနဲ႔ ေဝးေနတဲ့အတြက္ အခုပြဲစဥ္ကို အားထည့္ကစားလာႏိုင္ပါတယ္။
ယမန္ႏွစ္ရာသီကလည္း ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး အခုႏွစ္ရာသီမွလည္း ရႈံးပြဲမရွိေသးဘဲ အိမ္ကြင္းမွာ ကစားခဲ့တဲ့ မန္ယူအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း မရႈံးနိမ့္ေအာင္ ကစားထားႏိုင္ခဲ့ပါတယ္။

တိုရီႏိုအသင္းအေနနဲ႔ ေရွ႕တန္းတိုက္စစ္မႉးမ်ားျဖစ္တဲ့ ဇာဇာ နဲ႔ ဘယ္ေလာ့တီ တို႔ ဂိုးသြင္းေျခေတြ႕ေနၿပီး ယူ႐ိုပါလိဂ္ ဝင္ခြင့္အတြက္ အခုပြဲစဥ္ကို တိုက္စစ္ဖြင့္ကစားလာမွာ ျဖစ္ေပမယ့္ ဂိုးျပတ္အႏိုင္ရမွသာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။

အီတလီကလပ္ေတြကို အိမ္ကြင္းေတြမွာ အႏိုင္ယူတတ္တဲ့ အဂၤလန္အသင္းေတြရဲ႕ အစဥ္အလာအတိုင္း ဝုဗ္အသင္းသာ အႏိုင္ရရွိၿပီး ေနာက္တစ္ဆင့္ တက္ေရာက္သြားႏိုင္ေၾကာင္း…..။

KON (SPORT)