【 အားကစား 】 နပန်းပြိုင်ပွဲကနေ ဝင်ငွေကောင်းနေတဲ့ ဘရော့ခ် လက်စ်နာ

【 အားကစား 】 နပန်းပြိုင်ပွဲကနေ ဝင်ငွေကောင်းနေတဲ့ ဘရော့ခ် လက်စ်နာ

UFC တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်သူ ဘရော့ခ် လက်စ်နာဟာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ WWE သို့ ပြန်လည်ခြေချခဲ့ပါတယ်။

WWE ရဲ့ SummerSlam နပန်းပြိုင်ပွဲမှာ ဘစ်-အီး၊ ကယ်ဗင် အိုဝင်စ်၊ ဆတ် ရိုးလင်းစ်၊ ဘော်ဘီ လက်ရှ်လေတို့နဲ့ ယှဉ်ပြိုင်ထိုးသတ်အပြီးမှာတော့ WWE ချန်ပီယံကို ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ‌တော့ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နပန်းသမားကြီး လက်စ်နာဟာ ၎င်းရဲ့ WWE ချန်ပီယံခါးပတ်ကို ကာကွယ်ရန်အတွက် လေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိနေပါတယ်။ WWE ရဲ့ ချန်ပီယံခါးပတ်လုပွဲကြီးကို လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာ Royal Rumble ပြိုင်ပွဲအဖြစ် ကျင်းပသွားမှာဖြစ်ပြီး လက်စ်နာဟာ ဘော်ဘီ လက်ရှ်လေနဲ့ ယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။

၂၀၂၀ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ WWE ရဲ့ WrestleMania 36 ပြိုင်ပွဲမှာ လက်စ်နာအနေနဲ့ ပြိုင်ဘက်ဖြစ်သူ ဒရူ မင်ကင်တိုင်ရာ ကို ရှုံးနိမ့်ခဲ့အပြီးမှာတော့ WWE နပန်းကြိုးဝိုင်းထဲက ၁၈ လကြာ ပျောက်ကွယ်သွားခဲ့ပြီး၊ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ WWE သို့ ပြန်လာခဲ့ကာ WWE ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘရော့ခ် လက်စ်နာဟာ WWE နပန်းလောကနဲ့ UFC တိုက်ခိုက်ရေးပြိုင်ပွဲ နှစ်ခုစလုံးမှာ အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့တဲ့ အထင်ကရ ဂန္တဝင်နပန်းကစားသမားကြီးဖြစ်ပါတယ်။လက်စ်နာအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း WWE ကို ပြန်လာခဲ့ချိန်မှာတော့ WWE ရဲ့ ဝင်ငွေအများဆုံးရရှိသူဖြစ်လာခဲ့ပါတယ်။ GiveMeSport ရဲ့ ဖော်ပြမှုအရ WWE ရဲ့ ပဲ့ကိုင်ရှင် ဗင့်စ် မက်မန်းအနေနဲ့ နပန်းသမားကြီး လက်စ်နာ ကို ခန့်မှန်းခြေ အသားတင်ဝင်ငွေအဖြစ် ပေါင် ၂၁ သန်းဝန်းကျင်ရရှိရန် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။လက်စ်နာရဲ့ ခန့်မှန်း‌ခြေဝင်ငွေကို လက်ရှိလစာရရှိမှုနဲ့ စပွန်ဆာပေးချေမှုကို ထည့်သွင်းတွက်ချက်ထားတာဖြစ်တယ်လို့လည်း GiveMeSport က ဖော်ပြခဲ့ပါတယ်။

WWE ကနေ ဝင်ငွေတစ်ခုတည်းကိုပဲ လက်စ်နာအနေနဲ့ ရရှိနေတာမဟုတ်ပါဘူး၊ UFC တိုက်ခိုက်ရေးပြိုင်ပွဲမှလည်း လက်စ်နာဟာ ဝင်ငွေများစွာ ရရှိခဲ့သေးတယ်။

Linko
ဇန်နဝါရီ - ၁၄