【 အားကစား 】 နယူးကာဆယ်အသင်း နည်းပြရာထူးအတွက် ဖရန့် လမ်းပတ် ထိပ်ဆုံးမှ ရေပန်းစား

【 အားကစား 】 နယူးကာဆယ်အသင်း နည်းပြရာထူးအတွက် ဖရန့် လမ်းပတ် ထိပ်ဆုံးမှ ရေပန်းစား

ဆော်ဒီလုပ်ငန်းစုမှ ဝယ်ယူအပြီး နယူးကာဆယ်အသင်းကတော့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်လာဖွယ်ရှိနေပါပြီ။

လတ်တလော ရေပန်းစားနေတာကတော့ နယူးကာဆယ်အသင်းရဲ့ လက်ရှိနည်းပြ စတိဗ် ဘရုစ် ကို ထုတ်ပယ်ပြီး နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားမယ့် သတင်းတွေကတော့ ပျံ့နှံ့လျက်ရှိနေပြီဖြစ်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေသူကတော့ ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်တစ်ဦးလည်းဖြစ် နည်းပြဟောင်းလည်းဖြစ်တဲ့ ဖရန့် လမ်းပတ်ပဲဖြစ်ပါတယ်။အသက် ၄၃ အရွယ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ လွန်ခဲ့သော ဇန်နဝါရီလက ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် ချဲလ်ဆီးအသင်းအတွက် မေဆင်မောင့်၊ ရိစ်ဂျိမ်းစ်နဲ့ တမ်မီ အေဘရာဟမ်တို့လို လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

လမ်းပတ် လက်ထက် ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့အပိတ်ခံရပြီး အောင်မြင်မှုတွေမရခဲ့ပေမယ့် ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် နယူးကာဆယ်အသင်းရဲ့ နည်းပြရာထူးကို ထိပ်ဆုံးကနေ ရေပန်းစားလျက်ရှိနေတာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ နည်းပြရာထူးကို လမ်းပတ်အပြင် ဒေါ့မွန် နည်းပြဟောင်း လူစီယန် ဖာဗရီ၊ လက်စတာအသင်း နည်းပြ ဘရန်ဒန် ရော်ဂျာစ်နဲ့ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာတို့လည်း ရေပန်းစားလျက်ရှိနေပါတယ်။

Linko
နယူးကာဆယ်၊ အောက်တိုဘာ - ၁၂