【 အားကစား 】 နိုက်ကလပ်မှာ အဖမ်းခံခဲ့ရတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်

【 အားကစား 】 နိုက်ကလပ်မှာ အဖမ်းခံခဲ့ရတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်

အသက် ၂၅ အရွယ်ရှိ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမားဟာ နိုက်ကလပ်မှာ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

မျက်မြင်တွေ့ရှိသူများကတော့ ဘရိုက်တန်ကွင်းလယ်လူ ရီဗက်စ် ဘိုဆူမာ ကို ရဲများက လက်ထိပ်ခတ်လျက်ခေါ်ဆောင်သွားတာကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

လီဗာပူးလ်၊ မန်ယူနဲ့ အာဆင်နယ်အသင်းတို့အပါအဝင် အင်အားကြီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခံခဲ့ရတဲ့ ရီဗက်စ် ဘိုဆူမာဟာ ယမန်နေ့က သူငယ်ချင်းများနဲ့ နိုက်ကလပ်မှာ ပါတီပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘိုဆူမာဟာ လက်ရှိအချိန်မှာ ဘရိုက်တန်အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေတာကြောင့် လူအများက နိုက်ကလပ်အတွင်းမှာ သတိထားမိခဲ့ကြပြီး၊ နောက်ပိုင်းမှာတော့ ဘိုဆူမာ ကို နိုက်ကလပ်အပြင်ဘက်မှာ ရဲနှစ်ဦးက လက်ထိပ်ခတ်ပြီး ခေါ်ဆောင်လာတဲ့အခါမှာတော့ အားလုံးအံ့အားသင့်ခဲ့ရပါတယ်။

အဆိုပါဖမ်းဆီးခံရမှုမှာ ဘိုဆူမာအပြင် ၎င်းရဲ့သူငယ်ချင်းတစ်ဦးပါ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ရဲများဘက်ကတော့ ယမန်နေ့ညက အသက် ၂၀ ဝန်းကျင်အရွယ် ယောင်္ကျားတစ်ဦးနဲ့ အသက် ၄၀ ဝန်းကျင် ၎င်းရဲ့ သူငယ်ချင်းကို ဖမ်းဆီးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

သတင်းထွက်ပေါ်မှုအရတော့ ဘိုဆူမာဟာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရီဗက်စ် ဘိုဆူမာ ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Linko
အောက်တိုဘာ - ၇