【 အားကစား 】 နိုင်ပွဲဆက်မယ့် လီဗာပူးလ်

【 အားကစား 】 နိုင်ပွဲဆက်မယ့် လီဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယနေ့ည ၉ နာရီခွဲအချိန်မှာ  အက်စတွန်ဗီလာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဗီလာပတ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်၊ ဘရိုက်တန် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဝက်စ်ဟမ်း၊ ဘန်လေ အသင်းတို့နဲ့ သရေရလဒ်ရရှိခဲ့ကာ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာ နော့ဝစ်ချ်အသင်းကို အနိုင်ရရှိခဲ့ပြီး စပါး၊ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ မန်စီးတီး အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၁၁ မှတ်ရရှိကာ အဆင့် ၁၅ နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နော့ဝစ်ချ်၊ အာဆင်နယ်၊ လက်စတာ၊ နယူးကာဆယ်၊ စပါး အသင်းတွေကို အနိုင်ရရှိခဲ့ပါတယ်။အဝေးကွင်းမှာ ကစားခဲ့တဲ့ ဆောက်သင်မ်တန်၊ ဘန်လေ၊ ချဲလ်ဆီး၊ ရှက်ဖီးယူနိုက်တက် အသင်းတွေကို အနိုင်ရရှိခဲ့ပြီး မန်ယူအသင်းနဲ့ သရေရလဒ်ရရှိခဲ့တဲ့အတွက် ၁၀ ပွဲကစားအပြီး ရမှတ် ၂၈ မှတ်ရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်လျှက်ရှိပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးလ်အသင်းအနေနဲ့ ဂိုး - အလီဆန်၊ နောက်တန်းမှာ အလက်ဇန်းဒါး အာနိုးလ်၊ လိုဗရန်၊ ဗန်ဒိုက်ဂျ်၊ ရောဘတ်ဆန်၊ အလယ်တန်းမှာ ဟန်ဒါဆင်၊ ဖာဘင်ဟို၊ ဝန်ဒန်ဂျယ်လ်၊ ရှေ့တန်းမှာ ဆာလာ၊ ဖာမီနို၊ မာနေး တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက လီဗာပူးလ်အသင်းဘက်မှ ၁ လုံး ၉၀ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၅၀ အရှုံး ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၁၃ ကြိမ်မှာ လီဗာပူးလ်အသင်းက ၇ ပွဲနိုင် ၂ ပွဲသရေ ၄ ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့ အိမ်ကွင်းကစားခဲ့တဲ့ ၅ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး အိမ်ကွင်းမှာ အဓိကရမှတ်တွေ ရယူနေတဲ့အသင်း ဖြစ်ပါတယ်။တန်းဆင်းဇုန်အသင်းနဲ့ ရမှတ် ၃ မှတ်သာ ကွာဟနေတဲ့အတွက် အခုပွဲစဉ်ကို ရလဒ်ကောင်းရရှိဖို့ ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အခုရာသီမှာ နည်းပြ ကလော့ဒ် ရဲ့ ဦးဆောင်မှုအောက်မှာ အကောင်းဆုံးခြေစွမ်းတွေ ရရှိနေပြီး တိုက်စစ်ပိုင်းကောင်းမွန်မှုနဲ့အတူ နိုင်ပွဲတွေရရှိနေတဲ့အတွက် အခုပွဲစဉ်ကိုလည်း အနိုင်ရရှိအောင် ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။လီဗာပူးလ်အသင်းမှာ အပြစ်ပြောစရာမရှိအောင် စည်းလုံးညီညွတ်မှုရှိနေပြီး ကြားရက်မှာကစားခဲ့တဲ့ ကာရာဘောင်းပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးထားပြီး လူငယ်ကစားသမားတွေနဲ့ ကစားခဲ့ရာမှာလည်း နောက်ကျချေပဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့အတွက် အနိုင်ရလိုတဲ့စိတ်ဓာတ်နဲ့ ယုံကြည်မှုဟာ အမြင့်ဆုံးကို ရောက်ရှိနေမှာဖြစ်ပါတယ်။အက်စတွန်ဗီလာကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးတွေ့ဆုံ ယှဉ်ပြိုင်ခဲ့ရာမှာလည်း လီဗာပူးလ်အသင်းက ၆ ဂိုးပြတ် အနိုင်ရရှိထားပါတယ်။လက်ရှိခြေစွမ်းနဲ့ ယုံကြည်မှုစိတ်ဓာတ်၊ နှစ်သင်းတွေ့ဆုံမှု အစဉ်အလာအရ အခုပွဲစဉ်မှာ လီဗာပူးလ်အသင်းသာ ဂိုးပြတ်အနိုင်ရရှိသွားနိုင်ပါကြောင်း........။

KON (SPORT)

( Zawgyi )

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ အျဖစ္ အက္စတြန္ဗီလာအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ ယေန႔ည ၉ နာရီခြဲအခ်ိန္မွာ  အက္စတြန္ဗီလာအသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ဗီလာပတ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္းအေနနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဲဗာတန္၊ ဘ႐ိုက္တန္ အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး ဝက္စ္ဟမ္း၊ ဘန္ေလ အသင္းတို႔နဲ႔ သေရရလဒ္ရရွိခဲ့ကာ ဘုန္းေမာက္အသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။အေဝးကြင္းပြဲစဥ္ေတြမွာ ေနာ့ဝစ္ခ်္အသင္းကို အႏိုင္ရရွိခဲ့ၿပီး စပါး၊ ခရစၥတယ္ပဲေလ့စ္၊ အာဆင္နယ္၊ မန္စီးတီး အသင္းေတြကို ရႈံးနိမ့္ခဲ့တဲ့အတြက္ ၁၀ ပြဲကစားအၿပီး ရမွတ္ ၁၁ မွတ္ရရွိကာ အဆင့္ ၁၅ ေနရာမွာ ရပ္တည္လွ်က္ရွိပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေနာ့ဝစ္ခ်္၊ အာဆင္နယ္၊ လက္စတာ၊ နယူးကာဆယ္၊ စပါး အသင္းေတြကို အႏိုင္ရရွိခဲ့ပါတယ္။အေဝးကြင္းမွာ ကစားခဲ့တဲ့ ေဆာက္သင္မ္တန္၊ ဘန္ေလ၊ ခ်ဲလ္ဆီး၊ ရွက္ဖီးယူႏိုက္တက္ အသင္းေတြကို အႏိုင္ရရွိခဲ့ၿပီး မန္ယူအသင္းနဲ႔ သေရရလဒ္ရရွိခဲ့တဲ့အတြက္ ၁၀ ပြဲကစားအၿပီး ရမွတ္ ၂၈ မွတ္ရရွိကာ အမွတ္ေပးဇယားကို ဦးေဆာင္လွ်က္ရွိပါတယ္။

အခုပြဲစဥ္မွာ လီဗာပူးလ္အသင္းအေနနဲ႔ ဂိုး - အလီဆန္၊ ေနာက္တန္းမွာ အလက္ဇန္းဒါး အာႏိုးလ္၊ လိုဗရန္၊ ဗန္ဒိုက္ဂ်္၊ ေရာဘတ္ဆန္၊ အလယ္တန္းမွာ ဟန္ဒါဆင္၊ ဖာဘင္ဟို၊ ဝန္ဒန္ဂ်ယ္လ္၊ ေရွ႕တန္းမွာ ဆာလာ၊ ဖာမီႏို၊ မာေနး တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက လီဗာပူးလ္အသင္းဘက္မွ ၁ လုံး ၉၀ အရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၅၀ အရႈံး ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၁၃ ႀကိမ္မွာ လီဗာပူးလ္အသင္းက ၇ ပြဲႏိုင္ ၂ ပြဲသေရ ၄ ပြဲရႈံးရလဒ္ ရရွိခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္းအေနနဲ႔ အိမ္ကြင္းကစားခဲ့တဲ့ ၅ပြဲမွာ ရႈံးပြဲ ၁ ပြဲသာ ရွိခဲ့ၿပီး အိမ္ကြင္းမွာ အဓိကရမွတ္ေတြ ရယူေနတဲ့အသင္း ျဖစ္ပါတယ္။တန္းဆင္းဇုန္အသင္းနဲ႔ ရမွတ္ ၃ မွတ္သာ ကြာဟေနတဲ့အတြက္ အခုပြဲစဥ္ကို ရလဒ္ေကာင္းရရွိဖို႔ ႀကိဳးစားကစားလာမွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ အခုရာသီမွာ နည္းျပ ကေလာ့ဒ္ ရဲ႕ ဦးေဆာင္မႈေအာက္မွာ အေကာင္းဆုံးေျခစြမ္းေတြ ရရွိေနၿပီး တိုက္စစ္ပိုင္းေကာင္းမြန္မႈနဲ႔အတူ ႏိုင္ပြဲေတြရရွိေနတဲ့အတြက္ အခုပြဲစဥ္ကိုလည္း အႏိုင္ရရွိေအာင္ ႀကိဳးစားကစားလာမွာ ျဖစ္ပါတယ္။လီဗာပူးလ္အသင္းမွာ အျပစ္ေျပာစရာမရွိေအာင္ စည္းလုံးညီၫြတ္မႈရွိေနၿပီး ၾကားရက္မွာကစားခဲ့တဲ့ ကာရာေဘာင္းပြဲစဥ္မွာ အဓိက ကစားသမားေတြကို အနားေပးထားၿပီး လူငယ္ကစားသမားေတြနဲ႔ ကစားခဲ့ရာမွာလည္း ေနာက္က်ေခ်ပဂိုးေတြ သြင္းယူႏိုင္ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့အတြက္ အႏိုင္ရလိုတဲ့စိတ္ဓာတ္နဲ႔ ယုံၾကည္မႈဟာ အျမင့္ဆုံးကို ေရာက္ရွိေနမွာျဖစ္ပါတယ္။အက္စတြန္ဗီလာကြင္းမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံးေတြ႕ဆုံ ယွဥ္ၿပိဳင္ခဲ့ရာမွာလည္း လီဗာပူးလ္အသင္းက ၆ ဂိုးျပတ္ အႏိုင္ရရွိထားပါတယ္။လက္ရွိေျခစြမ္းနဲ႔ ယုံၾကည္မႈစိတ္ဓာတ္၊ ႏွစ္သင္းေတြ႕ဆုံမႈ အစဥ္အလာအရ အခုပြဲစဥ္မွာ လီဗာပူးလ္အသင္းသာ ဂိုးျပတ္အႏိုင္ရရွိသြားႏိုင္ပါေၾကာင္း........။

KON (SPORT)