【 အားကစား 】 နောက်တစ်ဆင့်တက်ဖို့ အပြိုင်ရုန်းကန်မယ့် နိုင်ဂျီးရီးယားနဲ့ ကင်မရွန်း

【 အားကစား 】 နောက်တစ်ဆင့်တက်ဖို့ အပြိုင်ရုန်းကန်မယ့် နိုင်ဂျီးရီးယားနဲ့ ကင်မရွန်း

အာဖရိကဖလား ရှုံးထွက်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားအသင်းနဲ့ ကင်မရွန်းအသင်းတို့ ယနေ့ ဇူလိုင်လ ၆ ရက် ည ၁၀ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နည်းပြ ဂါးနော့ရိုဟာ ရဲ့နိုင်ဂျီးရီးယားအသင်းဟာ ဥရောပထွက်ကစားနေတဲ့ ကစားသမားအများအပြားနဲ့ အခုပြိုင်ပွဲကို ယှဉ်ပြိုင်ကစားနေပြီး နောက်တန်းမှာ ဘရိုက်တန်အသင်းရဲ့ လီယွန်ဘာလိုဂန်၊ အူဒီးနိစ့်အသင်းရဲ့ ဝီလီယံ ထရုအီခန်၊ တိုရီနိုအသင်းရဲ့ အိုလာအိုင်နာ၊ အလယ်တန်းမှာ လက်စတာအသင်းရဲ့ ဝီဖရက် နန်ဒီဒီ၊ ဗီလာရီးရဲအသင်းရဲ့ ချောင်ဝိုက်ဇီ၊ ရှေ့တန်းမှာ လီဗန်တေးအသင်းရဲ့ ဆီမွန်၊ အာဆင်နယ်အသင်းရဲ့ အဲလက်စ် အီဝိုဘီ၊ အဲဗာတန်အသင်းရဲ့ အွန်ရီကူရု၊ စတုတ်အသင်းရဲ့ အိုဟန်နီကာအို တို့ပါဝင်ပြီး အုပ်စုတွင်းကစားခဲ့တဲ့ ၃ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယရရှိပြီး အခုအဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အုပ်စုတွင်းကစားခဲ့တဲ့ ဘူရွင်ဒီအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၅ ကြိမ်မှာ ၁ ဂိုးရရှိခဲ့ပြီး ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဂွီနီအာအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်မှာ ၁ ဂိုးရရှိခဲ့ပြီး ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မာဒါဂတ်စကာအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်ရရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ၂-၀  ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြ ဆီးဒေါ့ဖ် ရဲ့ ကင်မရွန်းအသင်းဟာ ဥရောပအခြေစိုက် ကစားသမားအများစု ပါဝင်ပြီး ဂိုးသမားအဖြစ် ဖီနာဘာချီအသင်းရဲ့ ကာမီနီ၊ အေဂျက်အသင်းရဲ့ အန်ဒရီအိုနာနာ၊ နောက်တန်းမှာ ဘရိုက်တန်အသင်းရဲ့ ဂေတန်ဘောင်၊ အိုလံပီယာကော့စ်အသင်းရဲ့ ယာယာဘနားနား၊ မောင့်ပယ်လီယာအသင်းရဲ့ အိုရွန်ဂို ဘီတိုလို အလယ်တန်းမှာ စပါတာပရက်အသင်းရဲ့ မန်ဂျက်၊ ဘက်တစ်အသင်းရဲ့ ဝီဖရက် ကတ်တောင်၊ ဖူဟမ်အသင်းရဲ့ အန်ဒရိ အန်ဂွီဆာ၊ မိန့်အသင်းရဲ့ ပါရီကန်ဒီ ရှေ့တန်းမှာ PSG အသင်းရဲ့ အီရစ်မန်ဆင်၊ မာဆေးအသင်းရဲ့ ကလင်တန်၊ ဗီလာရီးရဲလ်အသင်းရဲ့ အီကမ်ဘီ တို့ပါဝင်ကစားလျှက်ရှိပြီး အုပ်စုတွင်းကစားခဲ့တဲ့ ၃ပွဲမှာ ၁ ပွဲနိုင် ၂ ပွဲသရေရလဒ်ရရှိခဲ့ပြီး အုပ်စုဒုတိယနဲ့ အခုအဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။အုပ်စုတွင်းကစားခဲ့တဲ့ ဂွီနီယာဘစ်ဆောအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ်မှာ ၂ ဂိုးရရှိခဲ့ပြီး ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဂါနာအသင်းနဲ့ ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင်မှု ၅၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၈ ကြိမ်မှာ ဂိုးမသွင်းယူနိုင်ခဲ့ဘဲ ဂိုးမရှိ သရေရလဒ် ရရှိခဲ့ပါတယ်။ဘီနင်အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်မှာ ဂိုးမသွင်းယူနိုင်ခဲ့ဘဲ ဂိုးမရှိ သရေရလဒ် ရရှိခဲ့ပါတယ်။

အခုပွဲကို ဘွန်ကီဒိုင်တွေက နိုင်ဂျီးရီးယားအသင်းဘက်မှ သရေ ၂ဝ အရှုံး ဖွင့်လှစ်ထားပြီး ဂိုးပေါင်းက ၂ လုံး ၄၀ အနိုင် ဖွင့်လှစ်ထားပါတယ်။

နှစ်သင်းစလုံးကို နှိုင်းယှဉ်ကြည့်ရင် ကင်မရွန်းအသင်းဟာ အုပ်စုတွင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ခြေစွမ်းအသာနဲ့ စိတ်ဓာတ်ကောင်းမွန်စွာ ယှဉ်ပြိုင်ကစားနေတာကို တွေ့မြင်ရပါတယ်။နိုင်ဂျီးရီးယားအသင်းအနေနဲ့ အုပ်စုတွင်း ပွဲစဉ်တွေမှာ ထင်မှတ်ထားသလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာကို တွေ့မြင်ရပါတယ်။

နှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၂ ကြိမ်မှာ နိုင်ဂျီးရီးယားအသင်းက ၁ ပွဲ နိုင် ၁ ပွဲသရေကျထားပြီး အခုပွဲကိုလည်း မရှုံးနိမ့်အောင် ယှဉ်ပြိုင်ကစားလာနိုင်တဲ့အတွက် အခုပွဲစဉ်ဟာ မိနစ် ၉၀ အတွင်း အရှုံးအနိုင် အဖြေပေါ်ဖို့ ခက်ခဲ့တဲ့ပွဲစဉ် ဖြစ်ပေါ်လာနိုင်ကြောင်း---။

KON (SPORT)
ဇူလိုင် - ၆

( Zawgyi )

အာဖရိကဖလား ရႈံးထြက္ပြဲစဥ္အျဖစ္ ႏိုင္ဂ်ီးရီးယားအသင္းနဲ႔ ကင္မ႐ြန္းအသင္းတို႔ ယေန႔ ဇူလိုင္လ ၆ ရက္ ည ၁၀ နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

နည္းျပ ဂါးေနာ့႐ိုဟာ ရဲ႕ႏိုင္ဂ်ီးရီးယားအသင္းဟာ ဥေရာပထြက္ကစားေနတဲ့ ကစားသမားအမ်ားအျပားနဲ႔ အခုၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ကစားေနၿပီး ေနာက္တန္းမွာ ဘ႐ိုက္တန္အသင္းရဲ႕ လီယြန္ဘာလိုဂန္၊ အူဒီးနိစ့္အသင္းရဲ႕ ဝီလီယံ ထ႐ုအီခန္၊ တိုရီႏိုအသင္းရဲ႕ အိုလာအိုင္နာ၊ အလယ္တန္းမွာ လက္စတာအသင္းရဲ႕ ဝီဖရက္ နန္ဒီဒီ၊ ဗီလာရီးရဲအသင္းရဲ႕ ေခ်ာင္ဝိုက္ဇီ၊ ေရွ႕တန္းမွာ လီဗန္ေတးအသင္းရဲ႕ ဆီမြန္၊ အာဆင္နယ္အသင္းရဲ႕ အဲလက္စ္ အီဝိုဘီ၊ အဲဗာတန္အသင္းရဲ႕ အြန္ရီကူ႐ု၊ စတုတ္အသင္းရဲ႕ အိုဟန္နီကာအို တို႔ပါဝင္ၿပီး အုပ္စုတြင္းကစားခဲ့တဲ့ ၃ပြဲမွာ ၂ ပြဲႏိုင္ ၁ ပြဲရႈံးရလဒ္နဲ႔ အုပ္စုဒုတိယရရွိၿပီး အခုအဆင့္ကို တက္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။
အုပ္စုတြင္းကစားခဲ့တဲ့ ဘူ႐ြင္ဒီအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၅ ႀကိမ္မွာ ၁ ဂိုးရရွိခဲ့ၿပီး ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ဂြီနီအာအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၄၉ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၁ ႀကိမ္မွာ ၁ ဂိုးရရွိခဲ့ၿပီး ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
မာဒါဂတ္စကာအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၁ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၂ ႀကိမ္ရရွိခဲ့ၿပီး ဂိုးသြင္းယူႏိုင္ျခင္းမရွိဘဲ ၂-၀  ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

နည္းျပ ဆီးေဒါ့ဖ္ ရဲ႕ ကင္မ႐ြန္းအသင္းဟာ ဥေရာပအေျခစိုက္ ကစားသမားအမ်ားစု ပါဝင္ၿပီး ဂိုးသမားအျဖစ္ ဖီနာဘာခ်ီအသင္းရဲ႕ ကာမီနီ၊ ေအဂ်က္အသင္းရဲ႕ အန္ဒရီအိုနာနာ၊ ေနာက္တန္းမွာ ဘ႐ိုက္တန္အသင္းရဲ႕ ေဂတန္ေဘာင္၊ အိုလံပီယာေကာ့စ္အသင္းရဲ႕ ယာယာဘနားနား၊ ေမာင့္ပယ္လီယာအသင္းရဲ႕ အို႐ြန္ဂို ဘီတိုလို အလယ္တန္းမွာ စပါတာပရက္အသင္းရဲ႕ မန္ဂ်က္၊ ဘက္တစ္အသင္းရဲ႕ ဝီဖရက္ ကတ္ေတာင္၊ ဖူဟမ္အသင္းရဲ႕ အန္ဒရိ အန္ဂြီဆာ၊ မိန႔္အသင္းရဲ႕ ပါရီကန္ဒီ ေရွ႕တန္းမွာ PSG အသင္းရဲ႕ အီရစ္မန္ဆင္၊ မာေဆးအသင္းရဲ႕ ကလင္တန္၊ ဗီလာရီးရဲလ္အသင္းရဲ႕ အီကမ္ဘီ တို႔ပါဝင္ကစားလွ်က္ရွိၿပီး အုပ္စုတြင္းကစားခဲ့တဲ့ ၃ပြဲမွာ ၁ ပြဲႏိုင္ ၂ ပြဲသေရရလဒ္ရရွိခဲ့ၿပီး အုပ္စုဒုတိယနဲ႔ အခုအဆင့္ကို တက္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။အုပ္စုတြင္းကစားခဲ့တဲ့ ဂြီနီယာဘစ္ေဆာအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံး ပိုင္ဆိုင္မႈ ၆၀ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၆ ႀကိမ္မွာ ၂ ဂိုးရရွိခဲ့ၿပီး ၂-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ဂါနာအသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံး ပိုင္ဆိုင္မႈ ၅၇ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၈ ႀကိမ္မွာ ဂိုးမသြင္းယူႏိုင္ခဲ့ဘဲ ဂိုးမရွိ သေရရလဒ္ ရရွိခဲ့ပါတယ္။ဘီနင္အသင္းနဲ႔ ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၂ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၁၁ ႀကိမ္မွာ ဂိုးမသြင္းယူႏိုင္ခဲ့ဘဲ ဂိုးမရွိ သေရရလဒ္ ရရွိခဲ့ပါတယ္။

အခုပြဲကို ဘြန္ကီဒိုင္ေတြက ႏိုင္ဂ်ီးရီးယားအသင္းဘက္မွ သေရ ၂ဝ အရႈံး ဖြင့္လွစ္ထားၿပီး ဂိုးေပါင္းက ၂ လုံး ၄၀ အႏိုင္ ဖြင့္လွစ္ထားပါတယ္။

ႏွစ္သင္းစလုံးကို ႏႈိင္းယွဥ္ၾကည့္ရင္ ကင္မ႐ြန္းအသင္းဟာ အုပ္စုတြင္းကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ရႈံးနိမ့္ခဲ့ျခင္းမရွိဘဲ ေျခစြမ္းအသာနဲ႔ စိတ္ဓာတ္ေကာင္းမြန္စြာ ယွဥ္ၿပိဳင္ကစားေနတာကို ေတြ႕ျမင္ရပါတယ္။ႏိုင္ဂ်ီးရီးယားအသင္းအေနနဲ႔ အုပ္စုတြင္း ပြဲစဥ္ေတြမွာ ထင္မွတ္ထားသေလာက္ ေျခစြမ္းျပသႏိုင္ျခင္း မရွိခဲ့တာကို ေတြ႕ျမင္ရပါတယ္။

ႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၂ ႀကိမ္မွာ ႏိုင္ဂ်ီးရီးယားအသင္းက ၁ ပြဲ ႏိုင္ ၁ ပြဲသေရက်ထားၿပီး အခုပြဲကိုလည္း မရႈံးနိမ့္ေအာင္ ယွဥ္ၿပိဳင္ကစားလာႏိုင္တဲ့အတြက္ အခုပြဲစဥ္ဟာ မိနစ္ ၉၀ အတြင္း အရႈံးအႏိုင္ အေျဖေပၚဖို႔ ခက္ခဲ့တဲ့ပြဲစဥ္ ျဖစ္ေပၚလာႏိုင္ေၾကာင္း---။

KON (SPORT)
ဇူလိုင္ - ၆