【 အားကစား 】 ပိုချက်တီနိုနဲ့ အက်ကြောင်းထလာတဲ့ PSG ရဲ့ ထိပ်တန်းကစားသမားများ

【 အားကစား 】 ပိုချက်တီနိုနဲ့ အက်ကြောင်းထလာတဲ့ PSG ရဲ့ ထိပ်တန်းကစားသမားများ

လွန်ခဲ့သော တနင်္ဂနွေနေ့က မန်ယူအသင်းက နည်းပြဖြစ်သူ ဆိုးလ်ရှား ကို ထုတ်ပယ်ခဲ့ပါတယ်။

မန်ယူအသင်းဘက်က နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်ရှာပုံတော်ဖွင့်နေရာမှာ ရိုက်ခတ်မှုအဖြစ် PSG အသင်းရဲ့ နည်းပြအပြောင်းအလဲကိုလည်း မြင်တွေ့ရဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ယူအသင်းဟာ နည်းပြသစ်ခန့်အပ်ရန် နွေရာသီအထိ စောင့်ဆိုင်းဖွယ်ရှိပေမယ့်လည်း စပါးအသင်း နည်းပြဟောင်းဖြစ်သူ လက်ရှိ PSG အသင်းနည်းပြ ပိုချက်တီနိုဟာ မန်ယူအသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေတယ်လို့ သတင်းများထွက်ပေါ်ပြီးနောက် နည်းပြသစ်ရှာပုံတော်ဖွင့်မှုရဲ့ ဇာတ်လမ်းဟာ အရှိန်မြင့်တက်လာခဲ့ပါတယ်။ယခင်ကတော့ မန်ယူအသင်းရဲ့ နည်းပြရာထူးတာဝန်ကို ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇနဒင်း ဇီဒန်း က ထိပ်ဆုံးကနေ ရေပန်းစားခဲ့ပေမယ့် ဇီဒန်းဘက်က မန်ယူအသင်းကို ကိုင်တွယ်လိုခြင်းမရှိဘဲ ပြင်သစ်လက်ရွေးစင်အသင်း (သို့မဟုတ်) ပြင်သစ်ကလပ် PSG အသင်းကိုသာ ကိုင်တွယ်လိုနေတာဖြစ်ပါတယ်။

စပိန်သတင်းစာ Marca ကတော့ PSG အသင်းသားတွေဟာ အသင်းရဲ့အဝတ်လဲခန်းထဲကို ဇီဒန်း ရောက်ရှိလာဖို့ မျှော်လင့်နေကြပြီလို့ ဖော်ပြထားပါတယ်။ဒါ့အပြင် PSG အသင်းရဲ့ ကစားသမားတွေဟာ လက်ရှိနည်းပြ ပိုချက်တီနိုရဲ့ နေရာကို ‌ဇီဒန်း ဝင်ရောက်ကိုင်တွယ်ဖို့ ဆွေးနွေးနေကြတယ်လို့လည်း ‌ဖော်ပြခဲ့ပါတယ်။

Manchester Evening News က ဖော်ပြမှုအရတော့ ပိုချက်တီနိုဟာ မန်ယူအသင်းကို ပြောင်းရွှေ့နည်းပြဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရပါတယ်။

သတင်းဖော်ပြမှုတွေအရတော့ ပိုချက်တီနိုဟာ PSG အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး လွန်ခဲ့သော ဇန်နဝါရီလကတည်းက ‌ဟော်တယ်မှာပဲ တည်းခိုနေထိုင်နေတာဖြစ်ပါတယ်။၎င်းရဲ့ မိသားစုကတော့ လန်ဒန်မြို့မှာ နေထိုင်နေဆဲဖြစ်ပါတယ်။

လာမည့် ရက်သတ္တပတ်အတွင်းမှာ မန်ယူအသင်းအနေနဲ့ ပွဲကြပ်များ ကစားရဖို့ရှိနေပြီး၊ အဆိုပါပွဲစဉ်တွေမှာ ရလဒ်မကောင်းပါက နည်းပြသစ်တစ်ဦးကို လျှင်လျှင်မြန်မြန်ပဲ ခန့်အပ်သွားဖွယ်ရှိနေပါတယ်။

PSG အသင်းဘက်ကလည်း ဥရောပမှာ အောင်မြင်မှုများရရှိရန် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ် သုံးကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ပြင်သစ်သားနည်းပြ ဇီဒန်း ကို နည်းပြအဖြစ်ခန့်အပ်ရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။

Linko
ပဲရစ်၊ နိုဝင်ဘာ - ၂၃