【 အားကစား 】 ပေါက်ကြားလာခဲ့တဲ့ ဓာတ်ပုံတွေမှာ သားကောင်ဖြစ်ခဲ့ရတယ်လို့ ရွန်းနီ ဆို

【 အားကစား 】 ပေါက်ကြားလာခဲ့တဲ့ ဓာတ်ပုံတွေမှာ သားကောင်ဖြစ်ခဲ့ရတယ်လို့ ရွန်းနီ ဆို

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး လက်ရှိ ဒါဘီကောင်တီအသင်း နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဝိန်းရွန်းနီဟာ လူမှုကွန်ယက်ပေါ် ပျံနှံ့လာခဲ့တဲ့ ဓာတ်ပုံတွေကြောင့် အရှက်တကွဲဖြစ်ခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာခဲ့တဲ့ ဓာတ်ပုံတွေအရ ရွန်းနီဟာ ဟော်တယ်အခန်းတစ်ခုအတွင်း အိပ်ပျော်နေခဲ့ပြီး နံဘေးမှာတော့ မလုံမခြုံဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တွေ ဝန်းရံနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ယခုတော့ ရွန်းနီမှ အဆိုပါဓာတ်ပုံတွေကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်ပါပြီ။

ဒါဘီအသင်းက ရီးရဲလ်ဘက်တစ်အသင်းကို ၁-၀ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစွမ်းပွဲအပြီးမှာ ရွန်းနီ က "ကျနော်အမှားလုပ်မိခဲ့ပါတယ်၊ ကျနော်ဟာ ကျနော့ရဲ့ သူငယ်ချင်းနှစ်ဦးနဲ့အတူ သီးသန့်ပါတီပွဲလေး လုပ်ခဲ့တာပါ" လို့ Sky Sports သို့ ပြောကြားခဲ့ပါတယ်။

"လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအတွက် ကျနော့ရဲ့မိသားစုကိုရော၊ ကလပ်‌အသင်းကိုရော ကျနော်တောင်းပန်ပါတယ်" လို့ ရွန်းနီမှ ပြောကြားခဲ့ပါတယ်။

"ဒီကိစ္စကိုထားခဲ့ပြီး ကျနော်ရှေ့ဆက်သွားချင်ပါတယ်၊ ဒါဘီကောင်တီအသင်းက ကျနော့ကို နည်းပြအဖြစ် တလေးတစားနဲ့ ပြန်လာခွင့်ပြုခဲ့တဲ့ အခွင့်အရေးအတွက်လည်း ကျေးဇူးတင်ပါတယ်" လို့ ရွန်းနီ က ပြောကြားခဲ့ပါသေးတယ်။

ရွန်းနီ ကို မင်းဟာ သားကောင်ဖြစ်ခဲ့တယ်လို့ ခံစားခဲ့ရလားလို့ မေးမြန်းတဲ့အခါမှာ "သေချာတာပေါ့၊ ကျနော်အဲ့ထဲကို မသွားချင်ခဲ့တာ သေချာပါတယ်" လို့ ရွန်းနီ က ပြန်လည်ဖြေကြားခဲ့ပြီး၊ "နားထောင် ကျနော် ဒါကိုဖြေရှင်းပြီးပြီ၊ ကျနော်ရှေ့ဆက်သွားမယ် လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲအတွက် ကျနော်အာရုံစိုက်ထားတယ်" လို့ ရွန်းနီ က ဆက်လက်ပြောကြားခဲ့ပါတယ်။

ရွန်းနီရဲ့ ဇနီးဖြစ်သူ ကောလင်းကတော့ ရွန်းနီဘက်က အပြည့်အဝရပ်တည်နေတယ်လို့ သတင်းတွေကဆိုထားပြီး သူမကလည်း ရွန်းနီဟာ သားကောင်ဖြစ်ခဲ့ရတယ်လို့ ယုံကြည်ထားပါတယ်။

Linko
ဒါဘီရှိုင်းယား၊ ဇူလိုင် - ၂၉