【 အားကစား 】 ဖလားတစ်လုံးအတွက် အရှိန်တက်နေတဲ့ မန်ယူကို ဒုက္ခပေးမယ့် ဝုဗ်

【 အားကစား 】 ဖလားတစ်လုံးအတွက် အရှိန်တက်နေတဲ့ မန်ယူကို ဒုက္ခပေးမယ့် ဝုဗ်

ယနေ့ည၂ နာရီခွဲမှာ အင်္ဂလန် FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဝုဗ်ဗာဟမ်တန်အသင်းနဲ့ မန်ယူအသင်းတို့  ဝုဗ်ရဲ့ မိုလီနပ်စ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ အိမ်ရှင်အဖြစ်ကစားမယ့် ဝုဗ်ဗာလ်ဟမ်တန်အသင်းကတော့ ယခုနှစ်မှ ပရီးမီးယားလိဂ်ကို တက်လာတာဖြစ်ပေမယ့် နည်းပြ အက်စပင်တိုဆန်တို့စ် လက်ထဲမှာ ပထမဆုံး ထိပ်ဆုံး ၁၀ သင်းစာရင်းထဲ ဝင်နေသလို အသင်းကြီးတွေကို သူ့ကွင်းမှာ ဒုက္ခပေးလေ့ရှိတဲ့ အသင်းလည်းဖြစ်ပါတယ်။

ဝုဗ်အသင်း ကွင်းလယ်ကို ပေါ်တူဂီ ဝါရင့်ကွင်းလယ်လူ မော်တင်ဟို ဦးဆောင်နေပြီး နောက်တန်းက တောင့်တင်းတဲ့ စုဖွဲ့မှုကြောင့် ယခုရာသီမှာ ပွဲစဉ်ပေါင်း ၂၉ ပွဲကစားပြီးချိန်မှာ ၁၂  ပွဲနိုင်၊ ၈ ပွဲသရေ၊ ၁၀ ပွဲရှုံးနဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။မကြာခင်က ပွဲစဉ် ၂၉ အဖြစ် ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ သွားကစားခဲ့ရာမှာ မိနစ် ၉၀ အထိ တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်မှ ချေပဂိုးပေးခဲ့ရလို့ ၁ - ၁ နဲ့ သရေဖြစ်ခဲ့တာပါ။ပထမအကျော့မှာလည်း ၂-၁ နဲ့ ချယ်လ်ဆီးကို နိုင်ခဲ့တဲ့အတွက် ဝုဗ်ဗာဟမ်တန်အသင်း ခြေက နေ့တမျိုး ညတမျိုး ခြေတော့မဟုတ်ပါဘူး။

နည်းပြသစ်လက်ထက် ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲအရသာကို ပွဲစဉ် ၂၉ အဖြစ် လန်ဒန်မြေမှာ ဂန်းနားတွေ ကျွေးလိုက်တဲ့အတွက် ခါးသီးတဲ့ အရှုံးအရသာကို ဆိုးလ်ရှား သိသွားပါပြီ။ဒီအတွက် နောက်ထပ်အဝေးကွင်းပွဲစဉ်ဖြစ်တဲ့ ဝုဗ်နဲ့ ပွဲမှာ ထပ်မရှုံးဖို့ မန်ယူပြင်ဆင်လာမှာ အသေအချာပါဘဲ။ဒီရာသီ မန်ယူရနိုင်တဲ့ ဖလားနှစ်လုံးထဲက တစ်လုံးဖြစ်တဲ့ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားအနက် FA ဖလားတစ်လုံးကသာ မန်ယူအတွက် နီးစပ်နိုင်တဲ့အတွက်  ဒီဖလားလက်လွှတ်မယ်ဆိုရင် မန်ယူအတွက် ဖလားလက်မဲ့ ရာသီဖြစ်ဖို့ များသွားပါပြီ။ဒီအတွက် ဆိုလ်းရှား အဖြစ်ခံမယ် မထင်တဲ့အတွက် ဒီပွဲကို လူစုံထည့်သုံးဖို့ များပါတယ်။

မန်ယူ နောက်ဆုံးကစားခဲ့တဲ့  ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ကစားခဲ့ရာမှာ ၆ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။ဒီရာသီ မန်ယူ အဝေးကွင်းပွဲစဉ် ၁၆ ပွဲကစားခဲ့ရာမှာ ၉ ပွဲနိုင် ၂ ပွဲသရေ၊ ၅ ပွဲရှုံးထားပြီး ရဂိုး ၃၀ ဂိုး ပေးဂိုး၂၂ ဂိုးရှိထားပါတယ်။

 

ဒီနှစ်သင်းတွေ့ဆုံမှု နောက်ဆုံး ၄ ပွဲကို ပြန်ကြည့်မယ်ဆိုရင်  မန်ယူက ၃ ပွဲနိုင်ကာ တစ်ပွဲသရေကျထားပါတယ်။ဒါပေမယ့် ယခုရာသီ ပရီးမီးယားလိဂ် ပထမအကျော့အဖြစ် မန်ယူကွင်းမှာ ကစားစဉ် တစ်ဘက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

ဒီနှစ်သင်း FA ဖလား ဖြတ်သန်းမှုတွေကို ပြန်ကြည့်မယ်ဆိုရင် တတိယအဆင့်ကနေ နှစ်သင်းစလုံး စကစားရတာဖြစ်ပြီး ဝုဗ်က နာမည်ကြီး လီဗာပူးလ်ကို အိမ်ကွင်းမှာ ဂျာမီနက်ဇ်၊ ရူဘန်နီဗက်စ် တို့ ဂိုးတွေနဲ့ ၂ - ၁ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။စတုထ္တအဆင့်မှာ ဘရစ္စတိုးလ်ကို အဝေးကွင်းမှာ တစ်ဂိုး - ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်လာခဲ့တာပါ။

မန်ယူကတော့ တတိယအဆင့်မှာ ရီဒင်းကို မာတာ၊ လူကာကူ တို့ ပထမပိုင်းသွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ နှစ်ဂိုးပြတ် အနိုင်ရခဲ့တာပါ။စတုတ္ထအဆင့်မှာ ချယ်လ်ဆီးကို အဝေးကွင်းမှာ ပေါ့ဂ်ဘာ၊ ဟာရဲယား တို့ ပထမပိုင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီး ယခုအဆင့်ကို တက်လာခဲ့တာပါ။နှစ်သင်းစလုံး ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်လာရတာဖြစ်လို့ ယခုပွဲမှာ မန်ယူအတွက် ထပ်မံခက်ခဲတဲ့ ပွဲစဉ်တစ်ခုဖြစ်လာမှာ သေချာနေပါတယ်။အထူးသဖြင့် မန်ယူရှေ့တန်း လူထုတ်ပုံက အဖြေဖြစ်လာဖို့ များပါတယ်။

ယခုပွဲမှာထွက်လာတဲ့ ပွဲထွက်စာရင်းအရ ဝုဗ်ဗာလ်ဟမ်တန်အသင်းကတော့ ဂိုး - ပတ်ထရီကို၊ နောက်တန်း - ရိုမိန်းဆာစစ်၊ ကိုဒီ၊ ဝီလီဘွိုင်း၊ အလယ်တန်း - မတ်ဒေါ်သီ၊ ဂျွန်နီကတ်စထရို၊ မော်တင်ဟို၊ ရူဘင်နီဗက်ဇ်၊ ဒန်ဒွန်၊ ရှေ့တန်း - ဂျီမီနက်ဇ်၊ ဂျော့တာ တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊

မန်ယူအသင်းမှာတော့ ဂိုး - ဒီဂီယာ၊ နောက်တန်း - ဗလင်စီယာ၊ ရိုဂျို၊ ဖီးလ်ဂျူံး၊ ဒါလော့၊ အလယ်တန်း - မာတစ်၊ ပေါ့ဂ်ဘာ၊ ဟာရဲရား၊ ရှေ့တန်း - လင်ဂတ်၊ မာစီရယ်လ်၊ ရပ်ရှ်ဖိုဒ့် တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

ထုံးစံအတိုင်း ဘွတ်ကီဒိုင်တွေက လူကြိုက်များတဲ့ မန်ယူဘက်ကနေ တစ်လုံး ပြား ၉၀ အနိုင်ပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ပြား ၇၀ အနိုင်ပေးထားပါတယ်။

အစဉ်အလာအရ မန်ယူသာတယ်ဆိုပေမယ့် ကစားပုံကောင်းပြီး နောက်တန်းကစားတာကောင်းတဲ့ ဝုဗ်ကြောင့် ဒီပွဲကို အိမ်ရှင်အသင်းနဲ့ ဂိုးအများကိုဘဲ အားပေးသင့်ပါကြောင်း......။

KON (SPORT)
မတ် - ၁၆

( Zawgyi )

ယေန႔ည၂ နာရီခြဲမွာ အဂၤလန္ FA ဖလား ကြာတားဖိုင္နယ္ ပြဲစဥ္အျဖစ္ ဝုဗ္ဗာဟမ္တန္အသင္းနဲ႔ မန္ယူအသင္းတို႔  ဝုဗ္ရဲ႕ မိုလီနပ္စ္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

ဒီပြဲမွာ အိမ္ရွင္အျဖစ္ကစားမယ့္ ဝုဗ္ဗာလ္ဟမ္တန္အသင္းကေတာ့ ယခုႏွစ္မွ ပရီးမီးယားလိဂ္ကို တက္လာတာျဖစ္ေပမယ့္ နည္းျပ အက္စပင္တိုဆန္တို႔စ္ လက္ထဲမွာ ပထမဆုံး ထိပ္ဆုံး ၁၀ သင္းစာရင္းထဲ ဝင္ေနသလို အသင္းႀကီးေတြကို သူ႔ကြင္းမွာ ဒုကၡေပးေလ့ရွိတဲ့ အသင္းလည္းျဖစ္ပါတယ္။

ဝုဗ္အသင္း ကြင္းလယ္ကို ေပၚတူဂီ ဝါရင့္ကြင္းလယ္လူ ေမာ္တင္ဟို ဦးေဆာင္ေနၿပီး ေနာက္တန္းက ေတာင့္တင္းတဲ့ စုဖြဲ႕မႈေၾကာင့္ ယခုရာသီမွာ ပြဲစဥ္ေပါင္း ၂၉ ပြဲကစားၿပီးခ်ိန္မွာ ၁၂  ပြဲႏိုင္၊ ၈ ပြဲသေရ၊ ၁၀ ပြဲရႈံးနဲ႔ အဆင့္ ၇ ေနရာမွာ ရွိေနပါတယ္။မၾကာခင္က ပြဲစဥ္ ၂၉ အျဖစ္ ခ်ယ္လ္ဆီးအသင္းကို အေဝးကြင္းမွာ သြားကစားခဲ့ရာမွာ မိနစ္ ၉၀ အထိ တစ္ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီး ေနာက္ဆုံးမိနစ္မွ ေခ်ပဂိုးေပးခဲ့ရလို႔ ၁ - ၁ နဲ႔ သေရျဖစ္ခဲ့တာပါ။ပထမအေက်ာ့မွာလည္း ၂-၁ နဲ႔ ခ်ယ္လ္ဆီးကို ႏိုင္ခဲ့တဲ့အတြက္ ဝုဗ္ဗာဟမ္တန္အသင္း ေျခက ေန႔တမ်ိဳး ညတမ်ိဳး ေျခေတာ့မဟုတ္ပါဘူး။

နည္းျပသစ္လက္ထက္ ပရီးမီးယားလိဂ္မွာ ပထမဆုံး ရႈံးပြဲအရသာကို ပြဲစဥ္ ၂၉ အျဖစ္ လန္ဒန္ေျမမွာ ဂန္းနားေတြ ေကြၽးလိုက္တဲ့အတြက္ ခါးသီးတဲ့ အရႈံးအရသာကို ဆိုးလ္ရွား သိသြားပါၿပီ။ဒီအတြက္ ေနာက္ထပ္အေဝးကြင္းပြဲစဥ္ျဖစ္တဲ့ ဝုဗ္နဲ႔ ပြဲမွာ ထပ္မရႈံးဖို႔ မန္ယူျပင္ဆင္လာမွာ အေသအခ်ာပါဘဲ။ဒီရာသီ မန္ယူရႏိုင္တဲ့ ဖလားႏွစ္လုံးထဲက တစ္လုံးျဖစ္တဲ့ FA ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားအနက္ FA ဖလားတစ္လုံးကသာ မန္ယူအတြက္ နီးစပ္ႏိုင္တဲ့အတြက္  ဒီဖလားလက္လႊတ္မယ္ဆိုရင္ မန္ယူအတြက္ ဖလားလက္မဲ့ ရာသီျဖစ္ဖို႔ မ်ားသြားပါၿပီ။ဒီအတြက္ ဆိုလ္းရွား အျဖစ္ခံမယ္ မထင္တဲ့အတြက္ ဒီပြဲကို လူစုံထည့္သုံးဖို႔ မ်ားပါတယ္။

မန္ယူ ေနာက္ဆုံးကစားခဲ့တဲ့  ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ ကစားခဲ့ရာမွာ ၆ ပြဲႏိုင္ ၂ ပြဲသေရ ၂ ပြဲရႈံးထားပါတယ္။ဒီရာသီ မန္ယူ အေဝးကြင္းပြဲစဥ္ ၁၆ ပြဲကစားခဲ့ရာမွာ ၉ ပြဲႏိုင္ ၂ ပြဲသေရ၊ ၅ ပြဲရႈံးထားၿပီး ရဂိုး ၃၀ ဂိုး ေပးဂိုး၂၂ ဂိုးရွိထားပါတယ္။

ဒီႏွစ္သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၄ ပြဲကို ျပန္ၾကည့္မယ္ဆိုရင္  မန္ယူက ၃ ပြဲႏိုင္ကာ တစ္ပြဲသေရက်ထားပါတယ္။ဒါေပမယ့္ ယခုရာသီ ပရီးမီးယားလိဂ္ ပထမအေက်ာ့အျဖစ္ မန္ယူကြင္းမွာ ကစားစဥ္ တစ္ဘက္တစ္ဂိုးစီနဲ႔ သေရက်ခဲ့ပါတယ္။

ဒီႏွစ္သင္း FA ဖလား ျဖတ္သန္းမႈေတြကို ျပန္ၾကည့္မယ္ဆိုရင္ တတိယအဆင့္ကေန ႏွစ္သင္းစလုံး စကစားရတာျဖစ္ၿပီး ဝုဗ္က နာမည္ႀကီး လီဗာပူးလ္ကို အိမ္ကြင္းမွာ ဂ်ာမီနက္ဇ္၊ ႐ူဘန္နီဗက္စ္ တို႔ ဂိုးေတြနဲ႔ ၂ - ၁ ရလဒ္နဲ႔ အႏိုင္ရခဲ့တာပါ။စတုထၱအဆင့္မွာ ဘရစၥတိုးလ္ကို အေဝးကြင္းမွာ တစ္ဂိုး - ဂိုးမရွိနဲ႔ အႏိုင္ယူခဲ့ၿပီး ကြာတားဖိုင္နယ္ကို တက္လာခဲ့တာပါ။

မန္ယူကေတာ့ တတိယအဆင့္မွာ ရီဒင္းကို မာတာ၊ လူကာကူ တို႔ ပထမပိုင္းသြင္းဂိုးေတြနဲ႔ အိမ္ကြင္းမွာ ႏွစ္ဂိုးျပတ္ အႏိုင္ရခဲ့တာပါ။စတုတၳအဆင့္မွာ ခ်ယ္လ္ဆီးကို အေဝးကြင္းမွာ ေပါ့ဂ္ဘာ၊ ဟာရဲယား တို႔ ပထမပိုင္းဂိုးေတြနဲ႔ ႏွစ္ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ယခုအဆင့္ကို တက္လာခဲ့တာပါ။ႏွစ္သင္းစလုံး ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္လာရတာျဖစ္လို႔ ယခုပြဲမွာ မန္ယူအတြက္ ထပ္မံခက္ခဲတဲ့ ပြဲစဥ္တစ္ခုျဖစ္လာမွာ ေသခ်ာေနပါတယ္။အထူးသျဖင့္ မန္ယူေရွ႕တန္း လူထုတ္ပုံက အေျဖျဖစ္လာဖို႔ မ်ားပါတယ္။

ယခုပြဲမွာထြက္လာတဲ့ ပြဲထြက္စာရင္းအရ ဝုဗ္ဗာလ္ဟမ္တန္အသင္းကေတာ့ ဂိုး - ပတ္ထရီကို၊ ေနာက္တန္း - ႐ိုမိန္းဆာစစ္၊ ကိုဒီ၊ ဝီလီဘြိဳင္း၊ အလယ္တန္း - မတ္ေဒၚသီ၊ ဂြၽန္နီကတ္စထ႐ို၊ ေမာ္တင္ဟို၊ ႐ူဘင္နီဗက္ဇ္၊ ဒန္ဒြန္၊ ေရွ႕တန္း - ဂ်ီမီနက္ဇ္၊ ေဂ်ာ့တာ တို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး၊

မန္ယူအသင္းမွာေတာ့ ဂိုး - ဒီဂီယာ၊ ေနာက္တန္း - ဗလင္စီယာ၊ ႐ိုဂ်ိဳ၊ ဖီးလ္ဂ်ဴံး၊ ဒါေလာ့၊ အလယ္တန္း - မာတစ္၊ ေပါ့ဂ္ဘာ၊ ဟာရဲရား၊ ေရွ႕တန္း - လင္ဂတ္၊ မာစီရယ္လ္၊ ရပ္ရွ္ဖိုဒ့္ တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားေနပါတယ္။

ထုံးစံအတိုင္း ဘြတ္ကီဒိုင္ေတြက လူႀကိဳက္မ်ားတဲ့ မန္ယူဘက္ကေန တစ္လုံး ျပား ၉၀ အႏိုင္ေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ျပား ၇၀ အႏိုင္ေပးထားပါတယ္။

အစဥ္အလာအရ မန္ယူသာတယ္ဆိုေပမယ့္ ကစားပုံေကာင္းၿပီး ေနာက္တန္းကစားတာေကာင္းတဲ့ ဝုဗ္ေၾကာင့္ ဒီပြဲကို အိမ္ရွင္အသင္းနဲ႔ ဂိုးအမ်ားကိုဘဲ အားေပးသင့္ပါေၾကာင္း......။

KON (SPORT)
မတ္ - ၁၆