【 အားကစား 】 ဖလားတစ်လုံးအတွက် အိမ်ကွင်းမှာ စပါးကို အနိုင်ယူမယ့် ချယ်လ်ဆီး

【 အားကစား 】 ဖလားတစ်လုံးအတွက် အိမ်ကွင်းမှာ စပါးကို အနိုင်ယူမယ့် ချယ်လ်ဆီး  

ယခုရာသီမှာ တာစထွက်တုန်းက ခြေစွမ်းကောင်းတွေ ပြခဲ့ပေမယ့် ပွဲစဉ် ၂၀ ကျော်လာတဲ့အချိန်မှာ အမှန်တကယ်ရနိုင်စရာ ဖလားက FA နဲ့ ကာရာဘောင်းဖလားတွေဘဲ ရှိတဲ့အတွက် ဒီနှစ်သင်းစလုံး လက်တကမ်းအကွာက ဖလားတစ်လုံးကို အလေးထားနေတာ တွေ့နေရပါတယ်။

ကာလင်းဖလားကို အမည်ပြောင်းထားတဲ့ ကာရာဘောင်းဖလားပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲ ဒုတိယအကျော့အဖြစ် ကစားနေရာမှာ တစ်ဖက်က မန်စီးတီးအသင်း ဗိုလ်လုပွဲတက်လာပြီ ဖြစ်တဲ့အတွက် ဒီဘက်ကနေ ပထမအကျော့က အနိုင်ရထားတဲ့ စပါးအသင်းက ဗိုလ်လုပွဲတက်လာမလား၊ ချယ်လ်ဆီးအသင်းက စပါးအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်လာမလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

ပထမအကျော့ စပါးအသင်း ကွင်းမှာ ကစားခဲ့စဉ်က အိမ်ရှင် စပါးအသင်းကို ခြေအသာ ဂိုးကန်သွင်းခွင့်အသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ ပထမပိုင်း ၂၆ မိနစ်မှာ သွင်းယူတဲ့ တစ်လုံးတည်းသောဂိုးကို ပြန်မချေပနိုင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ဒီပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက ၅၈ ရာခိုင်နူန်းထိ ရှိခဲ့ပြီး ဘောလုံးပေးပို့မှု စပါးက မိနစ် ၉၀ အတွင်း ၄၆၈ ကြိမ်ရှိခဲ့ရာမှာ ချယ်လ်ဆီးက ၆၃၇ ကြိမ်ထိ ရှိခဲ့ပြီး တိကျမှုမှာလည်း စပါးထက် ၅ ရာခိုင်နူန်းပိုကာ ၈၇ ရာခိုင်နူန်းထိ ရှိခဲ့တာပါ။အဲဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားတွေကို ပွဲထုတ်ခဲ့ကြပါတယ်။ဒီပွဲမှာ စပါးဘက်က ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ဒယ်လီအလီ၊ အဲရစ်ဆင်၊ ဆစ်ဆိုကို၊ အန်ဒါဝီရယ် တို့လို ကစားသမားတွေနဲ့  ပွဲထွက်လာခဲ့သလို ချယ်လ်ဆီးကလည်း လူငယ်တိုက်စစ်မှူး အိုဒီ ကို ဝီလျံ၊ ဟာဇက် တို့နဲ့ တွဲပြီးပွဲထုတ်ခဲ့ကာ အလယ်တန်းက ဘာကလေ၊ ဂျော်ဂျင်ဟို၊ ကန်တေ တို့နဲ့ ပွဲထွက်ခဲ့တာပါ။

ယခု ဒုတိယအကျော့မှာ ချယ်လ်ဆီးကွင်း လာကစားရမယ့် စပါးအသင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်း က မန်ယူနဲ့ပွဲမှာ ထိသွားလို့  မတ်လအထိ နားရဖို့ရှိပြီး ဆစ်ဆိုကို ကလည်း ဒဏ်ရာ၊ ဆွန်ဟောင်မင် က အာရှဖလား ပွဲကစားနေသလို လူးကပ်စ်မော်ရာ ကလည်း ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရလို့ သက်ကြီးတိုက်စစ်မှူး လော်ရန်တေး တစ်ယောက်သာ ရှိနေလို့ စပါးအသင်း ချယ်လ်ဆီးကွင်းမှာ သေချာပေါက်ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားဖို့ သေချာနေပါတယ်။

အိမ်ရှင် ချယ်လ်ဆီးအသင်းကတော့ အဓိကတိုက်စစ်မှူး ပြဿနာကြောင့် နာပိုလီမှာ တွဲခဲ့တဲ့ ဟီဂူအင် ကို နည်းပြ ဆာရီ က ခေါ်ယူခဲ့ပေမယ့် ချက်ခြင်းအသုံးပြုနိုင်ဖို့ ခက်ခဲနေနိုင်ပြီး ထုံးစံအတိုင်း ဝီလျံ၊ ဟာဇက်၊ ပက်ဒရို တို့နဲ့သာ ပွဲထွက်လာဖို့ များနေပါတယ်။

ဒီပွဲမှာ စပါးနဲ့ ချယ်လ်ဆီး တိုက်စစ်ခြင်း၊ ကွင်းလယ်ခြင်း၊ ခံစစ်ခြင်း စတဲ့ နေရာစုံမှာ သိပ်မကွာဘူး ထင်ရပေမယ့် အထူးသဖြင့် ချယ်လ်ဆီး ကွင်းလယ်နဲ့ နောက်တန်းက ဟယ်ရီကိန်း မပါတဲ့ စပါးရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်မှာဖြစ်လို့ ချယ်လ်ဆီး အနိုင်သေချာနေပါတယ်။

ချယ်လ်ဆီးနဲ့ စပါးအသင်းတို့  ချယ်လ်ဆီး အိမ်ကွင်းမှာ နောက်ဆုံးတွေ့ဆုံမှု ၄ ပွဲမှာ ချယ်လ်ဆီးက နှစ်ပွဲနိုင်ကာ စပါးက ၁ ပွဲနိုင်ပြီး ၁ ပွဲသရေကျခဲ့ပါတယ်။ချယ်လ်ဆီး ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ချယ်လ်ဆီးကို စပါးက ၃-၁ နဲ့ အနိုင်ယူထားခဲ့ပါတယ်။

 

ဒီပွဲကို ဘွက်ကီဒိုင်တွေက ချယ်လ်ဆီးဘက်ကနေ တစ်လုံး ပြား ၆၀ အနိုင် အကျောပေးထားပြီး ဂိုးပေါင်းကတော့ နှစ်သင်းပေါင်း သုံးလုံး ၈၅ ပြား အနိုင် ကြေးပေါက်နေတဲ့အတွက် လူမစုံတဲ့ စပါးထက် ပြီးခဲ့တဲ့ ပထမအကျော့မှာရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်ရမယ့် အိမ်ရှင် ချယ်လ်ဆီးကို ပိုအကြိုက်တွေ့မိပါကြောင်း…….။

KON (SPORT)
ဇန်နဝါရီ - ၂၄

( Zawgyi )

ယခုရာသီမွာ တာစထြက္တုန္းက ေျခစြမ္းေကာင္းေတြ ျပခဲ့ေပမယ့္ ပြဲစဥ္ ၂၀ ေက်ာ္လာတဲ့အခ်ိန္မွာ အမွန္တကယ္ရႏိုင္စရာ ဖလားက FA နဲ႔ ကာရာေဘာင္းဖလားေတြဘဲ ရွိတဲ့အတြက္ ဒီႏွစ္သင္းစလုံး လက္တကမ္းအကြာက ဖလားတစ္လုံးကို အေလးထားေနတာ ေတြ႕ေနရပါတယ္။

ကာလင္းဖလားကို အမည္ေျပာင္းထားတဲ့ ကာရာေဘာင္းဖလားပြဲရဲ႕ ဆီမီးဖိုင္နယ္ပြဲ ဒုတိယအေက်ာ့အျဖစ္ ကစားေနရာမွာ တစ္ဖက္က မန္စီးတီးအသင္း ဗိုလ္လုပြဲတက္လာၿပီ ျဖစ္တဲ့အတြက္ ဒီဘက္ကေန ပထမအေက်ာ့က အႏိုင္ရထားတဲ့ စပါးအသင္းက ဗိုလ္လုပြဲတက္လာမလား၊ ခ်ယ္လ္ဆီးအသင္းက စပါးအသင္းကို ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲတက္လာမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနပါတယ္။

ပထမအေက်ာ့ စပါးအသင္း ကြင္းမွာ ကစားခဲ့စဥ္က အိမ္ရွင္ စပါးအသင္းကို ေျခအသာ ဂိုးကန္သြင္းခြင့္အသာ၊ ေဘာလုံးပိုင္ဆိုင္မႈ အသာနဲ႔ ကစားခဲ့ေပမယ့္ စပါးတိုက္စစ္မႉး ဟယ္ရီကိန္း ရဲ႕ ပထမပိုင္း ၂၆ မိနစ္မွာ သြင္းယူတဲ့ တစ္လုံးတည္းေသာဂိုးကို ျပန္မေခ်ပႏိုင္ဘဲ ရႈံးနိမ့္ခဲ့ရပါတယ္။ဒီပြဲမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ေဘာလုံးပိုင္ဆိုင္မႈက ၅၈ ရာခိုင္ႏူန္းထိ ရွိခဲ့ၿပီး ေဘာလုံးေပးပို႔မႈ စပါးက မိနစ္ ၉၀ အတြင္း ၄၆၈ ႀကိမ္ရွိခဲ့ရာမွာ ခ်ယ္လ္ဆီးက ၆၃၇ ႀကိမ္ထိ ရွိခဲ့ၿပီး တိက်မႈမွာလည္း စပါးထက္ ၅ ရာခိုင္ႏူန္းပိုကာ ၈၇ ရာခိုင္ႏူန္းထိ ရွိခဲ့တာပါ။အဲဒီပြဲမွာ ႏွစ္သင္းစလုံး အဓိက ကစားသမားေတြကို ပြဲထုတ္ခဲ့ၾကပါတယ္။ဒီပြဲမွာ စပါးဘက္က ဟယ္ရီကိန္း၊ ဆြန္ေဟာင္မင္၊ ဒယ္လီအလီ၊ အဲရစ္ဆင္၊ ဆစ္ဆိုကို၊ အန္ဒါဝီရယ္ တို႔လို ကစားသမားေတြနဲ႔  ပြဲထြက္လာခဲ့သလို ခ်ယ္လ္ဆီးကလည္း လူငယ္တိုက္စစ္မႉး အိုဒီ ကို ဝီလ်ံ၊ ဟာဇက္ တို႔နဲ႔ တြဲၿပီးပြဲထုတ္ခဲ့ကာ အလယ္တန္းက ဘာကေလ၊ ေဂ်ာ္ဂ်င္ဟို၊ ကန္ေတ တို႔နဲ႔ ပြဲထြက္ခဲ့တာပါ။

ယခု ဒုတိယအေက်ာ့မွာ ခ်ယ္လ္ဆီးကြင္း လာကစားရမယ့္ စပါးအသင္းမွာ တိုက္စစ္မႉး ဟယ္ရီကိန္း က မန္ယူနဲ႔ပြဲမွာ ထိသြားလို႔  မတ္လအထိ နားရဖို႔ရွိၿပီး ဆစ္ဆိုကို ကလည္း ဒဏ္ရာ၊ ဆြန္ေဟာင္မင္ က အာရွဖလား ပြဲကစားေနသလို လူးကပ္စ္ေမာ္ရာ ကလည္း ဒဏ္ရာျပႆနာနဲ႔ ႐ုန္းကန္ေနရလို႔ သက္ႀကီးတိုက္စစ္မႉး ေလာ္ရန္ေတး တစ္ေယာက္သာ ရွိေနလို႔ စပါးအသင္း ခ်ယ္လ္ဆီးကြင္းမွာ ေသခ်ာေပါက္ပိတ္ဆို႔ၿပီး တန္ျပန္တိုက္စစ္နဲ႔ ကစားဖို႔ ေသခ်ာေနပါတယ္။

အိမ္ရွင္ ခ်ယ္လ္ဆီးအသင္းကေတာ့ အဓိကတိုက္စစ္မႉး ျပႆနာေၾကာင့္ နာပိုလီမွာ တြဲခဲ့တဲ့ ဟီဂူအင္ ကို နည္းျပ ဆာရီ က ေခၚယူခဲ့ေပမယ့္ ခ်က္ျခင္းအသုံးျပဳႏိုင္ဖို႔ ခက္ခဲေနႏိုင္ၿပီး ထုံးစံအတိုင္း ဝီလ်ံ၊ ဟာဇက္၊ ပက္ဒ႐ို တို႔နဲ႔သာ ပြဲထြက္လာဖို႔ မ်ားေနပါတယ္။

ဒီပြဲမွာ စပါးနဲ႔ ခ်ယ္လ္ဆီး တိုက္စစ္ျခင္း၊ ကြင္းလယ္ျခင္း၊ ခံစစ္ျခင္း စတဲ့ ေနရာစုံမွာ သိပ္မကြာဘူး ထင္ရေပမယ့္ အထူးသျဖင့္ ခ်ယ္လ္ဆီး ကြင္းလယ္နဲ႔ ေနာက္တန္းက ဟယ္ရီကိန္း မပါတဲ့ စပါးရဲ႕ တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္လို႔ ခ်ယ္လ္ဆီး အႏိုင္ေသခ်ာေနပါတယ္။

ခ်ယ္လ္ဆီးနဲ႔ စပါးအသင္းတို႔  ခ်ယ္လ္ဆီး အိမ္ကြင္းမွာ ေနာက္ဆုံးေတြ႕ဆုံမႈ ၄ ပြဲမွာ ခ်ယ္လ္ဆီးက ႏွစ္ပြဲႏိုင္ကာ စပါးက ၁ ပြဲႏိုင္ၿပီး ၁ ပြဲသေရက်ခဲ့ပါတယ္။ခ်ယ္လ္ဆီး ကြင္းမွာ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲမွာ ခ်ယ္လ္ဆီးကို စပါးက ၃-၁ နဲ႔ အႏိုင္ယူထားခဲ့ပါတယ္။

ဒီပြဲကို ဘြက္ကီဒိုင္ေတြက ခ်ယ္လ္ဆီးဘက္ကေန တစ္လုံး ျပား ၆၀ အႏိုင္ အေက်ာေပးထားၿပီး ဂိုးေပါင္းကေတာ့ ႏွစ္သင္းေပါင္း သုံးလုံး ၈၅ ျပား အႏိုင္ ေၾကးေပါက္ေနတဲ့အတြက္ လူမစုံတဲ့ စပါးထက္ ၿပီးခဲ့တဲ့ ပထမအေက်ာ့မွာရႈံးခဲ့တဲ့ ရႈံးေႂကြးကို ျပန္ဆပ္ရမယ့္ အိမ္ရွင္ ခ်ယ္လ္ဆီးကို ပိုအႀကိဳက္ေတြ႕မိပါေၾကာင္း…….။

KON (SPORT)
ဇန္နဝါရီ - ၂၄