【 အားကစား 】 ဘာစီလိုနာ နည်းပြသစ်အဖြစ် ဇာဗီ ကို ခန့်အပ်ပြီ

【 အားကစား 】 ဘာစီလိုနာ နည်းပြသစ်အဖြစ် ဇာဗီ ကို ခန့်အပ်ပြီ

နည်းပြ ကိုးမန်း ကို ထုတ်ပယ်အပြီး လစ်လပ်နေတဲ့ နည်းပြရာထူးတာဝန်ကို ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဗီ ဟာနန်ဒက်ဇ်အား ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတ
ယ်။
 
ဘာစီလိုနာအသင်းဟာ ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း ဂန္တဝင်ကစားသမား ဇီဒန်း ကို ခန့်အပ်ခဲ့သကဲ့သို့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဗီ ကို ခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။
 
ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်မလာမီ အယ်လ်ဆတ်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး အယ်လ်ဆတ်အသင်းကို ဘာစီလိုနာအသင်းရဲ့ ကမ္ဘာကျော် (tiki taka) (pass and move) ကစားကွက်ကို ဖော်ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။လက်ရှိ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့ပြီဖြစ်တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ ပျောက်ဆုံးနေတဲ့ (tiki taka) ကစားကွက်ကို ပြန်လည်ဖော်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
"ဇာဗီ ဟာနန်ဒက်ဇ် ကို လက်ရှိဘောလုံးရာသီနဲ့ နောက်ထပ် ဘောလုံးရာသီ ၂ ခုစာ နည်းပြအဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ" ဟု ဘာစီလိုနာအသင်းက တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
 
ဇာဗီဟာ မကြာမီမှာပဲ အယ်လ်ဆက်အသင်းကနေ ထွက်ခွာ‌လာတော့မှာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ နျူးကမ့်ကွင်းအတွင်း နည်းပြသစ်ခန့်အပ်ပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ခန့်အပ်ပွဲအပြီးမှာတော့ ဘာစီလိုနာအသင်း နည်းပြသစ် ဇာဗီဟာ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
 
ဇာဗီအနေနဲ့ အယ်လ်ဆက်အသင်းကို ဖလားအောင်မြင်မှုတွေရရှိအောင် ပြုလုပ်ပြီးနောက်မှာ ဥရောပဘောလုံးရပ်ဝန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ၊ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းလိုပဲ ဘာစီလိုနာမှာ ‌ဇာဗီ အောင်မြင်မှုတွေ စိုက်ထူနိုင်မလားဆိုတာကတော့ .... ။
 
Linko
ဘာစီလိုနာ၊ နိုဝင်ဘာ - ၆